Posted by : လက်တွဲဖော်
Friday, December 28, 2012
ကောင်လေးတွေ မသိသေးတဲ့ ကောင်မလေးတွေရဲ့ အမူအကျင့်လေးတွေ.......♥♥♥
1. ကောင်မလေးတွေက အားငယ်ရင် နှစ်သိမ့်ပေးမယ့် သူထက် အားပေးတတ်တဲ့သူကို ပိုလေးစားတတ်ကြတယ်
2. ဘယ်လောက်ဘဲ လှတဲ့သူတွေ့တွေ့ ကိုယ့်ချစ်သူသာ
အလှဆုံးလို့ လိမ်ပြောတာလေးလဲ နှစ်သက်ကြတယ်
3. စိတ်ရှည်လက်ရှည် သည်းခံချော့တတ်တဲ့သူထက်
ဘုဘောက် ကိုယ့်လိုဘဲ စိတ်မရှည်တတ်တဲ့သူကိုမှ ပိုနှစ်သက်ကြတယ်
4.မွေးနေ့တိုင်း အမှတ်တရလက်ဆောင်ပေးတာထက် ကိုယ်မွေးနေ့ကို စိတ်ထဲမှာ အမြဲမှတ်ထားတာကိုပိုနှစ်သက်ကြတယ်
5. မိုးရွာတိုင်း ကိုယ်ကောင်မလေး ရေစိုမှာဆိုးလို့ ထီးပေးတဲ့သူထက် နှစ်ယောက်လုံး ထီးတချောင်းထဲအတူတူဆောင်းရတာကို နှစ်သက်ကြတယ်
6. ဖုန်းဆက်တိုင်း လူကြီးမင်းနဲ့မတိုးဘဲ ဖုန်းအမြဲအားနေရင် ကိုယ်အပေါ်အရမ်းချစ်လို့ တခြားမိန်းကလေးတွေနဲ့ ဖုန်းမပြောတာပါလို့ စိတ်ထဲအမှတ်ပေးပြီ ယုံကြည့်လေးစားတတ်ကြတယ်
7. မနက်တိုင်း ကိုယ်ဖုန်းမက်ဆေ့ခ်ျမှာ မောနင်းဆိုတဲ့ စာတန်းလေးနဲ့ မနက်ခင်းရဲ့ နွေးထွေးမှုကို ခံစားတတ်ကြတယ်
ပျော်ရွှင်သော ချစ်သူဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ........ツ ツ ツ

Post a Comment