Posted by : လက်တွဲဖော် Friday, December 28, 2012

ဘ၀မှာ
တစ်သက်မှာတစ်ခါတော့ လက်မလွှတ်ချင်တဲ့သူတစ်ယောက် ပေါ်လာတတ်တယ်..

ကံကောင်းတဲ့သူတွေကတော့ အဲဒီလူကိုတွေ့တဲ့အချိန်မှာ သူ့ရဲ့လက်ကိုမလွှတ်တမ်းဖမ်းဆုပ်ထားနိုင်ခဲ့ပြီး ပျော်ရွှင်တဲ့အချစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ကြပေမယ့် ကံမကောင်းနိုင်တဲ့သူတွေကတော့ သူ့ဘက်ကလက်လှမ်းတာတောင်
ကိုယ့်ဘက်ကဖမ်းယူဆုပ်ကိုင်ထားဖို့မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာပဲ ရပ်တန့်ကျန်ရစ်ခဲ့ရရင်း တဘ၀လုံးစာနာကျင်မှုတွေကို
နှလုံးသားထဲမှာပဲကြိတ်မှိတ်ပြီးခံစားဖို့အတွက်
ရွေးချယ်ခဲ့ကြရပါတယ်..

အဲဒီလို..
လောကကြီးထဲကသိန်းသန်းမကလူတွေအများကြီးထဲမှာမှ ကံကောင်းစွာပျော်ရွှင်နိုင်ခဲ့ကြသူတွေကိုတော့
လိုက်ဖက်တဲ့ဘ၀လို့ လူသားတွေကသတ်မှတ်ကြပြီး
တိတ်ဆိတ်စွာကံဆိုးခဲ့ကြရသူတွေအတွက်ကိုတော့
ဖူးစာရေးနတ်မင်းကပဲ
အမည်တစ်ခု
သတ်မှတ်ပေးထားခဲ့ပါတယ်တဲ့..

အဲဒီနာမည်ကတော့..

“ဆု တောင်း မှား ခဲ့ ကြ သူတွေ” တဲ့လေ..

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -