Archive for 12/28/12


အမက်မောဆုံးပဲ နင်.အပြုံးလေးများနဲ. ဘာတွေကများငါ.အာ.ဒူးထောက်စေခဲ.သလဲ....ငါအမုန်းဆုံးပဲ..နင်.ဘေးနားရှိတဲ. ဟိုကောင်လေးတွေနဲ. နင်ချစ်သွားမှာဆိုးတယ်...အရမ်းပဲကြောက်မိတယ်

နင်ချစ်သွားမှာဆိုးတယ်..

Posted by : လက်တွဲဖော် 0 Comments
တစ်ဦးတစ်ယောက်တည်း အပေါ်တွင်သာ

ရူးမလောက် ချစ်မိပါသည်။ ။



ကိုယ်ထားနိုင်စွမ်း ရှိသမျှ တန်ဖိုးတွေ အကုန်လုံးနဲ့ ပုံပြီးလဲ

သူ့ကို မြတ်နိုး ခဲ့နေရပါသည်။ ။



သူ့အပေါ် ထားမိတယ့် မေတ္တာကို တွေးဆလို့

သိက္ခာကို ဘေးချထား ခဲ့ပေမယ့်

မာနကို အနင်းခြေခံရလို့

စိတ်တွေ အတွင်းကြေ နေရပါသည်။ ။



ကိုယ်ချစ်တာ ဒီတစ်ယောက်တည်း ရယ်လို့

နှလုံးသားရဲ့ သစ္စာ အစဉ် ခိုင်မြဲခဲ့ပေမယ့်
ုသူတန်ဖိုးထားပီး ပြန်မချစ်မှာကိုတော့ စိုးမိပါတယ်

မိုးလေးရယ်

တစ်ဦးတစ်ယောက်တည်း

Posted by : လက်တွဲဖော် 0 Comments
♥ ချစ်သူရေ !!

တွေ့ခွင့်ရချင်တယ်

လမ်းဘေး အကြော်ဆိုင်လေးမှာ ဖြစ်ဖြစ်ပေါ့

အဓိက မင်းနဲ့တွေ့ချင်တာပါပဲ ~~

♥ ချစ်သူရေ !!

စကားတွေအများကြီးပြောချင်တယ်

ဘာအကြောင်းအရာတွေဖြစ်ဖြစ်ပေါ့

အဓိက မင်းနဲ့ စကားပြောချင်တာပါပဲ ~~

♥ ချစ်သူရေ !!

အများကြီးလွမ်းလား ? နဲနဲလေးလွမ်းလား ?

မမေးချင်ပါဘူးဟာ

အဓိက မင်း လွမ်းတဲ့သူဟာ ငါ ဖြစ်ချင်တာပါပဲ ~~

♥ ချစ်သူရေ !!

မင်း အောင်မြင်လား ? ရှုံးနိမ့်နေလား ?

ဒါတွေ မလိုပါဘူးဟာ

မင်း အောင်မြင်နေချိန် လက်ခုပ်တီးပေးသူ

ရှုံးနိမ့်နေချိန် ဖေးမပေးသူ ငါ ဖြစ်ချင်တာပါပဲ ~~

♥♥♥ ချစ်သူရေ !!

ငါငိုနေချိန် မျက်ရည်သုတ်ပေးတာ မင်းလက်လေးပဲဖြစ်စေချင်တယ်

ငါ အားနည်းနေချိန် မှီထားတာ မင်းရဲ့ ပုခုံးလေးပဲ ဖြစ်စေချင်တယ်

ငါ ပျော်ရွှင်နေချိန် မင်းရဲ့ ရယ်သံလေးနဲ့ ပိုသာယာစေချင်တယ်

ငါ့ရဲ့ ပါးပြင်ပေါ်မှာ မင်းရဲ့အနမ်းများသာ ပန်ဆင်ချင်တယ်

ဘ၀တစ်လျှောက်လုံးကို မင်းနဲ့အတူ ဖြတ်သန်းချင်တယ်

တွေ့ခွင့်ရချင်တယ်

Posted by : လက်တွဲဖော် 0 Comments


မပိုင်ဆိုင်သေးဘူး
ငါငတ်မွတ်တဲ့ သူ့ရင်ထဲက အချစ်တွေ….

ပျောက်ဆုံးနေတဲ့ အပိုင်းအစတွေအတွက်
မျော်လင့်ရင်း ငါရှင်သန်ခဲ့တယ်

ငါ့မနက်ဖြန်တွေ လှပဖို့အတွက်
ငါ့ညတိုင်း လသာစရာမလို

ငါ့လေသတိရတိုင်းဖုန်းဆက်ခွင့်ရတဲ့အတွက်
မိုးဆိုတဲ့ ကောင်မလေးရေ

ငါ့ဘ၀ထဲ "မိုး'' ဆိုတဲ့
ကြယ်တစ်ပွင့်ရှိမယ်ဆို ပြီးပြည့်စုံပါတယ်...။

ငါ့ဘ၀ထဲ "မိုး'' ဆိုတဲ့

Posted by : လက်တွဲဖော် 0 Comments





ပြတင်းပေါက်ကနေ
ငါအပြင်ငေးကြည့်နေမိတယ်
ကြယ်တာယာတွေစု့နေတဲ့
မိုးသားကောင်းကင်ကြီး
သူ့မှာတော့အရာရာ
ပြည့်စုံနေလောက်တယ်
ငါ့နှလုံးသားကိုကြည့်မိတယ်
ဒါပေမယ့်
ငါတွေ့ခဲ့တာတော့
စုတ်ပြတ်သတ်နေတဲ့အသည်းတစုံရယ်
ဒဏ်၇ာရေပွတွေနဲ့
စိတ်ဒဏ်၇ာတွေနဲ့သာ
ငါ့မှာလဲ ပြည့်စုံနေလောက်တယ်နော်........................

အချစ်ဆိုတာခေါင်းစဉ်တပ်ဖို့
ချစ်တတ်ပြီဆိုမှသာ
ငါ့ရင်ထဲဝင်ခဲ့ပါ......................

ချစ်တတ်ပြီဆိုမှသာ

Posted by : လက်တွဲဖော် 0 Comments
ကောင်လေးတွေ မသိသေးတဲ့ ကောင်မလေးတွေရဲ့ အမူအကျင့်လေးတွေ.......♥♥♥


1. ကောင်မလေးတွေက အားငယ်ရင် နှစ်သိမ့်ပေးမယ့် သူထက် အားပေးတတ်တဲ့သူကို ပိုလေးစားတတ်ကြတယ်

2. ဘယ်လောက်ဘဲ လှတဲ့သူတွေ့တွေ့ ကိုယ့်ချစ်သူသာ
အလှဆုံးလို့ လိမ်ပြောတာလေးလဲ နှစ်သက်ကြတယ်

3. စိတ်ရှည်လက်ရှည် သည်းခံချော့တတ်တဲ့သူထက်
ဘုဘောက် ကိုယ့်လိုဘဲ စိတ်မရှည်တတ်တဲ့သူကိုမှ ပိုနှစ်သက်ကြတယ်


4.မွေးနေ့တိုင်း အမှတ်တရလက်ဆောင်ပေးတာထက် ကိုယ်မွေးနေ့ကို စိတ်ထဲမှာ အမြဲမှတ်ထားတာကိုပိုနှစ်သက်ကြတယ်

5. မိုးရွာတိုင်း ကိုယ်ကောင်မလေး ရေစိုမှာဆိုးလို့ ထီးပေးတဲ့သူထက် နှစ်ယောက်လုံး ထီးတချောင်းထဲအတူတူဆောင်းရတာကို နှစ်သက်ကြတယ်

6. ဖုန်းဆက်တိုင်း လူကြီးမင်းနဲ့မတိုးဘဲ ဖုန်းအမြဲအားနေရင် ကိုယ်အပေါ်အရမ်းချစ်လို့ တခြားမိန်းကလေးတွေနဲ့ ဖုန်းမပြောတာပါလို့ စိတ်ထဲအမှတ်ပေးပြီ ယုံကြည့်လေးစားတတ်ကြတယ်


7. မနက်တိုင်း ကိုယ်ဖုန်းမက်ဆေ့ခ်ျမှာ မောနင်းဆိုတဲ့ စာတန်းလေးနဲ့ မနက်ခင်းရဲ့ နွေးထွေးမှုကို ခံစားတတ်ကြတယ်





ပျော်ရွှင်သော ချစ်သူဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ........ツ ツ ツ

အမူအကျင့်လေးတွေ..

Posted by : လက်တွဲဖော် 0 Comments


ငါ့ကိုလမ်းခွဲမယ်ဆို မလွမ်းတက်အောင် အရင်သင်ပေးပါ
ငါ့ကိုမေ့မစ်မယ်ဆို သတိမရတက်အောင် အရင်သင်ပေးပါ
ငါ့ကိုထားခဲ့မယ်ဆို နင်မရှိပဲနေတက်အောင်သင်ပေးပါ
ငါ့ကိုမုန်းတော့မယ်ဆို နင်တစ်ယောက်ထည်းကိုပဲချစ်ခဲ့ဘူးတဲ့
ငါ့နှလုံးသားကိုပါ တစ်ခါထည်းထုတ်ယူသွားပါ


ငါ့နှလုံးသားကိုပါ

Posted by : လက်တွဲဖော် 0 Comments

သူ့ကြောင့်ငိုလိုက်ရတိုင်း
ရင်ဘတ်ထဲကနာကျင်တယ်
ဒါပေမယ့်မစွန့်လွှတ်ရက်ဘူး...
မေ့ပစ်ဖို့မကြိုးစားရက်ပဲ
နာကျင်မှာသိရက်နဲ့နောက်မဆုတ်နိုင်ဘူး...
လူတွေကပြောတယ်
မက်လောက်စရာဘာရှိလဲတဲ့...
သေချာတာတော့အချစ်ဆိုတာ
မက်မောခြင်းတွေနဲ့သီးသန့်နေရာက..
စည်းလေးတစ်ခုပဲထင်ပါရဲ့
အချစ်အတွက်နဲ့ရင်ကွဲနေတာ...
ယနေ့ထိပါပဲ

ယနေ့ထိပါပဲ

Posted by : လက်တွဲဖော် 0 Comments
တိတ်တိတ်ပုန်းချစ်မိသူ


ငါ့ရင်ထဲမှာ
မင်းကိုအရမ်းချစ်တယ်
ဒါပေမဲ့...
ငါ့ရင်ထဲကအချစ်ကို
ဖွင့်ပြောခွင့်မရတာ
ငါအရမ်းဝမ်းနည်းမိတယ်
ငါ့ရင်ထဲမှာ
မင်းကိုအရမ်းလွမ်းတယ်
ဒါပေမဲ့...
ငါ့ရင်ထဲက၀မ်းနည်းမှုကို
ဖော်ထုတ်ခွင့်မရတာ
ငါအရမ်းခံစားရတရ်.....။
မင်းကိုငါအရမ်းတွေ့ ချင်တယ်
ဒါပေမဲ့...
ငါ့ရင်ထဲကခံစားချက်ကို
ဖွင့်ဟလို့ မရတာ
ငါအရမ်းအထီးကျန်ဆန်ရတယ် ချစ်သူရယ်

တိတ်တိတ်ပုန်းချစ်မိသူ

Posted by : လက်တွဲဖော် 0 Comments

မလာမှန်းသိရက့်နဲ့စောင့်နေမိတယ် မဆက်မှန်းသိရက်နဲ့ မျှော်နေမိတယ်
မလွမ်းမှန်းသိရက်လျက် သတိရနေမိတယ် မချစ်မှန်းသိရက်နဲ့ မိုက်ခဲ့တာ
ငါ့အမှားပါ


 ဘယ်လောက်ငါ့ကို...မင်းချစ်ဖူးတယ်............ငါမသိ
ဘယ်အခါစိတ်ကလေး....ချမ်းမြေ့ရမယ်......ငါမကြည့်ခဲ့
ဒါကို.....ပုံအောလို့ ချစ်ခဲ့သည်


 မင်း ငါ့အချစ်ကို လက်ခံနိုင်ရဲ လို့လားအချစ် ကို နားမလည်တဲ့မိန်းကလေးတွေနဲ့ ငါမနှိုင်း ပါဘူး သူများကိုအပြစ်တွေပြောတဲ့ လူတွေလိုလည်း ငါမရိုင်းပါဘူး မင်းသေချာစောင့်ကြည့်နေပါ မင်းနဲ့ ငါအကြောင်းသိတွေပါ..

ငါ့အချစ်ကို

Posted by : လက်တွဲဖော် 0 Comments

စိတ်ဓာတ်တွေကျလို. တစ်ယောက်တည်း
အားငယ်ရလွန်းတဲ့အချိန်တွေမှာ
ငါ့ အနား မင်းရှိနေပေးပါ..။

အထီးကျန်အဖော်မဲ့နေတဲ့
ခြောက်ကပ်နေ.ရက်တွေထဲမှာ
ငါ့ အနား မင်းရှိနေပေးပါ.....။

နှလုံးသားက တစ်စုံတစ်ရာကို
ပြင်းပြင်းရှရှ တမ်းတမိချိန်မှာ
ငါ့ အနား မင်းရှိနေပေးပါ..။

မညီမျှမှုတွေကို ဖက်ပြိုင်အံတုလို.
ခပ်ကြမ်းကြမ်းနေ.ရက်တွေထဲ
ရင်နာ ကြေကွဲရတဲ့အချိန်တွေမှာ
ငါ့ အနား မင်းရှိနေပေးပါ..။

နှစ်သိမ့်မှု ယုယမှုတွေနဲ.
ဖေးမမှုမလိုပေမဲ့
ငါ့ အနား မင်းရှိနေပေးပါ...။

အဆုံးသတ်မှာ...
အားလုံးကိုရှုံးနိမ့်ပေးခဲ့ရရင်တောင်
မင်းတစ်ယောက်ကိုတော့
ငါ့အနားမှာ(ရှိနေရုံလေး)
ရှိနေပေးပါကွယ်......၊။

ရှိနေပေးပါကွယ်......၊။

Posted by : လက်တွဲဖော် 0 Comments

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူ အလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့... ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်တယ်။ ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်နဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။
သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရစေလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တတ်တယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး... စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့..... သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။ လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲလိုက်ပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။

(၃ဝ) လမ်းခွဲချိန် မငိုနဲ့.... လုံးဝ မငိုနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ သူ့ရှေ့မှာ မငိုပါနဲ့... သူ့ကွယ်ရာကျမှ ငိုပါ။

အချက်(၃၀)

Posted by : လက်တွဲဖော် 0 Comments

" နင့်အပေါ် အရာအားလုံးထက်
မျှော်လင့်ခဲ့ဖူးတယ် ...
ယုံကြည်ခဲ့ဖူးတယ် ...
တန်ဖိုးထားခဲ့ဖူးတယ် ...
ပေးဆပ်ခဲ့ဖူးတယ် ...

ဒါတွှေအားလုံးအတွက် ငါပြန်ရလိုက်တာ
ရက်စက်မှုတွေ ...
သစ္စာမဲ့မှုတွေ ...
ဥပေက္ခာပြုမှုတွေနဲ့
မျက်ရည်တွေပဲလား ချစ်သူရယ် ..."


* ချစ်သူကြောင့် နာကျင်ခံစားခဲ့ဖူးတယ် ...
မျက်ရည်ကျခဲ့ဖူးတယ်ဆို ... [̲̅ℓ][̲̅ι̲̅][̲̅к̲̅][̲̅є̲̅]

နာကျင်ခံစားခဲ့ဖူးတယ် ..

Posted by : လက်တွဲဖော် 0 Comments
 
ယူ ကျူံးလို့မရဘူးကွာ
ချစ်သူရယ်။။
မင်းရဲ့သိပ်လှတဲ့ အပြုံးတွေရဲ့
နောက်မှာ အဆိပ်တွေရှိနေခဲ့
တယ်ဆိုတာကိုယ် ဘာသာမပြန်
တက်ခဲ့တာ ငါ့အမှားပေါ့နော...

မင်းပြောခဲ့တဲ့အားပေးစကား
လေးတွေအခုထိ အမှတ်ရနေ
တုန်းပါပဲ...

ချန်ရစ်လို့ထားခဲ့တဲ့ ချစ်သူရေ
မင်းမကြားချင်တဲ့ စကားငါပြော
ချင်နေတုန်း..
မင်းမပြောချင်တဲ့ စကားငါကြား
ချင်နေတုန်းပါပဲ.

ယူ ကျူံးလို့မရဘူးကွာ

Posted by : လက်တွဲဖော် 0 Comments
ဘဝမှာ အကောင်းဆုံးလက်တွဲဖော်ဆိုတာ
ချမ်းသာပြည့်စုံတဲ့ လူတယောက်မဟုတ်ဖူး
ရုပ်ရည်ချောမောတဲ့လူတယောက်လည်းမဟုတ်ဖူး

တကယ်တော့ ကိုယ့်ဘဝအတွက် အကောင်းဆုံးလက်တွဲဖော်ဆိုတာ ကိုယ့်ဒုက္ခတွေကို ကိုယ်နဲ့အတူ မငြီးမငြူအတူခံနိုင်တဲ့လူမျိုး ကိုယ့်အားနည်းချက်တွေကို ချစ်တတ်တဲ့လူမျိုး
ပြီးတော့ ကိုယ့်ကို တော်ရုံနဲ့
အလွယ်တကူ မစွန့်ခွာသွားနိုင်တဲ့လူမျိုး
အဲဒီလို လူမျိုးမလား???

အကောင်းဆုံးလက်တွဲဖော်

Posted by : လက်တွဲဖော် 0 Comments
ဘ၀မှာ
တစ်သက်မှာတစ်ခါတော့ လက်မလွှတ်ချင်တဲ့သူတစ်ယောက် ပေါ်လာတတ်တယ်..

ကံကောင်းတဲ့သူတွေကတော့ အဲဒီလူကိုတွေ့တဲ့အချိန်မှာ သူ့ရဲ့လက်ကိုမလွှတ်တမ်းဖမ်းဆုပ်ထားနိုင်ခဲ့ပြီး ပျော်ရွှင်တဲ့အချစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ကြပေမယ့် ကံမကောင်းနိုင်တဲ့သူတွေကတော့ သူ့ဘက်ကလက်လှမ်းတာတောင်
ကိုယ့်ဘက်ကဖမ်းယူဆုပ်ကိုင်ထားဖို့မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာပဲ ရပ်တန့်ကျန်ရစ်ခဲ့ရရင်း တဘ၀လုံးစာနာကျင်မှုတွေကို
နှလုံးသားထဲမှာပဲကြိတ်မှိတ်ပြီးခံစားဖို့အတွက်
ရွေးချယ်ခဲ့ကြရပါတယ်..

အဲဒီလို..
လောကကြီးထဲကသိန်းသန်းမကလူတွေအများကြီးထဲမှာမှ ကံကောင်းစွာပျော်ရွှင်နိုင်ခဲ့ကြသူတွေကိုတော့
လိုက်ဖက်တဲ့ဘ၀လို့ လူသားတွေကသတ်မှတ်ကြပြီး
တိတ်ဆိတ်စွာကံဆိုးခဲ့ကြရသူတွေအတွက်ကိုတော့
ဖူးစာရေးနတ်မင်းကပဲ
အမည်တစ်ခု
သတ်မှတ်ပေးထားခဲ့ပါတယ်တဲ့..

အဲဒီနာမည်ကတော့..

“ဆု တောင်း မှား ခဲ့ ကြ သူတွေ” တဲ့လေ..

“ဆု တောင်း မှား ခဲ့ ကြ သူတွေ”

Posted by : လက်တွဲဖော် 0 Comments

နင် ဟာ ဟို အ ရင် အ တိုင်း ပဲ ရှိ မယ်
ငါ အ သက် တစ် ရက် ရှင် ရင်
ကိုယ် ကြေ ကွဲ ပါ တယ် ..
နင် ငါ့ ကို စိတ် နာ နေ လား ချစ် တဲ့ သူ ရယ်..
ဒါ ငါ့ ရဲ့ အမှား တွေ ...

အ ရာ ရာ ပုံ ပြင် အ တိုင်း ပဲ ရှိ မယ်
ငါ တို့ ဘ ဝ တွေ
အို ကွာ ဝေး နေ ဆဲ
နင် ငါ့ ကို မေ့ နိုင် ပီ လား ချစ် တဲ့ သူ ရယ်

နင်က ငါ မ ပိုင် တဲ့ သူ စိမ်း လေး

သူ စိမ်း လေး

Posted by : လက်တွဲဖော် 0 Comments

တချို့လူက ထွက်သွားပြီဆိုရင် ထွက်သွားပြီပဲ
တစ်သက်လုံးစောင့်လည်း ပြန်လာမှာမဟုတ်တော့ဘူး

တချို့လူက မချစ်တော့ဘူးဆိုရင် မချစ်တော့ဘူးပဲ
ဘယ်လိုအတင်းအကြပ်လုပ်၊ အလျော့ပေးလဲ အချည်းနှီးသာဖြစ်တယ်

တချို့က ပျော်ရွှင်ချမ်းမြေ့ကြတယ်
မျက်စိတမှိတ်၊ မျက်တောင်တခတ်အတွင်းမှာ တစ်သက်တာကို အတူဖြတ်ကျော်ခဲ့ကြတယ်

တချို့က အရမ်းကံကောင်းတယ်
လက်စတွဲပြီဆိုတာနဲ့ ဆံဖြူသွားကျိုးတဲ့အထိ လက်တွဲမဖြုတ်ခဲ့ကြတော့ဘူး
တချို့က ဘယ်လိုကြိုးစားကြိုးစား ဘာမှမပြောင်းလဲနိုင်ခဲ့ဘူး

ပျော်ရွှင်ခြင်းဆိုတာ အနာဂတ်မှာမရှိဘူး၊ လက်ရှိပစ္စုပန်မှာပဲရှိတယ်
အချစ်ရောက်လာချိန်မှာ အချစ်ကိုထွေ့ပွေ့ပါ၊ ခံစားပါ၊ တန်ဖိုးထားမြတ်နိုးပါ..

အချစ်ထွက်သွားချိန်မှာ အချစ်ကိုကျေးဇူးတင်ပါ၊ ဆုမွန်ကောင်းပေးပါ၊
ထွက်သွားချင်သူကို ထွက်သွားခွင့်ပြုပါ၊ အချစ်ကို အတင်းအကြပ်လုပ်ယူလို့ မရပါဘူး၊
လက်လွတ်သင့်ချိန် လက်လွတ်ရဲရပါတယ်...

တချို့လူက

Posted by : လက်တွဲဖော် 0 Comments
အလွမ်း….

အလွမ်း…..
ငါလွမ်းတတ်နေပြီလား…
ဩော် ငါလွမ်းနေတာလား?
အင်းလေ ချစ်တတ်ခဲ့မှတော့ လွမ်းတတ်မှာပေါ့လေ…
အဲ့ဒီအလွမ်းအကြောင်းဟြေရမယ်ဆိုရင်
အလွမ်း၌သာခြေထောက်ပါရင်လေ
ငါ့ရင်မှာခြေရာတွေပြည့်နေပြီ…..
အလွမ်းဆိုတာ ချစ်ခြင်း၏ တိုင်းတာမှုတစ်ခုလို့ဆိုရင်ရမလား
အမေ ရေ သားလေ အရမ်းလွမ်းတယ်လို့ အော်လိုက်ချင်တယ်ဗျာ…..
အမေနဲ့ခွဲရတုန်းကထက်ပိုလွမ်းနေသလိုပဲ…
အမေ့ကိုမချစ်လို့မဟုတ်ပါဘူး အမေဟာအမေပါပဲ
ဒီလောကမှာ မိန်းမလို့သားသတ်မှတ်ထားတဲ့သူ
နှစ်ယောက်ထဲကတစ်ယောက်ကြောင့်ပေါ့ဗျာ…..
ငါ့အလွမ်းတွေကြောင့် သူလေးဒုက္ခမတွေ့ပါစေနဲ့ဗျာ…

အလွမ်း….

Posted by : လက်တွဲဖော် 0 Comments
နိယာမ

ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်……………..
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..

ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…….

ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။

ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။

ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………

ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …။

Credit to ပုံရိပ် စစ်

နိယာမ

Posted by : လက်တွဲဖော် 0 Comments

ချစ်သူမိန်းကလေး စိတ်ဆိုးပြီဆို ချော့ပါ
ချစ်သူယောက်ျားလေး စိတ်ဆိုးပြီဆို သည်းခံပါ

ချစ်သူမိန်းကလေး သဝန်တိုပြီဆို ပွေ့ဖက်ပါ
ချစ်သူယောက်ျားလေး သဝန်တိုပြီဆို နမ်းပါ

ချစ်သူမိန်းကလေး ငိုပြီဆို စနောက်ပါ
ချစ်သူယောက်ျားလေး ငိုပြီဆို အဖော်ပြုပါ

ချစ်သူမိန်းကလေး မောပြီဆို ဖေးမပါ
ချစ်သူယောက်ျားလေး မောပြီဆို တွဲပါ

ချစ်သူမိန်းကလေး အမှားလုပ်မိပြီဆို ခွင့်လွှတ်ပါ
ချစ်သူယောက်ျားလေး အမှားလုပ်မိပြီဆို နားလည်ပါ

ချစ်သူမိန်းကလေးရဲ့ မွေးနေ့ဆို မှတ်ထားပါ
ချစ်သူယောက်ျားလေးရဲ့ မွေးနေ့ဆို သိတတ်ပါ

ချစ်သူရည်းစားဆိုတာ သူစိမ်းကနေ ရင်းနှီးသူအဖြစ်၊ ရင်းနှီးသူကနေ ချစ်ခင်သူအဖြစ် တစ်ဦးကိုတစ်ဦး အချစ်နဲ့လေးစားခြင်းရှိမှ ဒီအချစ်က တာရှည်တည်မြဲမှာဖြစ်တယ်။

ချစ်သူမိန်းကလေး +ချစ်သူယောက်ျားလေး

Posted by : လက်တွဲဖော် 0 Comments
(မင်းသဘော....
ငါအားလုံးလက်ခံတယ်....)
ကျန်တာတွေဘေးဖယ်
သေချာတော.တွေးကွယ်
ဒါကဘ၀ရေး တကယ်
အဖြေကို လွယ်လွယ်မပေးနဲ.
(မင်းသဘော....
ငါဘာမှမငြင်းပါကွယ်....)
သေချာပြီလား
ငါမေးမယ်. ဒီစကားကို
နှလုံးသားနဲ.ဖြေလား
ဦးနှောက်နဲ.ဖြေမလား...

မင်းသဘော...

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -