Archive for 02/18/13


♥♥♥♥♥♥အချစ်လက်ဆောင်♥♥♥♥♥♥



♥ချစ်သူနှစ်ဦး စတင်ချစ်မိကြပြီဆိုရင်…

နူးညံ့သိမ်မွေ့ တဲ့ ချစ်ခြင်းတွေနဲ့ အတူ

သတိရခြင်း နဲ့ လွမ်းဆွတ်ခြင်းကို ပါ ပိုင်ဆိုင်ရပါလိမ့်မယ်..




♥ကိုယ်ချစ်တဲ့သူ တစ်ယောက် အတွက်..

သတိရတာ ၊ လွမ်းဆွတ်ရတာ …ဟာ

အကောင်အထည်မပြနိုင်ပေမဲ့.. ခံရတော့ခက်သား..



♥သူဘာတွေ လုပ်နေမလဲ ၊ သူဘယ်တွေသွားနေမလဲ..

သူသတိမှရပါ့မလား… သူအဆင်မှပြေပါ့မလား..

စသဖြင့်မွေးခွန်းပေါင်းများစွာကို စိတ် နဲ့  ကိုယ် မကပ်နိုင်အောင်

တွေးတောနေတတ်ကြတဲ့ အချိန် မှာ…

ကိုယ်ခံစားရတဲ့ ခံစားမှု့  က အထီးကျန်တဲ့ခံစားမှု့ ..



♥ဒိလိုအချိန် ကိုယ်ချစ်တဲ့သူဆီက..

မက်ဆေ့လေးဖြစ်ဖြစ် ၊ ဖုန်းလေးဖြစ်ဖြစ်

ဝင်လာခဲ့ရင်တော့…ဖော်မပြနိုင်တဲ့ကြည်နူးမှု့ တွေနဲ့ 

ပျော်ရွင်နေတဲ့ အချိန်မှာ..

ကိုယ်ခံစားရတဲ့..ခံစားမှု့ကပြီးပြည့်စုံတဲ့ခံစားမှု



ဒါဟာချစ်တဲ့သူတိုင်းအတွက်

မလွဲမသေ ရင်ဆိုင်ကြုံတွေ့ ရမဲ့

မငြင်းပယ်နိုင်တဲ့ အချစ်ရဲ့လက်ဆောင် တစ်ခုပါဘဲ…



Np

အချစ်လက်ဆောင်

Posted by : လက်တွဲဖော် 0 Comments
အချစ်ရဲ့ညှို့ဓာတ်ကို ဘယ်သူမှမလွန်ဆန်နိုင်ခဲ့ကြဘူး
အချစ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီး
တကယ်လို့ အချစ်ကို ဘဝထဲကသင်ယူစရာသင်ခန်းစာတစ်ခုလို့ မှတ်ယူခဲ့ရင်
ကံမကောင်းမှာကို သင်ကြောက်နေစရာမလိုတော့ပါဘူး
သင့်အချစ်ကို ပိုပြီးတော့တောင် ရင့်ကျက်စေနိုင်ဦးမှာ
အချစ်ဆိုတာ ဆူးပါတဲ့နှင်းဆီလိုပဲ သူ့အနားကပ်ချင်ရင် ဆူးစူးတဲ့ဒဏ်ကိုခံရဖို့ ပြင်ဆင်ထားသင့်တယ်
သင်သာဆန္ဒရှိခဲ့ရင် ဆူးစူးခံရတာကလဲ သင့်အတွက် ကြည်နူးခြင်းတစ်မျိုးဖြစ်ပါလိမ့်မယ်

အချစ်ဆိုတဲ့လမ်းပေါ်မှာ သင်ယူခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်
အချင်းချင်းနားလည်နိုင်တဲ့ သင်ယူခြင်း
အချင်းချင်းခွင့်လွှတ်သည်းခံနိုင်တဲ့ သင်ယူခြင်း
အချင်းချင်းအပေးအယူမျှတဲ့ သင်ယူခြင်း
အချင်းချင်းဖေးမအားပေးတဲ့ သင်ယူခြင်း
..................
မပြတ်သင်ယူနေမှ လိုရာခရီးဆီ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး အတူတကွလျှောက်လှမ်းနိုင်မှာဖြစ်တယ်
.

အချစ်ဆိုတဲ့လမ်းပေါ်မှာ

Posted by : လက်တွဲဖော် 0 Comments
တချို့ယောက်ကျားတွေက အရမ်းချမ်းသာပြီး
ပိုက်ဆံသုံးနိုင်သွားရင်
မိန်းမတွေကို ဂရုမစိုက်တတ်တော့ဘူး

တချို့မိန်းမတွေကလည်း သိပ်ထက်မြက်သွားရင်
ယောက်ကျားတွေကို အရေးမလုပ်တော့ဘူး

အဲဒါကြောင့် တချို့ထက်မြက်တဲ့လူအချင်းချင်း
ညားတဲ့အိမ်ထောင်ရေးတွေက
နွေးထွေးမှုမရှိပဲ စက်ရုပ်ဆန်သွားကြတာပေါ့



ခင်မင်လျက်
ကောင်ကလေး
16-02-13

နွေးထွေးမှု

Posted by : လက်တွဲဖော် 0 Comments
တကယ့်အချစ်ဆိုတာ
ဘယ်တော့မှ ရန်မဖြစ်၊ စိတ်မကောက်၊ စိတ်မတိုတာ၊ မငြင်းခုန်ကြတာမဟုတ်ဘူး

ရန်ဖြစ်ငြင်းခုန်ကြသည့်တိုင်၊ စိတ်ဆိုးစိတ်ကောက်ကြသည့်တိုင်၊ ငိုကြွေးအော်ငေါက်ကြသည့်တိုင်
ကိုယ်အချစ်ဆုံး၊ အကြင်နာဆုံး၊ ကိုယ်စိတ်မကောင်းဖြစ်ရဆုံးက သူဖြစ်နေသေးတာပါပဲ. . .
.

တကယ့်အချစ်ဆိုတာ

Posted by : လက်တွဲဖော် 0 Comments
လူတွေပြောလည်းပြောစရာ
ငါတို့တွေကအနာတ၇ဒီအိပ်မက်တွေကိုမှ ခဏခဏ မက်ချင်နေခဲ့သူပါ..

ပျော်ရွှင်မှုတွေကင်းနေတဲ့
ပျောက်ဆုံးနေတဲ့လူငယ်ဘဝတွေကြားကလူငယ်တစ်စု

သွေးတွေချွေးတွေကြားငါတို့ညီကိုတွေရုတ်းကန်နေခဲ့ရတယ်
တိတ်ဆိတ်နေတဲ့တောတောင်တွေကြား
ချန်ခဲ့ရတဲ့ရဲဘော်တွေ ကြွေလွင့်သွားတဲ့
အပွင့်လေးတွေ

တောင်တောင်တွေထဲက မြေပြင်တွေထဲ
ဘယ်သူမှ မမြင်နိုင်ခဲ့ ကျဆုံးစစ်သည်တွေ
မမြင်တိုင်တဲ့မျက်ဝန်းအစုံနဲ့
နိုင်ငံချစ်စိတ်တွေ
ငါတို့ပုံ၇ိပ်တွေကို အချိန်တိုင်း ထုဆစ်နေခဲ့တာပါ..

ငါတို့တွေဝင်လာကတည်းက
ယောက်ျားကောင်းဖြစ်လာဖို့လေ
ယောက်ျားတွေတိုင်းစစ်သားမဖြစ်လာနိုင်သလို
ယောက်ျားတိုင်းသေခြင်းတရားကိုရင်မဆိုင်ရဲကျဘူး

မတစ်ထောင်တစ်ကောင်ဖွားတွေဖြစ်လာတဲ့ငါတို့မှာ
သေခြင်းတရားတွေရှိတယ်
လွပ်လပ်နေတဲ့လူငယ်ဘဝတွေရှိတယ်
အပွင့်လေးတစ်ပွင့်အတွက်ပေးဆပ်ခဲ့ရတဲ့ချွေးတွေသွေးတွေရှိတယိ
နောက်တန်းကမေတ္တာပို့နေတဲ့မိခင်တွေရှိတယ်

ဒူးမထောက်လက်မမြှောက်စိတ်ဓာတ်တွေနဲ့ငါတို့
စကားလေးတစ်လုံးအတွက်စိတ်ဓာတ်မကျစေရဘူး
ကျည်ဆန်တွေကြား အသက်ရှုနေရတဲ့ငါတို့တွေအတွက်
ဒီပါးစပ်ကျည်ဆန်ဆိုတာ လေသေနတ်ဘဲ

ဝါးလုံးသိမ်းရမ်းနေတဲ့စကားလုံးတွေက
ငါတို့တွေရဲ့မျိုးချစ်စိတိကိုပိုစေတယ်

တနေ့တချိန်သေမယ်ဆိုတာသိပေမဲ့
မရေရာခြင်းတွေအတွက် ကျွန်တော့်တို့ခါးစီးဖို့ေ၇၇ာခြင်းတွေက မလုံလောက်သေးဘူး..

အပြန်မ၇ှိတဲ့ ဒီခ၇ီးကိုမှ ငါတို့ဘဝမြစ်က၇ိုးအစွာစီးဆင်းခဲ့.. ဘာပဲဖြစ်ဖြစ် ဟောဒီေ၇သောက်မြစ်လေးဆိုတဲ့နိုင်ငံချစ်စိတ်လေးမသေဆုံးသေ၇ွ့
ငါတို့သစ်ပင်လေးဝေနေဦးမယ်...

အပွင့်လေးတွေ

Posted by : လက်တွဲဖော် 0 Comments
  1. အနေဝေးလို့ သွေးအေးတယ်တဲ့
    ဒါဆိုရင် အစကတည်းက အိမ်နားက လူကိုဘဲ ချစ်သူအဖြစ်ရွေးချယ်ထားပါလား

    အားငယ်နေတာတွေ့ လို့  အားပေးမိတယ်တဲ့
    ဒါဆိုရင် အစကတည်းက မင်းလုပ်ရပ်ကြောင့်အားငယ်နေတဲ့ ကိုယ့်ကို အရင် အားပေးထားပါလား

    အထီးကျန်နေတာတွေ့ လို့  သနားစိတ် ဝင်မိတယ်တဲ့
    ဒါဆိုရင် အစကတည်းက မင်းနှလုံးသားနဲ့  ဝေးရာကို အခုရောက်နေတဲ့ ကိုယ့်ကို အရင် သနားစိတ်ဝင်ထားပါလား

    ချစ်သူ
    လမ်းခွဲစကားပြောတယ်ဆိုတာ လွယ်လွယ်လေးပါ

    အကြောင်းပြချက်မျိုးစုံနဲ့ တော့ ကိုယ့်ကို လမ်းခွဲဖို့ လာမပြောပါနဲ့ 
    နှလုံးသားထဲ သော့ခတ်သိမ်းထားမယ့်မင်းပုံရိပ်လေးတွေကို ကိုယ်ကိုတိုင် အပြင်ကို မတွန်းပို့ ချင်လို့ ပါ~~~

    ( ဇင် နှင်း )

အနေဝေးလို့ သွေးအေးတယ်တဲ့

Posted by : လက်တွဲဖော် 0 Comments
နေချင်တာက ချစ်သူရဲ့အနား
မှာပါ နေခွင့်ရနေတာက ချစ်သူ
နဲ့အဝေးဆုံးမှာပေါ့...

အကွားဝေးဆိုတာကိုယ်ငါ
မကြောက်ပေမဲ့ငါတို့နှစ်ယောက်
ပေါင်းစည်းထားတဲ့နှလုံးသား
လေးနှစ်ခုဝေးသွားမှာပဲငါ
ကြောက်တာပါ ချစ်သူ...

အနေနီးမှအချစ်စစ်ဆိုတာထက်
အနေဝေးပေမဲ့တယောက်အပေါ်
မှာတယောက်နားလည်မှုလေး
တွေနဲ့ချစ်နေကြရင်အနေနီးတာ
ထက်သာပါတယ် ချစ်သူ...




phoe phyu

အကွားဝေးဆိုတာ

Posted by : လက်တွဲဖော် 0 Comments
ကိုယ်ဟာတစ်စုံတစ်ယောက်အတွက်
အရေးမပါတော့ဘူးဆိုတဲ့ ခံစားချက်ဟာ
သိပ်ကိုဝမ်းနည်းစရာကောင်းတယ်

ကိုယ်ဟာ တစ်စုံတစ်ယောက်အတွက်
အရေးပါနေသေးတယ်ဆိုတဲ့ ခံစားချက်ကျတော့
သိပ်ကိုကြည်နူးစရာကောင်းတယ်

တဖြည်းဖြည်းနဲ့သိလာခဲ့ရတယ်
ဘဝရဲ့ရှင်သန်ခြင်းအဓိပ္ပါယ်ဆိုတာ
ကိုယ့်ကိုအရေးပါတယ်လို့ယူဆတဲ့လူတွေရှိမှပိုပြီးပြည့်စုံတယ်ဆိုတာကိုပေါ့~~



တစ်စုံတစ်ယောက်အတွက် သင်ဟာအရေးပါနေပြီလား?

ဘယ်သူစိမ်းတစ်ယောက်အတွက်မှအရေးမပါတော့ရင်လည်း
စိတ်မပျက်ပါနဲ့ သင်ဟာ သင့်မိဘအတွက်တော့အမြဲအရေးပါတဲ့ လူတစ်ယောက်ပဲလေ




ခင်မင်လျက်
ကောင်ကလေး
18-02-13

တစ်စုံတစ်ယောက်အတွက်

Posted by : လက်တွဲဖော် 0 Comments
အနေဝေးလို့ သွေးအေးတယ်တဲ့
ဒါဆိုရင် အစကတည်းက အိမ်နားက လူကိုဘဲ ချစ်သူအဖြစ်ရွေးချယ်ထားပါလား

အားငယ်နေတာတွေ့ လို့  အားပေးမိတယ်တဲ့
ဒါဆိုရင် အစကတည်းက မင်းလုပ်ရပ်ကြောင့်အားငယ်နေတဲ့ ကိုယ့်ကို အရင် အားပေးထားပါလား

အထီးကျန်နေတာတွေ့ လို့  သနားစိတ် ဝင်မိတယ်တဲ့
ဒါဆိုရင် အစကတည်းက မင်းနှလုံးသားနဲ့  ဝေးရာကို အခုရောက်နေတဲ့ ကိုယ့်ကို အရင် သနားစိတ်ဝင်ထားပါလား

ချစ်သူ
လမ်းခွဲစကားပြောတယ်ဆိုတာ လွယ်လွယ်လေးပါ

အကြောင်းပြချက်မျိုးစုံနဲ့ တော့ ကိုယ့်ကို လမ်းခွဲဖို့ လာမပြောပါနဲ့ 
နှလုံးသားထဲ သော့ခတ်သိမ်းထားမယ့်မင်းပုံရိပ်လေးတွေကို ကိုယ်ကိုတိုင် အပြင်ကို မတွန်းပို့ ချင်လို့ ပါ~~~

( ဇင် နှင်း )

အနေဝေးလို့ သွေးအေးတယ်တဲ့

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -