Archive for 08/22/12


နင် မရှိတဲ့ အချိန်တွေမှာ နင့်ကို အရမ်းလွမ်းတယ်.. နင်ရဲ့ အသံလေး အမြဲတမ်းကြားချင်နေတယ် နင့်ရဲ့ ဓာတ်ပုံလေးနဲ့ပဲ ငါ့ အလွမ်းတွေကို ချိုးနှိမ်နေရတယ် ငါလေ နင့်ကိုအရမ်းချစ်တာပဲ သိလား ငါ အရမ်းချစ်ခဲ့တာကို တချိန်မှာ မင်းနားလည်ပါစေ ချစ်သူ..

မင်းနားလည်ပါစေ ချစ်သူ..

Posted by : လက်တွဲဖော် 0 Comments

တစ်ချိန်ချိန်မှာ ငါတစ်ယောက်ယောက်နဲ့ ချစ်နေတာကို အရမ်းမြင်ချင်တယ်တဲ့ ချစ်သူရယ် ငါ့နှလုံးသားက မင်ကိုပေးလိုက်ပြီးမှတော့ အခြားတစ်ယောက်ကို ဘယ်လိုစိတ်မျိုးနဲ့ ချစ်နေရမှာလဲကွာ မင်းသိထားဖို့က အချစ်ဆိုတာ လိုသလို ပုံသွင်းယူလို့ရတဲ့ ဖယောင်းရုပ် တစ်ရုပ်မှ မဟုတ်တာ..

ဖယောင်းရုပ် တစ်ရုပ်မှ မဟုတ်တာ..

Posted by : လက်တွဲဖော် 0 Comments

မင်း နဲ့ ငါ ချစ်ခဲ့ဖူးတယ် ဒါ့ကြောင့် ငါရင်တွေ အချိန်နဲ့အမျှ ကွဲကြေနေတယ် မင်းပေးခဲ့တဲ့ အနမ်းတွေကိုသိမ်းထားရင်း မင်းမမြင်နိုင်တဲ့နေရာမှာ တိတ်တိတ်လေး သတိရနေမှာပါ...

သတိရနေမှာပါ..

Posted by : လက်တွဲဖော် 0 Comments

သူ့ကို့ ငါ မုန်းတယ် ငါ့အချစ်တွေ လစ်လျှူရှူခံရတဲ့အချိန်မှာ မုန်းတယ် ငါ့ကို ဥပက္ခာ ပြုထားတဲ့အချိန် မုန်းတယ် ငါဖုန်းဆက်ရင် မအားဘူးလို့ ပြောတဲ့အချိန် မုန်းတယ် ငါ့အချစ်တွေကို တန်ဘိုးမထားတဲ့အချိန် မုန်းတယ် ဒီအချိန်မှာလဲ မင်းကိုအရမ်းသတိရနေတယ် ဒါ့ပေမယ့် ဘာပဲဖြစ်ဖြစ် သူ့ကို ငါ ချစ်တယ် မင်းကို အရမ်းချစ်တယ်ကွာ.

မင်းကို အရမ်းချစ်တယ်ကွာ.

Posted by : လက်တွဲဖော် 0 Comments

မင်းကိုယ်တိုင် ပြုလုပ်သွားခဲ့တဲ့ တစ်ပတ်နွမ်းဘ၀ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အသစ်ချွတ်ချွတ်ဘ၀လေးကိုမှ မက်မောတယ်ဆိုလည်း သွားလိုက်ပါ ... ခြေသလုံးဖက်လို့ တောင်းပန်လိမ့်မယ် မထင်လေနဲ့ ... လွမ်းနေလိမ့်မယ် မထင်နဲ့ ... အိပ်မက်ထဲတောင် ထည့်မမက်စေရဘူး ..

ထည့်မမက်စေရဘူး ..

Posted by : လက်တွဲဖော် 0 Comments

သူငယ်ချင်းတွေမေးကြတယ် "နင့်ချစ်သူဘယ်သွားတာလဲ" ငါကလေးအထာလေးနဲ့ ပြုံးပြုံးလေးဖြေလိုက်ပါတယ် "ငါ့ချစ်သူလား သူ့ရည်းစားနဲ့လျှောက်လည်နေတယ် လို့လေ ရင်ထဲမှာတော့ မိုးဖွဲနေပြီပေါ့.............

"နင့်ချစ်သူဘယ်သွားတာလဲ

Posted by : လက်တွဲဖော် 0 Comments

ချစ်သူ နင်ပြောနေတဲ့ မော်ဒယ်လ်မြင့်ကားမစီးရလဲ....... မင်းနဲ့တူတူ ဘတ်စ်ကားတိုးစီးရတာကို ငါကျေနပ်တယ်........ နင်Samsung galaxy note နဲ့ ဖုန်းမခေါ်နိုင်လဲ........ လမ်းဘေး P.C.O ဖုန်းနဲ့ ခေါ်ရင်တောင် ကျေနပ်သူပါ........ နင်ပြောတဲ့ ထောင်ကျော်တန် coffee ကို နင်နဲ့အတူသောက်ရတဲ့ Nest coffe 100 တန်နဲ့လုံးဝမလဲနိုင်ဘူး......... ဒါကြောင့်......ငါ့အတွက်များများစားစားမလိုပါဘူးးးးး နင်နဲ့အတူ ပြာလွင့်တဲ့ကောင်းကင်ကို ငေးကြည့်နေချိန်လေးပဲ လိုအပ်တာပါ......

ချစ်သူ

Posted by : လက်တွဲဖော် 0 Comments

လမ်းခွဲခါနီး အချစ်သစ်တွေ့ပါစေ တဲ့.......... လှည့်ကြည့်ပါအုံး နင့်ကြောင့် စုတ်ပြတ်ခဲ့တဲ့ ငါ့နှလုံးသားလေး အချိန်က ကုစားပေးလို့ ဒါဏ်ရာကမကျက် ချုပ်ရိုးကပုံပျက်နဲ့ ဘယ်ကြားမှာ အချစ်သစ်ကိုထားမလဲ??? နေပါစေ မင်းချန်ထားတဲ့ နှလုံးသားအစုတ်နဲ့ ဂန္တ၀င်မြောက်အောင် မင်းကိုပဲချစ်နေပါရစေ...........

နေပါစေ

Posted by : လက်တွဲဖော် 0 Comments

မချစ်တတ်သူကို အချစ်တွေပေးပြီး ချစ်တတ်အောင် သင်ပေးပြီးမှ မင်းထွက်သွားတာ............ သင်ခန်းစာသစ်တစ်ခုလား??? အလွမ်းဆိုတဲ့ ဘာသာရပ်ကိုကျော်ပြီး ပေါင်းစည်းခြင်း သင်ခန်းစာပဲသင်ပါရစေ...........

ပေါင်းစည်းခြင်း

Posted by : လက်တွဲဖော် 0 Comments

ချစ်သူပေးတဲ့ အတွေးတစ်စ နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဒါတောင် သူပေးလိုက်တဲ့ အတွေးတစ်ခုသာ သူသာဆိုရင်........... အိုးးးးး..........အရှုံးပေးဖို့လာမပြောနဲ့ .............................................. ငါက သူ့ရှေ့မှာ ဒူးထောက်နေပြီးသား

ဒူးထောက်နေပြီးသား

Posted by : လက်တွဲဖော် 0 Comments

ချစ်သူရေ......... နွေခေါင်ခေါင်မှာ မိုးရွာစေချင်တယ်ဆိုရင် ငါ့မျက်ရည်နဲ့ နင့်ကို အေးချမ်းစေမှာပေါ့.............. ချစ်သူရေ........ ကောင်းကင်မှာ ရောင်စုံတံတားထိုးလမ်းလျှောက်ချင်တယ်ဆိုရင် သက်တန့်ကို ဖမ်းကာ တံတားထိုးပေးမှာပေါ့............ ချစ်သူရေ....... နင်သာ အလွမ်းနဲ့ စီးချင်းထိုးစေချင်ရင် အချစ်ဆိုတဲ့ဒိုင်းကို သုံးပြီး ငါစီးချင်းထိုးမှာပေါ့.............. ခုတော့...... နင်ပြောလိုက်တဲ့ အမိန့်တစ်ခုက ......................................... " အေးအေးချမ်းချမ်းနေရစ်ခဲ့ပါ" တဲ့လား???

အေးအေးချမ်းချမ်းနေရစ်ခဲ့ပါ" တဲ့လား

Posted by : လက်တွဲဖော် 0 Comments

ယုံအောင်လည်းပြောတက်တယ် လွမ်းအောင်လည်းချွဲတက်တယ်....ချစ်အောင်လည်းကျူတက်တယ်...ငိုအောင်လည်းစတက်တယ် ပျော်အောင်လည်းထားတက်တယ် ဒါပေမဲ့ ငါ့ အသဲကိုလာခွဲရင်တော့  သေအောင်လည်းသတ်တတ်တယ်

သေအောင်လည်းသတ်တတ်တယ်

Posted by : လက်တွဲဖော် 0 Comments

မချစ်တတ်သူကို ချစ်လာအောင် မင်းသင်ပေးတယ် မလွမ်းဖူးသူကို အလွမ်းတွေမင်းပေးတယ် ရယ်မောခြင်းတွေဟာ အနားမှာ မင်းရှိမှ အဓိပ္ပါယ်ပိုပြည့်စုံလာတယ် မျက်ရည်များနဲ့ ပြုံးတတ်လာတယ် မင်းကငါ့ရဲ့ ဆရာကြီးပါကွာ.............. မင်းထွက်သွားမယ်ဆိုရင်လဲ မေ့တတ်အောင်သင်ပေးခဲ့ပါ...

မေ့တတ်အောင်သင်ပေးခဲ့ပါ.

Posted by : လက်တွဲဖော် 0 Comments

*လူတစ်ယောက်ကို ♥နှစ်သက်မိတာဟာ ♥အနားမှာရှိနေမှ မဟုတ်ပါဘူး♥ ဘယ်နေရာမှာပဲ ♥ရှိနေပါစေ ♥မေတ္တာသာစစ်ခဲ့ရင် ♥သူဟာကို့ဘ၀ရဲ့ ♥အနက်ရှိုင်းဆုံး နေရာမှာ ♥အမြဲထာဝရ မပြောင်းလဲပဲ ရှိနေမှာပါ......*

မပြောင်းလဲပဲ ရှိနေမှာပါ.

Posted by : လက်တွဲဖော် 0 Comments

"မျက်ရည်" ဆိုတာ အရှုံးသမားရဲ့ အမှတ်အသားတဲ့...... ဘယ်သူတွေပြောပြော ပြောကြပါစေကွယ်....... "မျက်ရည်"ဆိုတာ ငါ့အတွက်တော့ ခံစားတတ်တဲ့ နှလုံးသားရှိကြောင်း သက်သေပြနိုင်တဲ့ တစ်ခုတည်းသောအရာ.....

"မျက်ရည်" ဆိုတာ

Posted by : လက်တွဲဖော် 0 Comments

မိုးတွေက သဲသဲ အိမ်မက်တွေလဲ အလဲအကွဲ မိုး နဲ့ အိမ်မက်ရယ် ငါမမုန်းရက်ဘူး........ မိုးရေ ခဏလောက် စဲပေးပါ အိမ်မက်တစ်ချို့ ပြန်ဆက်ချင်လို့

ပြန်ဆက်ချင်လို့

Posted by : လက်တွဲဖော် 0 Comments

ချစ်သူ...... ငါဟာ ချစ်သူကောင်းမဟုတ်ပါဘူး အရာရာကိုလှောင်ပြောင်တတ်တယ်... ခဏခဏရန်တွေ့တတ်တယ်.. အမြဲ သ၀န်တိုနေတတ်တယ်.. ဒါပေမဲ့..... အချစ်ကို မကစားတတ်ပါဘူးး တခြားသူကို မျှမပေးခဲ့ပါဘူး အချစ်သန့်သန့်လေးသာ ပေးခဲ့သူပါ......

အချစ်သန့်သန့်လေးသာ ပေးခဲ့သူပါ.....

Posted by : လက်တွဲဖော် 0 Comments

အသက် ' နဲ့ ' အချစ် ' ဘ၀မှာ အရေးပါဆုံးအရာနှစ်ခု ရွေးရခက်လိုက်တာ ချစ်သူရယ်.............. ဒါပေမဲ့..... အချစ်မရှိသော အသက်ရှင်ခြင်းဟာ ကိုယ့်အတွက်တော့ အဓိပ္ပါယ်မဲ့လွန်းတာမို့.......... နောက်ဆုံးသောထွက်သက်နဲ့အတူ " မင်းကို အသက်ထက်ပိုချစ်တယ် " လို့ပြောခဲ့ပါရစေ.....

အသက် ' နဲ့ ' အချစ် '

Posted by : လက်တွဲဖော် 0 Comments

မြင်မြင်သမျှကို သူ လို့ ထင်တတ်လွန်းလို့ မျက်လုံးကို ဖောက်ထုတ်လိုက်ခါမှ ခြေသံကြားတိုင်း သူလား? လို့ မျှော်လင့်တတ်ပြန်ပြီ..........

မျှော်လင့်တတ်ပြန်ပြီ

Posted by : လက်တွဲဖော် 0 Comments

မြင်မြင်သမျှကို သူ လို့ ထင်တတ်လွန်းလို့ မျက်လုံးကို ဖောက်ထုတ်လိုက်ခါမှ ခြေသံကြားတိုင်း သူလား? လို့ မျှော်လင့်တတ်ပြန်ပြီ..........

မျှော်လင့်တတ်ပြန်ပြီ

Posted by : လက်တွဲဖော် 0 Comments

ငါ့နှလုံးသား ယဲ့ယဲ့လေးပဲ ကျန်တော့လို့ မင်း......သိပ်ပျော်နေတာလား??? စိတ်ချလိုက်စမ်းပါ မင်းကြောင့် ကွဲခဲ့တဲ့ နှလုံးသားအစုတ်နဲ့ပဲ ခမ်းခမ်းနားနား ငါဆက်ချစ်အုံးမှာ သဘောပေါက်!!!!!

သဘောပေါက်!!!!!

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -