Posted by : လက်တွဲဖော်
Wednesday, August 8, 2012
ငါ .. နင့်ကို ချစ်တယ် ဆိုတာ .. .. ..
- ငါနင့်အပေါ်မှာ သ၀န်မတိုတတ်ဘူး ..
ဘာကြောင့်လဲ ဆိုတော့ နင့်ကို ငါယုံကြည်လို့ပါ .. .. ..
- ငါနင့်ကို မချုပ်ချယ်ဘူး ..
ဘာကြောင့်လဲ ဆိုတော့ နင့်လွတ်လပ်မှုကို ငါမပိတ်ပင်ချင်လို့ပါ .. .. ..
- ငါနင့်ကို သိပ်ဂရုမစိုက်တတ်ဘူး ..
ဘာကြောင့်လဲဆိုတော့ အလွယ်တကူရတတ်တဲ့အရာအပေါ်မှာ
နင်စိတ်ပျက်သွားမှာ စိုးလို့ပါ .. .. ..
နင် .. ငါ့ကို ချစ်တယ် ဆိုတာ .. .. ..
- နင် ငါ့ကို သိပ်ရစ်လွန်းပြီး သိပ်သ၀န်တိုတတ်တယ် ..
ဘာကြောင့်များလဲ ..
ငါက မယုံကြည်ရတဲ့ လူမျိုးမို့လို့လား ..
- နင် ငါ့ကို သိပ်ချုပ်ချယ်တတ်တယ် ..
ဘာကြောင့်များလဲ ..
ငါ့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်လေးတောင်မရှိရတော့ဘူးလား ..
- နင် ငါ့ကို သိပ်ဂရုစိုက်တတ်တယ် ..
နင်ပေးတဲ့ ဂရုစိုက်မှုတွေက လူတိုင်းကိုပေးနေကျဆိုရင်တော့ ..
ငါ့ကို မပေးပါနဲ့ ..
ငါက ငါ့အတွက်သီးသန့်ဖြစ်နိုင်မယ့် နင့်ဂရုစိုက်မှုကိုပဲ လိုချင်သူပါ .. ..
တကယ်ဆို ..
ကြိုးတစ်ချောင်းဟာ သိပ်တင်းလွန်းရင် ပြတ်သွားတတ်တာကို ..
နင် .. မသိခဲ့တာများလား ..
Post a Comment