Archive for 02/28/13

[သင့်ဘ၀မှာရှိထားသင့်တဲ့သူများ။]
*********************
သင့်ဘ၀မှာ အရာရာပြည့်စုံတဲ့သူရှိဖို့မလိုဘူး..။
သင့်ကို ချစ်မြတ်နိုးသူ၊
သင့်ကို ရိုသေလေးစားတတ်သူ၊
သင့်ကို ဂရုစိုက်တတ်သူ၊
သင့်ကို နာလည်းပေးနိုင်သူရှိဖို့ပဲလိုပါတယ်..။

လပြည့်ဝန်း [သာစည်]



အေးချမ်းမွန်မှ ဓမ္မလမ်းပြကြယ် တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

[သင့်ဘ၀မှာရှိထားသင့်တဲ့သူများ။]

Posted by : လက်တွဲဖော် 0 Comments
ကောင်မငယ်လေးအတွက်

(၁) သာယာချိုမြတဲ့ မက်ဆေ့လေးတွေရရင် ဖတ်ပါ၊ ပြုံးပါ ပြီးတော့ဖျက်ပစ်ပါ။

(၂) စိတ်တိုဒေါသထွက်ပြီဆိုရင် ၁ ကနေ ၃ဝ အထိရေပါ ပြီးမှ စကားပြောပါ။

(၃) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်နိုင်အောင် ကြိုးစားပါ။ တခြားသူပေးမှာကို မမျှော်ပါနဲ့။

(၄) သစ်သီးရည်နည်းနည်းသောက်ပါ အသီးများများစားပါ။ မုန့်ပဲသရေစာနည်းနည်းစားပါ ရေများများသောက်ပါ။
နည်းနည်းထိုင်ပါ များများရပ်ပါ။ နည်းနည်းတွေးပါ များများကြည့်ပါ။ နည်းနည်းပြောပါ များများလုပ်ပါ။

(၅) လူတစ်ယောက်တည်းကို (၂၄)နာရီလုံးလုံး သတိရမနေပါနဲ့၊ တွေးတောမနေပါနဲ့။ သင့်အချိန်တွေကို သင့်မိသားစု၊ သင့်သူငယ်ချင်းတွေကိုလည်း ဝေမျှပေးပါ။

(၆) ပိုက်ဆံရှိတဲ့ယောက်ျားကိုရတာနဲ့ အရာအားလုံးပြည့်စုံသွားမယ် မထင်နဲ့။ လောကမှာ ငယ်ရွယ်နုပျိုတဲ့မိန်းကလေးတွေ များလွန်းပါတယ်။ စင်ပေါ်တင်ထားတဲ့ ကိုကာကိုလာဗူးတွေလို သောက်ချင်တဲ့တစ်ဗူးကို သူတို့ကောက်သောက်သွားလိမ့်မယ်။

(၇) အထီးကျန်ချိန် သီချင်းဆွေးဆွေးတွေ နားမထောင်ပါနဲ့။ နေ့ရက်ဟောင်းကို တမ်းတတာ ဒါမှမဟုတ် အင်တာနက်ပေါ်မှာပဲ ချိတ်နေတာမျိုး မဖြစ်စေနဲ့။
အားကစားထလုပ်ပါ ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းကို သွားရှာပါ။

(၈) အလုပ်လုပ်ချိန် အာရုံစူးစိုက်ပြီး အလုပ်လုပ်ပါ။ အားလပ်ချိန် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေပါ။

(၉) နေရောက်ခြည်ကို ကာကွယ်သလို သင့်တင့်မျှတတဲ့ နေရောင်ခြည်ပက်ဖြန်းမှုလည်း ရှိပါစေ။ နေပူစာခံခြင်းနဲ့ ညှိုးမှိုင်နေတဲ့သင့်ခံစားချက်ကို
အလင်းပေးနိုင်ပါတယ်။

(၁ဝ) စာများများဖတ်ပါ။ အသိပညာနဲ့ အရသာခံနိုင်စွမ်းကို မြင့်တင်ပါ။

(၁၁) အမြင်ကွဲလွဲခွင့်၊ သဘောမတူညီခွင့်ရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ဘက်သားကို လေးစားပါ။

(၁၂) ဖုန်းပြောတဲ့အချိန်မှာ ပြုံးပြီးပြောပါ။ တစ်ဘက်သားမမြင်ပေမယ့် ခံစားနိုင်ပါတယ်။

(၁၃) ဘယ်သူ့ကြောင့်၊ ဘယ်အရာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုညှင်းဆဲတာမျိုး မလုပ်နဲ့။ ဥပမာ- ထမင်းမစားတာ၊ အခန်းအောင်တာ၊ ငိုယိုတာ၊ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာ... ဒါတွေက လူတုံးလူအတွေမှ လုပ်တာပါ။

(၁၄) အားလပ်ချိန်မှာ ရေနွေးကြမ်းတစ်ခွက် ကော်ဖီတစ်ခွက်ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ အစားအစာတွေ ချက်ပြုတ်စားတာပဲဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့ သီချင်း၊ စာအုပ်တစ်အုပ်နဲ့ဖြစ်ဖြစ် နေနိုင်ပါတယ်။ ပြီးတော့ နေ့လယ်နေ့ခင်း တရေးတမောအိပ်နိုင်ပါတယ်။

ညီမငယ်လေးများသိနားလည်နိုင်ပါစေ...♂♂♂


Admin:::ဖေလေး

ကောင်မငယ်လေးအတွက်

Posted by : လက်တွဲဖော် 0 Comments

အရမ်းကလေးဆန်ပြီး အရမ်းစိတ်ကောက်တတ်သည့် သူမကို ကျွန်တော်လွမ်းသည် ။

_ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နှုတ်ခမ်းမွှေးရေးတေးတေးလေးရှိသည့် သူမ နှုတ်ခမ်းဆူဆူလေးကိုလည်း ကျွန်တော်လွမ်းသည် ။

_ အရမ်းသဝန်တိုတတ်ပြီး ကျွန်တော့်ကိုဘယ်သူနဲ့မှစိတ်မချတတ်သော ကောင်မလေးတစ်ယောက်ကို ကျွန်တော်လွမ်းသည် ။

_ သူမရဲ့မုန့်ဖိုးလေးတွေကို အသည်းအသန်ခြစ်ကုတ်စုဆောင်းပြီး အမြဲတမ်း ကျွန်တော့်အတွက် လက်ဆောင်လေးတွေဝယ်လာပေးတတ်သော သူမလေးကို ကျွန်တော်လွမ်းသည် ။

_ လူတွေကြားထဲ သူမလက်လေးကိုဆွဲပြီးလမ်းလျှောက်ကြသည့်အခါ .. အပြင်ထွက်လည်ကြတိုင်း ကျွန်တော့်သူငယ်ချင်းတွေနှင့်သူမကိုအလေးအနက်ထားပြီးမိတ်ဆက်ပေးသည့်အခါ အရမ်းပျော်ရွှင်ကြည်နူးနေတတ်သော သူမကို ကျွန်တော်လွမ်းသည် ။

_ သူမလိုချင်တဲ့ပစ္စည်းလေးတွေ အရုပ်လေးတွေတွေ့တိုင်း သူမလောက်မချမ်းသာသည့်ကျွန်တော့်ကိုစဉ်းစားပေးပြီး ထိုအရုပ်လေးတွေကို ငေးရုံပဲငေးကြည့်နေတတ်သည့် သူမကိုကျွန်တော်လွမ်းသည် ။

_ အခြေအနေ အကြောင်းကြောင်းကြောင့် သူမနှင့်ကျွန်တော်ဝေးနေကြရသော်လည်း ကျွန်တော့်အပေါ် စိတ်မပျက်သွားဘဲ သစ္စာရှိရှိချစ်နေပေးသည့် သူမလေးကို ကျွန်တော် အမှန်တကယ်လွမ်းနေပါသည် ။ ။




{ မယ်ပိုး }
< Heart Canteen >

မိန်းကလေးတစ်ယောက်

Posted by : လက်တွဲဖော် 0 Comments

  1. ❥ နင်သိပါတယ် ...
    ငါနင့်ကို စိတ်ကောက်တဲ့အခါတိုင်း နင်စိတ်ညစ်မှာစိုးလို့ ငါပဲအမြဲပြန်ချော့ခဲ့တယ် ဆိုတာကို!!

    ❥ နင်သိပါတယ် ...
    အရာရာတိုင်းမှာ အနိုင်လိုချင်တဲ့ငါက နင်နဲ့ပတ်သက်ရင် အမြဲ အရှုံးပေးခဲ့တယ် ဆိုတာကို!!

    ❥ နင်သိပါတယ် ...
    နင်စိတ်ဆိုးပြီး ငါ့ကိုအော်တိုင်း ငါဝမ်းနည်းလွန်းလို့ ကလေးတစ်ယောက်လို ငိုကြွေးတတ်တယ် ဆိုတာကို!!

    ဒါပေမယ့် ....

    ❥ နင်မသိပါဘူး ...
    နင့်ဆီက ဂရုစိုက်မှုကို မျှော်လင့်မိတိုင်း ငါဘယ်လောက် နာကျင်ရတယ် ဆိုတာကို!!

    ❥ နင်မသိပါဘူး ...
    နင်ချော့တာခံချင်လို့ စိတ်ကောက်တိုင်း စိတ်မရှည်သလို အပြစ်တင်တတ်တဲ့ နင့်စကားတွေကြောင့် ငါဘယ်လောက် ခံစားရတယ် ဆိုတာကို!!

    ❥ နင်မသိပါဘူး ...
    ငါ့ခံစားချက်တွေကို ဥပေက္ခာပြုပြီး နင့်ကိုဆက်ချစ်နေရတာ ငါ့အတွက် ဘယ်လောက်ပင်ပန်းတယ် ဆိုတာကို!!


    ★ Thu Thu Lay ★

    ( Heart Canteen )

နင်သိပါတယ် ...

Posted by : လက်တွဲဖော် 0 Comments
ငါနင့်ကို ခဏခဏ အရမ်းလွမ်းတယ်လို့ 
ပြောနေတတ်တာ အပိုတွေလို့ နင်ထင်နေရင်
ရတယ်ထားလိုက်တော့ အဲ့တာ အပိုတွေလို့ 


ငါနင့်ကိုအရမ်းဂရုစိုက်နေတတ်တာက
အရမ်းကိုအဖြစ်သည်းတယ်လို့ နင်ထင်နေရင်
ရတယ်ထားလိုက်တော့ ငါအဖြစ်သည်းနေတာ


နင့်ကိုငါမဟုတ်တဲ့တစ်ခြားတစ်ယောက်
ပိုင်ဆိုင်သွားမှာဆိုးလို့ ငါနင့်ကိုပိုင်ဆိုင်ချင်တာက
အတ္တတွေပါဆိုရင် ရတယ်ထားလိုက်တော့
ငါနင့်အတွက်ဆို အရမ်း အတ္တကြီးတယ်


ဒါပေမဲ့ ငါအခုလိုအပိုတွေလုပ်နေတတ်တာ
အဖြစ်သည်းနေတတ်တာ..အတ္တကြီးနေတတ်တာတွေက
ငါနင့်ကိုအရမ်းချစ်လို့ ဆိုတာကိုတော့ ငါမပြောလဲ
နင်နားလည်နေတတ်ရမယ်နော် ချစ်သူ...........




khin myo aye

ခဏခဏ

Posted by : လက်တွဲဖော် 0 Comments

နင်ပြုံးလိုက်တဲ့ အပြုံးတွေကငါအတွက်အမြဲတမ်း တောက်ပနေခဲ့တယ်


♥ နင်ပြောလိုက်တဲ့ စကားလုံးတွေတိုင်း င့ါအတွက်ချိုမြိန်နေခဲ့တယ်


♥ နင့် ရဲ့ မျက်နှာလေးကငါ့အတွက်တော့အမြဲတမ်းနှစ်သက်ဖွယ်
ကောင်းနေခဲ့တယ်


♥ နင်ပေးလိုက်တဲ့ ဂရုစိုက်မှုတိုင်းက ငါ့ကိုအချိန်တိုင်းပျော်ရွှင်စေခဲ့တယ်


♥ နင့် ရဲ့ ရင်ခွင်လေးက ငါ့အတွက်အရမ်းကိုနွေးထွေးမှုတွေပေးနိုင်ခဲ့တယ်


♥ နင်က တစ်ခြားသူတွေအတွက် ဘာတွေပဲ ဖြစ်နေ ဖြစ်နေ
နင့်ကို အရမ်းချစ်နေတဲ့ ငါ့အတွက်တော့ ဘယ်အရာနဲ့ မှမလဲနိုင်တဲ့
တစ်ဦးတည်းသော ချစ်ရတဲ့သူတစ်ယောက်ပါ ချစ်သူရယ်..........







khin myo aye

ချစ်သူရယ်..

Posted by : လက်တွဲဖော် 0 Comments

  1. ချစ်လွန်းလို့  သ၀န်တိုတယ်ဆိုတာထက်
    ဆုံးရှုံးမှာ စိုးလို့  သ၀န်တိုတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်.....

    မုန်းသွားမှာစိုးလို့  စကားမာမာမပြောရဲတာထက်
    မျက်နှာညိုးမှာစိုးလို့  အရာရာ အလျော့ ပေးတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်......

    လမ်းခွဲသွားမှာစိုးလို့  တားမြစ်နေမိတာထက်
    ပိုချစ်နိုင်တဲ့ သူရှိမှာမဟုတ်ဘူးဆိုတာသိလို့ 
    တားဆီးနေမိတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်..


    တခါတလေ ငါနားလည်ပေးတဲ့ နင်က
    ငါနားမလည်နိုင်လောက်အောင်
    ပြဒါးသုတ်ထားတဲ့  မှန်ကိုပဲကြည့်တက်တာ ငါ သိပ်ရင်နာတယ်ချစ်သူရယ်.....

    ရင်တခုလုံးထိုးဖောက်မမြင်နိုင်ပဲနဲ့ တော့ 
    ချစ်သူနှစ်ဦးကြားက နားလည်မူ့ဆိုတဲ့ စကားလုံးကို
    ရုပ်တည်ကြီးနဲ့ တော့ 
    ငါ Dictionary ထဲမှာ ရှာမနေချင်တော့ ဘူးဟာ......

    လူတစ်ယောက်ကို ချစ်ရတာ ကမ္ဘာတပါတ် ပတ်ရသလို စိတ်မောရတဲ့ အထဲ
    လူတစ်ယောက်ကို နောက်ထပ်နားလည်ပေးနိုင်ဖို့ ဆိုရင်.....
    ငါရင်ခုန်သံတွေ အဲ့နေရာမှာပဲ ရပ်တန့် သွားနိုင်တယ်....

    (ပုံရိပ်စစ်)

ချစ်လွန်းလို့ 

Posted by : လက်တွဲဖော် 0 Comments
ယုံကြည်လို့ပေးပါ.....ချစ်သူ
++++++++++++++++
++++++++++++++++

ချစ်သူရေ ငါ့ရင်ခွင်က ထွက်သွား
နောက်တယောက်ရင်ခွင်မှာမင်းရောက်သွားရင်
ငါမင်းကို အပစ်မတင်ဘူး
ဆွဲဆောင်မှုညံ့ဖျင်းတဲ့ ငါ့ကိုယ်ငါဘဲ အပစ်တင်ပါ့မယ်.......
အလွမ်းတွေ ပြည့်နေတဲ့ ငါ့ရင်
မင်းကြောင့်နာကြင်နေရင်
တပါးသူရင်ခွင် ခိုဝင်နေတဲ့မင်းကို အပစ်မတင်
အချစ်ကြီးတဲ့ ငါ့ကိုယ်ငါသာ အပစ်တင်လိုက်ပါ့မယ်.........
မကြင်နာကာ ထားရစ်
ပြစ်သွားတဲ့ ချစ်သူကို
နာကြင်စွာနဲ့ နှလုံးသားမှာ
ဒဏ်ရာတွေရနေရင်တောင်
ဟိုးးးးးးးးးးအဝေး တနေရာက
ဆွေးဆွေးလေး လွမ်းလို့
ချစ်နေဦးမယ် ချစ်နေဆဲပါ
ဆိုတာတော့ အကြွင်းမဲ့လေး
ယုံကြည်ပေးပါ...ကွာ.....နော်..........
(s.l)

ယုံကြည်လို့ပေးပါ.....ချစ်သူ

Posted by : လက်တွဲဖော် 0 Comments
❤ နင်ငါ့ကို ဥပေက္ခာပြုထားတဲ့ အချိန်တွေမှာ
တစ်ခြားတစ်ယောက်က ငါ့ကို နွေးထွေးကြင်နာစွာနဲ့ ဂရုစိုက်နေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို ပြဿနာတွေရှာပြီး စိတ်ဆင်းရဲအောင် လုပ်နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါရင်ဖွင့်သမျှကို နားထောင်ပြီး အားပေးနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်တခြားကိစ္စတွေနဲ့ရှုပ်ပြီး ငါ့ကိုမေ့နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါ့အတွက် အချိန်ပေးပြီး ငါ့အနားမှာရှိနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို ၀မ်းနည်းပြီး မျက်ရည်ကျအောင် လုပ်နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါပြန်ပြုံးပျော်လာအောင် ကြိုးစားနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို လိုအပ်နေသေးလားဆိုတာကို နင်ကိုယ်တိုင်တောင် သေချာမသိတဲ့ အချိန်မှာ
တစ်ခြားတစ်ယောက်က ငါ့ကိုနွေးထွေးစွာ ကြိုဆိုဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူ စောင့်ကြိုနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!


★ Thu Thu Lay ★

( Heart Canteen

အေးချမ်းမွန်မှ Heart Canteen တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

နင်ငါ့ကို

Posted by : လက်တွဲဖော် 0 Comments
ဘယ်သူတွေကတကယ်လုပ်ပြီး ဘယ်သူတွေက လူစွာလူကြွားလုပ်နေကြလဲ
***********************************************

စစ်သား ။ ။ သူတို့တွေရဲ့ ဘ၀ကို ခြေပြတ် လက်ပြတ် ကိုယ်လက်အဂါင်္တွေ့ စုတ်ပြတ်ပြီး ဘဝတွေ အပိုင်းပိုင်း အတစ်တစ် ဖြစ်တဲ့အထိ ပေးဆပ်ရင်း ပြည်သူတွေရဲ့ အနာဂါတ် ဘ၀ကို ကောင်းကောင်း ပုံဖော်နိုင်စေဖို့  အသက်ခန္ဓာနဲ့ ရင်းနေတဲ့သူတွေ.................................................။

စစ်သား ။ ။ အဖေနဲ့ ကွဲ ၊ အမေနဲ့ ကွဲ ၊ သားသမီးတွေနဲ့ ကွဲ ၊ ဇနီးသည်တွေနဲ့ ကွဲ မိသားစုတွေ ဖယိုဖရဲ ငိုသံမျက်ရည်တရွဲရွဲနဲ့ ဖြစ်မှာသိလဲ အပြုံးမပျက်ပဲ သွေးညှော်နံ့လှိုင်း ယမ်းငွေ့ ရိုင်းတွေရဲ့ ကြားမှာ ပြည်သူတွေရဲ့ ဘ၀အနာဂါတ်ကို ဖြောင့်ဖို့အရေးသာ အတွေးရောက်နေတဲ့ သူတွေ......။

သူတို့လဲလူပဲ စစ်သားဆိုတာမျိုးက စစ်ပွဲတွေကြား ကြီးပြင်းရတာမျိုးလား သူတို့တွေရဲ့ ဝေဝါး မသေချာအနာဂါတ်ဘ၀တွေနဲ့  မိသားစုမျက်ရည်တွေကို သွေ့ ခြောက်သွားအောင် ဘယ်သူသုတ်ပေးမလဲ သူတို့တွေရဲ့ ဘ၀အနာဂါတ်ကိုရော ဘယ်သူတွေက ထွန်းညှိ လင်းလက်ပေးမလဲ.................................................................။

သွေးညှော်နံ့လှိုင်း ယမ်းငွေ့ ရိုင်းတွေရဲ့ ကြားမှာ သူတို့စစ်သားတွေ ပျောက်ရှမှုအပေါင်း သရဖူဆောင်းနေရသူတွေ များလှပါပြီ.................။
သူတို့တွေရဲ့ ကျန်ရစ်သူ မိသားစုတွေ ဘယ်လိုဝေဒနာမျိုးများ ရင်ဝယ်ခံစားရပါ့မလဲ...............................................................။

သူတိုတွေရဲ့ မိသားစုတွေရဲ့ နေရာကို ကိုယ်တိုင်ပေးဆပ်သွားရတဲ့ သူတို့ရဲ့နေရာကို ဘယ်သူတွေ ကိုယ်ချင်းစာတရားနဲ့  ဥာဏ်ယှဉ်စဉ်းစား ပေးကြမလဲ...........................................................................။

ပြည်သူ့စစ်သား အမည်ခံထားတဲ့ သူတို့ကလဲ စစ်ပွဲဆိုတဲ့လှိုင်းကို ပြည်သူ့ကြားမှာ ဘယ်တုန်းကမှ မရိုက်ခတ်စေချင်ခဲ့ပါဘူး သူတို့တွေပဲ ဘာအခွင့်အရေးမှလဲ မမျှော်လင့်ပေးဆပ်နေကြတာရင်းနဲ့ လူတွေမုန်းနေတဲ့ သူတို့ဘ၀ကို ကြုံသလို အဖြေရှာရင်း မရေမရာနဲ့ဘဲနေခဲ့ကြရတယ်.......။

အိယောင်ဝါး ။ ။ ရသမျှအခွင့်အရေး လက်မနှေးတမ်းယူနေတတ်တဲ့ သူတွေကိုတော့ ဘုမသိဘမသိ ယုံကြည်လက်ခံနေကြတယ် ကင်မရာလေး တစ်လုံးနဲ့ အလုပ်ရှုပ်ပြနေတာကို ကယ်တင်ရှင်ကြီး မဟာသူရဲကောင်းကြီး ထင်နေကြတယ်....................................................................။

စစ်သားတွေလည်း သေနတ်အစား ဗီဒီယိုကင်မလာလေး နဲ့နေချင်တာပေါ့ ပေါ့ပေါ့ပါးပါး ဒါမဲ့ တကယ့်ရှေ့တန်းမှာ ကင်မရာလေးစွဲပြီး မှတ်တမ်းတင်နေလို့ ရမလား နေရဲရင်လဲ နေကြည့်ပါလား ဆီဗူးဆောင်ထားရမှာပေါ့.........................................................။
တကယ့်စစ်မြေပြင် စစ်ပွဲတွေမှာက ကိုယ်မသတ်ရင် သူသတ်မှာပဲ အသေခံမလား အသက်ရှင်အောင်နေမလား ၂ မျိုးပဲရှိတယ်...............။

မိုင်းဆိုတာကရော ခင်များတို့ မဟာသူရဲကောင်းကြီးများ ဗီဒီယိုမှတ်တမ်း တင်ပြသလို ပေါ်တင်ကြီး လူမြင်အောင်ထောင်တယ် ထင်နေလား အဲလိုသာဆိုရင် သူတိုဘ၀မှာ မိုင်းထိတယ်ဆိုတဲ့စကား ကိုယ်တိုင်ကြုံတွေ့ ခံစားနေရဖို့ နေနေသာသာ သမိုင်းမှာတောင် ကြားဖူးခဲ့မှာ မဟုတ်ဖူး...။

ထောင်ထွက် မဟာသူရဲကောင်း ကင်မရာတကိုင်ကိုင်နဲ့ ဒါရိုက်တာရူး ရူးနေတဲ့သူရဲ့ ပါးစပ်က ထွက်လာသေးတယ် လူပီသတဲ့သူ ဖြစ်ချင်တယ်တဲ့ ပြည်သူအတွက် နိုင်ငံအတွက်တဲ့ ပြီးတော့ ကျောင်းတော်အတွက် ဂုဏ်ဆောင်မယ်တဲ့ ပြောတဲ့စကားကလည်းအကြီးကြီးတွေ
တယ်လဲလုပ်တတ်ကြပါပေ့ တတ်လည်းတတ်နိုင်ကြပါပေ့ကွာ...........။

တတ်နိုင်မျှ ဒီလိုလူစွာလူကြွားလုပ်ချင်သူတွေနဲ့ ကျူပ်တို့ကို မနိုင်းပါနဲ့ဗျာ
နိုင်းစရာလဲ မရှိပါဘူး နိုင်းဖို့လဲ မလိုပါဘူး အော့နှလုံးနာလို့ပါ............။

သေချာစဉ်းစား တွေးခေါ်ကြည့်ကြပါတော့ ဘယ်သူတွေ တကယ်လုပ်ပြီး ဘယ်သူတွေ လူစွာလူကြွားလုပ်နေတယ် ဆိုတာကို.......................။

ရင်ဝယ်ခံစားရပါ့မလဲ..

Posted by : လက်တွဲဖော် 0 Comments
အရမ်းချစ်တဲ့သူတွေ စိတ်ဆိုးစိတ်ကောက်ရင် ၁ ရက်ထပ်ပိုမကြာဘူး
အရမ်းချစ်တဲ့သူတွေ စိတ်နာသွားရင်လည်း တသက်လုံး လှည့်မကြည့်ကြတော့ဘူး






မနောဖြူ

အရမ်းချစ်တဲ့သူတွေ

Posted by : လက်တွဲဖော် 0 Comments
ဘယ်လောက်နားထောင်ထောင် မရိုးတဲ့ ဂုဏ်ယူ အလွမ်း တေးသီချင်းပါ။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ကြတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု တပ်မတော်မှ သားကောင်း စစ်သည်များ အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ပါစေ။

စစ်သည်များ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -