Posted by : လက်တွဲဖော်
Thursday, February 28, 2013
ဘယ်သူတွေကတကယ်လုပ်ပြီး ဘယ်သူတွေက လူစွာလူကြွားလုပ်နေကြလဲ
***********************************************
စစ်သား ။ ။ သူတို့တွေရဲ့ ဘ၀ကို ခြေပြတ် လက်ပြတ် ကိုယ်လက်အဂါင်္တွေ့ စုတ်ပြတ်ပြီး ဘဝတွေ အပိုင်းပိုင်း အတစ်တစ် ဖြစ်တဲ့အထိ ပေးဆပ်ရင်း ပြည်သူတွေရဲ့ အနာဂါတ် ဘ၀ကို ကောင်းကောင်း ပုံဖော်နိုင်စေဖို့  အသက်ခန္ဓာနဲ့ ရင်းနေတဲ့သူတွေ.................................................။
စစ်သား ။ ။ အဖေနဲ့ ကွဲ ၊ အမေနဲ့ ကွဲ ၊ သားသမီးတွေနဲ့ ကွဲ ၊ ဇနီးသည်တွေနဲ့ ကွဲ မိသားစုတွေ ဖယိုဖရဲ ငိုသံမျက်ရည်တရွဲရွဲနဲ့ ဖြစ်မှာသိလဲ အပြုံးမပျက်ပဲ သွေးညှော်နံ့လှိုင်း ယမ်းငွေ့ ရိုင်းတွေရဲ့ ကြားမှာ ပြည်သူတွေရဲ့ ဘ၀အနာဂါတ်ကို ဖြောင့်ဖို့အရေးသာ အတွေးရောက်နေတဲ့ သူတွေ......။
သူတို့လဲလူပဲ စစ်သားဆိုတာမျိုးက စစ်ပွဲတွေကြား ကြီးပြင်းရတာမျိုးလား သူတို့တွေရဲ့ ဝေဝါး မသေချာအနာဂါတ်ဘ၀တွေနဲ့  မိသားစုမျက်ရည်တွေကို သွေ့ ခြောက်သွားအောင် ဘယ်သူသုတ်ပေးမလဲ သူတို့တွေရဲ့ ဘ၀အနာဂါတ်ကိုရော ဘယ်သူတွေက ထွန်းညှိ လင်းလက်ပေးမလဲ.................................................................။
သွေးညှော်နံ့လှိုင်း ယမ်းငွေ့ ရိုင်းတွေရဲ့ ကြားမှာ သူတို့စစ်သားတွေ ပျောက်ရှမှုအပေါင်း သရဖူဆောင်းနေရသူတွေ များလှပါပြီ.................။
သူတို့တွေရဲ့ ကျန်ရစ်သူ မိသားစုတွေ ဘယ်လိုဝေဒနာမျိုးများ ရင်ဝယ်ခံစားရပါ့မလဲ...............................................................။
သူတိုတွေရဲ့ မိသားစုတွေရဲ့ နေရာကို ကိုယ်တိုင်ပေးဆပ်သွားရတဲ့ သူတို့ရဲ့နေရာကို ဘယ်သူတွေ ကိုယ်ချင်းစာတရားနဲ့  ဥာဏ်ယှဉ်စဉ်းစား ပေးကြမလဲ...........................................................................။
ပြည်သူ့စစ်သား အမည်ခံထားတဲ့ သူတို့ကလဲ စစ်ပွဲဆိုတဲ့လှိုင်းကို ပြည်သူ့ကြားမှာ ဘယ်တုန်းကမှ မရိုက်ခတ်စေချင်ခဲ့ပါဘူး သူတို့တွေပဲ ဘာအခွင့်အရေးမှလဲ မမျှော်လင့်ပေးဆပ်နေကြတာရင်းနဲ့ လူတွေမုန်းနေတဲ့ သူတို့ဘ၀ကို ကြုံသလို အဖြေရှာရင်း မရေမရာနဲ့ဘဲနေခဲ့ကြရတယ်.......။
အိယောင်ဝါး ။ ။ ရသမျှအခွင့်အရေး လက်မနှေးတမ်းယူနေတတ်တဲ့ သူတွေကိုတော့ ဘုမသိဘမသိ ယုံကြည်လက်ခံနေကြတယ် ကင်မရာလေး တစ်လုံးနဲ့ အလုပ်ရှုပ်ပြနေတာကို ကယ်တင်ရှင်ကြီး မဟာသူရဲကောင်းကြီး ထင်နေကြတယ်....................................................................။
စစ်သားတွေလည်း သေနတ်အစား ဗီဒီယိုကင်မလာလေး နဲ့နေချင်တာပေါ့ ပေါ့ပေါ့ပါးပါး ဒါမဲ့ တကယ့်ရှေ့တန်းမှာ ကင်မရာလေးစွဲပြီး မှတ်တမ်းတင်နေလို့ ရမလား နေရဲရင်လဲ နေကြည့်ပါလား ဆီဗူးဆောင်ထားရမှာပေါ့.........................................................။
တကယ့်စစ်မြေပြင် စစ်ပွဲတွေမှာက ကိုယ်မသတ်ရင် သူသတ်မှာပဲ အသေခံမလား အသက်ရှင်အောင်နေမလား ၂ မျိုးပဲရှိတယ်...............။
မိုင်းဆိုတာကရော ခင်များတို့ မဟာသူရဲကောင်းကြီးများ ဗီဒီယိုမှတ်တမ်း တင်ပြသလို ပေါ်တင်ကြီး လူမြင်အောင်ထောင်တယ် ထင်နေလား အဲလိုသာဆိုရင် သူတိုဘ၀မှာ မိုင်းထိတယ်ဆိုတဲ့စကား ကိုယ်တိုင်ကြုံတွေ့ ခံစားနေရဖို့ နေနေသာသာ သမိုင်းမှာတောင် ကြားဖူးခဲ့မှာ မဟုတ်ဖူး...။
ထောင်ထွက် မဟာသူရဲကောင်း ကင်မရာတကိုင်ကိုင်နဲ့ ဒါရိုက်တာရူး ရူးနေတဲ့သူရဲ့ ပါးစပ်က ထွက်လာသေးတယ် လူပီသတဲ့သူ ဖြစ်ချင်တယ်တဲ့ ပြည်သူအတွက် နိုင်ငံအတွက်တဲ့ ပြီးတော့ ကျောင်းတော်အတွက် ဂုဏ်ဆောင်မယ်တဲ့ ပြောတဲ့စကားကလည်းအကြီးကြီးတွေ
တယ်လဲလုပ်တတ်ကြပါပေ့ တတ်လည်းတတ်နိုင်ကြပါပေ့ကွာ...........။
တတ်နိုင်မျှ ဒီလိုလူစွာလူကြွားလုပ်ချင်သူတွေနဲ့ ကျူပ်တို့ကို မနိုင်းပါနဲ့ဗျာ
နိုင်းစရာလဲ မရှိပါဘူး နိုင်းဖို့လဲ မလိုပါဘူး အော့နှလုံးနာလို့ပါ............။
သေချာစဉ်းစား တွေးခေါ်ကြည့်ကြပါတော့ ဘယ်သူတွေ တကယ်လုပ်ပြီး ဘယ်သူတွေ လူစွာလူကြွားလုပ်နေတယ် ဆိုတာကို.......................။

Post a Comment