Posted by : လက်တွဲဖော်
Thursday, February 28, 2013
အရမ်းကလေးဆန်ပြီး အရမ်းစိတ်ကောက်တတ်သည့် သူမကို ကျွန်တော်လွမ်းသည် ။
_ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နှုတ်ခမ်းမွှေးရေးတေးတေးလေးရှိသည့် သူမ နှုတ်ခမ်းဆူဆူလေးကိုလည်း ကျွန်တော်လွမ်းသည် ။
_ အရမ်းသဝန်တိုတတ်ပြီး ကျွန်တော့်ကိုဘယ်သူနဲ့မှစိတ်မချတတ်သော ကောင်မလေးတစ်ယောက်ကို ကျွန်တော်လွမ်းသည် ။
_ သူမရဲ့မုန့်ဖိုးလေးတွေကို အသည်းအသန်ခြစ်ကုတ်စုဆောင်းပြီး အမြဲတမ်း ကျွန်တော့်အတွက် လက်ဆောင်လေးတွေဝယ်လာပေးတတ်သော သူမလေးကို ကျွန်တော်လွမ်းသည် ။
_ လူတွေကြားထဲ သူမလက်လေးကိုဆွဲပြီးလမ်းလျှောက်ကြသည့်အခါ .. အပြင်ထွက်လည်ကြတိုင်း ကျွန်တော့်သူငယ်ချင်းတွေနှင့်သူမကိုအလေးအနက်ထားပြီးမိတ်ဆက်ပေးသည့်အခါ အရမ်းပျော်ရွှင်ကြည်နူးနေတတ်သော သူမကို ကျွန်တော်လွမ်းသည် ။
_ သူမလိုချင်တဲ့ပစ္စည်းလေးတွေ အရုပ်လေးတွေတွေ့တိုင်း သူမလောက်မချမ်းသာသည့်ကျွန်တော့်ကိုစဉ်းစားပေးပြီး ထိုအရုပ်လေးတွေကို ငေးရုံပဲငေးကြည့်နေတတ်သည့် သူမကိုကျွန်တော်လွမ်းသည် ။
_ အခြေအနေ အကြောင်းကြောင်းကြောင့် သူမနှင့်ကျွန်တော်ဝေးနေကြရသော်လည်း ကျွန်တော့်အပေါ် စိတ်မပျက်သွားဘဲ သစ္စာရှိရှိချစ်နေပေးသည့် သူမလေးကို ကျွန်တော် အမှန်တကယ်လွမ်းနေပါသည် ။ ။
{ မယ်ပိုး }
< Heart Canteen >

Post a Comment