Archive for 12/31/12

 
ချစ်သူ
အနေဝေးနေလျှက်နဲ့
ရင်ဘတ်ချင်း နီးစပ်နေတဲ့အတွက်

အချိန်နာရီတွေ မတူညီပေမယ့်
အချိန်တိုင်း လွမ်းနေပေးတဲ့အတွက်

မိုင်တိုင်တွေ ခြားနေပေမယ့်
ခြေရာတိုင်းမှာ အရိပ်လေးဖြစ်နေပေးတဲ့အတွက်

အမူအကျင့် မတူညီပေမယ့်
စိတ်ကူးအတွေးတွေ ထပ်တူကျနေတဲ့အတွက်

ဘုရားသွားကျောင်းတက်
အတူမရှိနိုင်ပေမယ့်
အလှူအတန်းတိုင်း အတူတူပြုခွင့်ရတဲ့အတွက်

အရာရာတိုင်းအတွက် ဝမ်းသာကျေနပ်
အတူတူရှိခြင်း မရှိခြင်းထက်
တူညီတဲ့ ခံစားမှုတိုင်းက
အတိုင်းအဆမရှိ ပိုချစ်မိစေတယ် ချစ်သူ

ချစ်သူ

Posted by : လက်တွဲဖော် 0 Comments

♥ ငါ့ဘက်က "နင့်ကိုချစ်တယ်" လို့ပြောတိုင်း ...

ငါအမှန်အတိုင်းပြောနေတယ်ဆိုပြီး အမြဲယုံကြည်ပေးပါ ။

♥ ငါ့ဘက်က "နင့်အနားမှာ အမြဲရှိမယ်" လို့ပြောတိုင်း ...
ငါနင့်အနားကနေ ထွက်ခွာမသွားဘူး ဆိုပြီး နင့်စိတ်ထဲက အလိုလို သိနေပေးပါ ။

♥ ငါ့ဘက်က "နင့်ကိုနှုတ်ဆက်ခဲ့ပါတယ်"လို့ ပြောတဲ့အချိန်ကျရင်လည်း ...
နင်မငို ပါဘူး လို့ ငါ့ကိုကတိပေးပါ။

♥ဘာ့ကြောင့်လဲဆိုတော့ ငါနင့်ကို နှုတ်ဆက်စကားပြောတဲ့နေ့ဟာ ငါသေဆုံးမယ့်နေ့ ဖြစ်နေလို့ပါ ...
ချစ်သူရယ်....

ငါသေဆုံးမယ့်နေ့

Posted by : လက်တွဲဖော် 0 Comments
ကတိပေးနိုင်မလား

ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ငါ့ကိုနားလည်ပေးဖို့
ဘာကြောင့်မှ ငါ့ကိုထားမသွားဖို့
ပြဿနာဖြစ်လာရင် တိုင်တိုင်ပင်ပင်နဲ့ဖြေရှင်းဖို
စိတ်ထဲမတင်မကျှရှိနေရင် ပွင့်ပွင့်လင်းလင်းပြောမယ်လို့
အမှားရှိခဲ့ရင် ငါတောင်းပန်ရင်လက်ခံပေးဖို့
မပြေလည်တာတွေပြေလည်အောင် အတူတိုင်ပင်ဖြတ်သန်းဖို့
ဘယ်တော့မှငါနဲ့ဆန့်ကျင်ဖက်လမ်းမလျှောက်ဖို့
ငါဘယ်လောက်စိတ်ဓာတ်မာကျောပစေ နင့်ကိုလိုအပ်တာ ထာဝရသိနေဖို့
ဆိုတဲ့ကတိ ပေးနိုင်မလား

ငါမတည်နိုင်တဲ့ကတိတွေတောင်းမိနေတာများလား ????????

ကတိပေးနိုင်မလား

Posted by : လက်တွဲဖော် 0 Comments
ချစ်သူ ...

နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဒါလေးတွေ ငါတောင်းဆိုချင်တယ်။


❤ စိတ်ကောက်ပြီး ငါဖုန်းချသွားတဲ့ အခါတိုင်း ဖုန်းချက်ချင်း ပြန်ခေါ်ပေးပါ!

❤ ငါနင့်ကို သ၀န်တိုမိတဲ့အခါတိုင်း အရမ်းချစ်လို့ဆိုတာ နားလည်ပေးပါ!

❤ ရန်ဖြစ်ပြီး ပြန်တည့်သွားတဲ့အခါတိုင်း နည်းနည်းလေးပိုတိုးပြီး ချစ်ပေးပါ!

❤ ငါဝမ်းနည်းမျက်ရည်ကျတဲ့အခါတိုင်း နင့်ရင်ခွင်လေးထဲ သွင်းပြီး ထွေးပွေ့ပေးပါ!!

❤ အဆင်မပြေမှုတွေ ကြုံတဲ့အခါတိုင်း သည်းခံပြီးဆက်ချစ်ပေးပါ!!

နောက်ဆုံး ...

❤ ငါသွေးပူနေလို့ လမ်းခွဲစကားပြောခဲ့မိရင်တောင် နင့်ဘက်က ငါ့ကို တားပေးပါ!!

ငါတောင်းဆိုချင်တယ်။

Posted by : လက်တွဲဖော် 0 Comments
• ★HAPPY NEW YEAR 2013★ 。 • ˚ ˚ ˛ ˚ ˛ •☆ •。★ 。* 。★ 。* 。★ 。* 。★ 。* 。★ 。* 。★ 。* 。 ° ☆° ˛˚˛ * Π____*。*˚☆HAPPY 。★ 。* 。 ★ ˚ ˛ •˛•˚ */______/~\。˚ ˚ ˛HEALTHY 。★ 。* 。 ˚☆ •˛• ˚ |田田|門 | ˚•˚ *★ x WEALTHY ☆ •。★ 。* 。★ 。* 。★ 。* 。★ 。* 。★ 。* 。★ 。* 。 °★ 。* 。★ 。* 。★ 。* 。★ 。* 。★ 。* 。★ 。* 。★ 。* 。* 。 。*。 မင်္ဂလာရှိသောနှစ်သစ်ကိုကြိုဆိုပါတယ်။。* 。。 * 。 * 。* 。 နှစ်သစ်မှာ ပျော်ရွှင်လမ်းမြေ့ကြပါစေ။ 。 •˛•* 。*i 。* 。* 。 * 。* 。* 。* 。ကျန်းမာ၊ ချမ်းသာကြပါစေ။ * 。 * အေးချမ်းသောဘ၀များပိုင်ဆိုင်ကြပါစေ

မင်္ဂလာရှိသောနှစ်သစ်ကိုကြိုဆိုပါတယ်။

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -