Posted by : လက်တွဲဖော်
Friday, December 28, 2012
စိတ်ဓာတ်တွေကျလို. တစ်ယောက်တည်း
အားငယ်ရလွန်းတဲ့အချိန်တွေမှာ
ငါ့ အနား မင်းရှိနေပေးပါ..။
အထီးကျန်အဖော်မဲ့နေတဲ့
ခြောက်ကပ်နေ.ရက်တွေထဲမှာ
ငါ့ အနား မင်းရှိနေပေးပါ.....။
နှလုံးသားက တစ်စုံတစ်ရာကို
ပြင်းပြင်းရှရှ တမ်းတမိချိန်မှာ
ငါ့ အနား မင်းရှိနေပေးပါ..။
မညီမျှမှုတွေကို ဖက်ပြိုင်အံတုလို.
ခပ်ကြမ်းကြမ်းနေ.ရက်တွေထဲ
ရင်နာ ကြေကွဲရတဲ့အချိန်တွေမှာ
ငါ့ အနား မင်းရှိနေပေးပါ..။
နှစ်သိမ့်မှု ယုယမှုတွေနဲ.
ဖေးမမှုမလိုပေမဲ့
ငါ့ အနား မင်းရှိနေပေးပါ...။
အဆုံးသတ်မှာ...
အားလုံးကိုရှုံးနိမ့်ပေးခဲ့ရရင်
မင်းတစ်ယောက်ကိုတော့
ငါ့အနားမှာ(ရှိနေရုံလေး)
ရှိနေပေးပါကွယ်......၊။
Post a Comment