Posted by : လက်တွဲဖော် Thursday, February 28, 2013


  1. ချစ်လွန်းလို့  သ၀န်တိုတယ်ဆိုတာထက်
    ဆုံးရှုံးမှာ စိုးလို့  သ၀န်တိုတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်.....

    မုန်းသွားမှာစိုးလို့  စကားမာမာမပြောရဲတာထက်
    မျက်နှာညိုးမှာစိုးလို့  အရာရာ အလျော့ ပေးတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်......

    လမ်းခွဲသွားမှာစိုးလို့  တားမြစ်နေမိတာထက်
    ပိုချစ်နိုင်တဲ့ သူရှိမှာမဟုတ်ဘူးဆိုတာသိလို့ 
    တားဆီးနေမိတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်နော်..


    တခါတလေ ငါနားလည်ပေးတဲ့ နင်က
    ငါနားမလည်နိုင်လောက်အောင်
    ပြဒါးသုတ်ထားတဲ့  မှန်ကိုပဲကြည့်တက်တာ ငါ သိပ်ရင်နာတယ်ချစ်သူရယ်.....

    ရင်တခုလုံးထိုးဖောက်မမြင်နိုင်ပဲနဲ့ တော့ 
    ချစ်သူနှစ်ဦးကြားက နားလည်မူ့ဆိုတဲ့ စကားလုံးကို
    ရုပ်တည်ကြီးနဲ့ တော့ 
    ငါ Dictionary ထဲမှာ ရှာမနေချင်တော့ ဘူးဟာ......

    လူတစ်ယောက်ကို ချစ်ရတာ ကမ္ဘာတပါတ် ပတ်ရသလို စိတ်မောရတဲ့ အထဲ
    လူတစ်ယောက်ကို နောက်ထပ်နားလည်ပေးနိုင်ဖို့ ဆိုရင်.....
    ငါရင်ခုန်သံတွေ အဲ့နေရာမှာပဲ ရပ်တန့် သွားနိုင်တယ်....

    (ပုံရိပ်စစ်)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -