Archive for 08/08/12


♥ရုပ်လှနေဖို့ မလိုပါဘူး
နှလုံးသားလှနေဖို့ပဲ လိုပါတယ်...။

♥ငွေကြေးချမ်းသာဖို့ မလိုပါဘူး
အကျင့်သိက္ခာ  မဆင်းရဲဖို့ပဲလိုပါတယ်...။

♥ပညာတတ်ကြီး ဖြစ်ဖို့ မလိုပါဘူး
ပညာ မမဲ့ဖို့ပဲလိုပါတယ်...။


♥ချွေတာတတ်ဖို့ မလိုပါဘူး
သုံးစွဲတတ်ဖို့ပဲ လိုပါတယ်...။

♥လူတိုင်းကို ချစ်တတ်ဖို့မလိုပါဘူး
လူတိုင်းကို ကြင်နာတတ်ဖို့ပဲလိုပါတယ်...။

♥စကားပြော ကောင်းဖို့မလိုပါဘူး
စကားပြော တတ်ဖို့ပဲလိုပါတယ်...။

♥ခေတ်ဆန်လွန်း စရာမလိုပါဘူး..
ခေတ်နဲ့လိုက်လျော ညီထွေတတ်ဖို့ပဲ လိုပါတယ်...။

♥အိမ်ရှင်မကောင်းတစ်ယောက်  ဖြစ်ဖို့မလိုပါဘူး
ဘ၀ဖော်ကောင်း တစ်ယောက် ဖြစ်ဖို့လိုပါတယ်...။



♥အချစ်ကြီး ချစ်ဖို့မလိုပါဘူး
သဘောထားကြီးပြီး နားလည်မှု့ရှိဖို့ပဲလိုပါတယ်...။

♥နေရာတကာ အလျော့ပေးဖို့ မလိုပါဘူး
ကြည်ဖြူစွာ ခွင့်လွှတ်တတ်တဲ့ စိတ်ထားလေး ရှိဖို့ပဲ လိုပါတယ်.....။

အချက် (၁၀) ချက်

Posted by : လက်တွဲဖော် 0 Comments

ဘယ်လောက်ပဲ အိပ်မောကျနေပါစေ .. Message သံလေးကြားရင် " သူ့ဆီကများလား " ဆိုတဲ့အတွေးနဲ့ အိပ်နေရာက လန့်နိုးတတ်တယ် .. .. .. တစ်ခါတစ်လေ သူအလုပ်ရှုပ်လို့ Message မပို့ဖြစ်တဲ့ညတွေဆို အိပ်လို့မရ တစ်ညလုံးငိုချင်နေတတ်တယ် .. .. .. မမျှော်လင့်တဲ့အချိန် သူ့ဆီက Message လေးဝင်လာပါပြီတဲ့ . တစ်လောကလုံးမှာ ကိုယ့်လောက်အပျော်ဆုံးလူသားမရှိနိုင်လောက်အောင် ပျော်မြူးနေတတ်တယ် .. .. .. ဒီလိုပါပဲ .. သိပ်ချစ်တတ်တဲ့ လူတစ်ယောက်ဟာ .. ဘာမဟုတ်တာလေးကိုလည်း .. ရူးသွပ်စွဲလမ်းလို့ .. တစ်ခါတစ်ခါ " အချစ်ရူး " ရူးနေတတ်ခဲ့တယ် ♥

" အချစ်ရူး "

Posted by : လက်တွဲဖော် 0 Comments

ငါ .. နင့်ကို ချစ်တယ် ဆိုတာ .. .. .. - ငါနင့်အပေါ်မှာ သ၀န်မတိုတတ်ဘူး .. ဘာကြောင့်လဲ ဆိုတော့ နင့်ကို ငါယုံကြည်လို့ပါ .. .. .. - ငါနင့်ကို မချုပ်ချယ်ဘူး .. ဘာကြောင့်လဲ ဆိုတော့ နင့်လွတ်လပ်မှုကို ငါမပိတ်ပင်ချင်လို့ပါ .. .. .. - ငါနင့်ကို သိပ်ဂရုမစိုက်တတ်ဘူး .. ဘာကြောင့်လဲဆိုတော့ အလွယ်တကူရတတ်တဲ့အရာအပေါ်မှာ နင်စိတ်ပျက်သွားမှာ စိုးလို့ပါ .. .. .. နင် .. ငါ့ကို ချစ်တယ် ဆိုတာ .. .. .. - နင် ငါ့ကို သိပ်ရစ်လွန်းပြီး သိပ်သ၀န်တိုတတ်တယ် .. ဘာကြောင့်များလဲ .. ငါက မယုံကြည်ရတဲ့ လူမျိုးမို့လို့လား .. - နင် ငါ့ကို သိပ်ချုပ်ချယ်တတ်တယ် .. ဘာကြောင့်များလဲ .. ငါ့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်လေးတောင်မရှိရတော့ဘူးလား .. - နင် ငါ့ကို သိပ်ဂရုစိုက်တတ်တယ် .. နင်ပေးတဲ့ ဂရုစိုက်မှုတွေက လူတိုင်းကိုပေးနေကျဆိုရင်တော့ .. ငါ့ကို မပေးပါနဲ့ .. ငါက ငါ့အတွက်သီးသန့်ဖြစ်နိုင်မယ့် နင့်ဂရုစိုက်မှုကိုပဲ လိုချင်သူပါ .. .. တကယ်ဆို .. ကြိုးတစ်ချောင်းဟာ သိပ်တင်းလွန်းရင် ပြတ်သွားတတ်တာကို .. နင် .. မသိခဲ့တာများလား ..
Posted by : လက်တွဲဖော် 0 Comments

ဘယ်လောက်ပဲ အိပ်မောကျနေပါစေ .. Message သံလေးကြားရင် " သူ့ဆီကများလား " ဆိုတဲ့အတွေးနဲ့ အိပ်နေရာက လန့်နိုးတတ်တယ် .. .. .. တစ်ခါတစ်လေ သူအလုပ်ရှုပ်လို့ Message မပို့ဖြစ်တဲ့ညတွေဆို အိပ်လို့မရ တစ်ညလုံးငိုချင်နေတတ်တယ် .. .. .. မမျှော်လင့်တဲ့အချိန် သူ့ဆီက Message လေးဝင်လာပါပြီတဲ့ . တစ်လောကလုံးမှာ ကိုယ့်လောက်အပျော်ဆုံးလူသားမရှိနိုင်လောက်အောင် ပျော်မြူးနေတတ်တယ် .. .. .. ဒီလိုပါပဲ .. သိပ်ချစ်တတ်တဲ့ လူတစ်ယောက်ဟာ .. ဘာမဟုတ်တာလေးကိုလည်း .. ရူးသွပ်စွဲလမ်းလို့ .. တစ်ခါတစ်ခါ " အချစ်ရူး " ရူးနေတတ်ခဲ့တယ် ♥
Posted by : လက်တွဲဖော် 0 Comments

အရမ်း ချစ်တတ်တဲ့လူတယောက်ဟာ အချစ်ကြောင့် နာကျင်ခံစားရပြီးတဲ့နောက်ပိုင်း အရမ်းမချစ်တတ်တော့ဘူး အရမ်းယုံကြည်ပေးတတ်တဲ့လူတယောက်ဟာ လိမ်ညာခံရပြီးနောက်ပိုင်း လူတွေကို မယုံကြည်တတ်တော့ဘူး အရမ်းပျော်ပျော်နေတတ်တဲ့လူတယောက်ဟာ လူတယောက်ကြောင့်ဒဏ်ရာရပြီးတဲ့နောက်ပိုင်း ဟက်ဟက်ပက်ပက်မရီမောတတ်တော့ဘူး အရမ်းချစ်တတ်တဲ့ လူတယောက်ဟာ သူ့ကို တန်ဖိုးမထားတဲ့လူတယောက်ကြောင့် အချစ်ကို အရင်ကလို ယုံကြည်မှုမရှိတော့ပါဘူး ဘဝမှာတယောက်တည်းဖြစ်နေခဲ့တဲ့တချို့လူတွေဟာ အရင်ကတယောက်တည်းကိုရူးရူးမိုက်မိုက်ချစ်ခဲ့ဖူးလို့ပါပဲ ဘာလို့လဲဆိုတော့သူတို့ဟာ သူတို့ချစ်တဲ့လူနဲ့အတူ သူတို့ရဲ့အချစ်တွေကိုတပါတည်းသေဆုံးပစ်လိုက်ကြလို့ပါပဲ။ ခင်မင်လျက်
Posted by : လက်တွဲဖော် 0 Comments

ချစ်သူမိန်းကလေး စိတ်ဆိုးပြီဆို ချော့ပါ ချစ်သူယောက်ျားလေး စိတ်ဆိုးပြီဆို သည်းခံပါ ချစ်သူမိန်းကလေး သဝန်တိုပြီဆို ပွေ့ဖက်ပါ ချစ်သူယောက်ျားလေး သဝန်တိုပြီဆို နမ်းပါ ချစ်သူမိန်းကလေး ငိုပြီဆို စနောက်ပါ ချစ်သူယောက်ျားလေး ငိုပြီဆို အဖော်ပြုပါ ချစ်သူမိန်းကလေး မောပြီဆို ဖေးမပါ ချစ်သူယောက်ျားလေး မောပြီဆို တွဲပါ ချစ်သူမိန်းကလေး အမှားလုပ်မိပြီဆို ခွင့်လွှတ်ပါ ချစ်သူယောက်ျားလေး အမှားလုပ်မိပြီဆို နားလည်ပါ ချစ်သူမိန်းကလေးရဲ့ မွေးနေ့ဆို မှတ်ထားပါ ချစ်သူယောက်ျားလေးရဲ့ မွေးနေ့ဆို သိတတ်ပါ ချစ်သူရည်းစားဆိုတာ သူစိမ်းကနေ ရင်းနှီးသူအဖြစ်၊ ရင်းနှီးသူကနေ ချစ်ခင်သူအဖြစ် တစ်ဦးကိုတစ်ဦး အချစ်နဲ့လေးစားခြင်းရှိမှ ဒီအချစ်က တာရှည်တည်မြဲမှာဖြစ်တယ်။

ချစ်သူမိန်းကလေးချစ်သူယောက်ျားလေး

Posted by : လက်တွဲဖော် 0 Comments

လူတိုင်း မိမိချစ်တဲ့သူဆီက မျှော်လင့်တဲ့ အရာ ၂၀မျိုး ပါ... ၁။ ပွင့်လင်းမှုရှိခြင်း ၂။ အလျော့ပေးလိုက်လျောခြင်း ၃။ သည်းခံနိုင်ခြင်း ၄။ ခွင့်လွှတ်ခြင်း ၅။ စာနာနိုင်ခြင်း ၆။ ဂရုစိုက်ခြင်း ၇။ ကူညီဖေးမခြင်း ၈။ အချိန်ပေးနိုင်ခြင်း ၉။ နှလုံးသားကို နာကျင်အောင် မပြုလုပ်ခြင်း ၁၀။ လမ်းခွဲစကားကို လွယ်လွယ်မပြောဆိုခြင်း ၁၁။ ကာကွယ်ပေးနိုင်ခြင်း ၁၂။ ချီးမွမ်းပြောဆိုခြင်း ၁၃။ ရယ်မောပျော်ရွှင်စေခြင်း ၁၄။ စိတ်ဆိုးနေသော်လည်း အဆက်အသွယ် မဖြတ်ခြင်း၊ မပြတ်ခြင်း ၁၅။ နားလည်မှု----သဘောထားကြီးမှု ၁၆။ ယုံကြည်မှု----သစ္စာရှိမှု ၁၇။ မြတ်နိုးမှု---တန်ဖိုးထားမှု ၁၈။ ယုယမှု---ကြင်နာမှု ၁၉။ ဦးစားပေး----လေးစားမှု ၂၀။ ခိုင်မာမှု---တည်ကြည်မှု။ တို့ပဲဖြစ်ပါတယ်။။။

အရာ ၂၀မျိုး

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -