Posted by : လက်တွဲဖော်
Friday, December 28, 2012
တချို့လူက ထွက်သွားပြီဆိုရင် ထွက်သွားပြီပဲ
တစ်သက်လုံးစောင့်လည်း ပြန်လာမှာမဟုတ်တော့ဘူး
တချို့လူက မချစ်တော့ဘူးဆိုရင် မချစ်တော့ဘူးပဲ
ဘယ်လိုအတင်းအကြပ်လုပ်၊ အလျော့ပေးလဲ အချည်းနှီးသာဖြစ်တယ်
တချို့က ပျော်ရွှင်ချမ်းမြေ့ကြတယ်
မျက်စိတမှိတ်၊ မျက်တောင်တခတ်အတွင်းမှာ တစ်သက်တာကို အတူဖြတ်ကျော်ခဲ့ကြတယ်
တချို့က အရမ်းကံကောင်းတယ်
လက်စတွဲပြီဆိုတာနဲ့ ဆံဖြူသွားကျိုးတဲ့အထိ လက်တွဲမဖြုတ်ခဲ့ကြတော့ဘူး
တချို့က ဘယ်လိုကြိုးစားကြိုးစား ဘာမှမပြောင်းလဲနိုင်ခဲ့ဘူး
ပျော်ရွှင်ခြင်းဆိုတာ အနာဂတ်မှာမရှိဘူး၊ လက်ရှိပစ္စုပန်မှာပဲရှိတယ်
အချစ်ရောက်လာချိန်မှာ အချစ်ကိုထွေ့ပွေ့ပါ၊ ခံစားပါ၊ တန်ဖိုးထားမြတ်နိုးပါ..
အချစ်ထွက်သွားချိန်မှာ အချစ်ကိုကျေးဇူးတင်ပါ၊ ဆုမွန်ကောင်းပေးပါ၊
ထွက်သွားချင်သူကို ထွက်သွားခွင့်ပြုပါ၊ အချစ်ကို အတင်းအကြပ်လုပ်ယူလို့ မရပါဘူး၊
လက်လွတ်သင့်ချိန် လက်လွတ်ရဲရပါတယ်...
Post a Comment