Posted by : လက်တွဲဖော် Monday, February 18, 2013

လူတွေပြောလည်းပြောစရာ
ငါတို့တွေကအနာတ၇ဒီအိပ်မက်တွေကိုမှ ခဏခဏ မက်ချင်နေခဲ့သူပါ..

ပျော်ရွှင်မှုတွေကင်းနေတဲ့
ပျောက်ဆုံးနေတဲ့လူငယ်ဘဝတွေကြားကလူငယ်တစ်စု

သွေးတွေချွေးတွေကြားငါတို့ညီကိုတွေရုတ်းကန်နေခဲ့ရတယ်
တိတ်ဆိတ်နေတဲ့တောတောင်တွေကြား
ချန်ခဲ့ရတဲ့ရဲဘော်တွေ ကြွေလွင့်သွားတဲ့
အပွင့်လေးတွေ

တောင်တောင်တွေထဲက မြေပြင်တွေထဲ
ဘယ်သူမှ မမြင်နိုင်ခဲ့ ကျဆုံးစစ်သည်တွေ
မမြင်တိုင်တဲ့မျက်ဝန်းအစုံနဲ့
နိုင်ငံချစ်စိတ်တွေ
ငါတို့ပုံ၇ိပ်တွေကို အချိန်တိုင်း ထုဆစ်နေခဲ့တာပါ..

ငါတို့တွေဝင်လာကတည်းက
ယောက်ျားကောင်းဖြစ်လာဖို့လေ
ယောက်ျားတွေတိုင်းစစ်သားမဖြစ်လာနိုင်သလို
ယောက်ျားတိုင်းသေခြင်းတရားကိုရင်မဆိုင်ရဲကျဘူး

မတစ်ထောင်တစ်ကောင်ဖွားတွေဖြစ်လာတဲ့ငါတို့မှာ
သေခြင်းတရားတွေရှိတယ်
လွပ်လပ်နေတဲ့လူငယ်ဘဝတွေရှိတယ်
အပွင့်လေးတစ်ပွင့်အတွက်ပေးဆပ်ခဲ့ရတဲ့ချွေးတွေသွေးတွေရှိတယိ
နောက်တန်းကမေတ္တာပို့နေတဲ့မိခင်တွေရှိတယ်

ဒူးမထောက်လက်မမြှောက်စိတ်ဓာတ်တွေနဲ့ငါတို့
စကားလေးတစ်လုံးအတွက်စိတ်ဓာတ်မကျစေရဘူး
ကျည်ဆန်တွေကြား အသက်ရှုနေရတဲ့ငါတို့တွေအတွက်
ဒီပါးစပ်ကျည်ဆန်ဆိုတာ လေသေနတ်ဘဲ

ဝါးလုံးသိမ်းရမ်းနေတဲ့စကားလုံးတွေက
ငါတို့တွေရဲ့မျိုးချစ်စိတိကိုပိုစေတယ်

တနေ့တချိန်သေမယ်ဆိုတာသိပေမဲ့
မရေရာခြင်းတွေအတွက် ကျွန်တော့်တို့ခါးစီးဖို့ေ၇၇ာခြင်းတွေက မလုံလောက်သေးဘူး..

အပြန်မ၇ှိတဲ့ ဒီခ၇ီးကိုမှ ငါတို့ဘဝမြစ်က၇ိုးအစွာစီးဆင်းခဲ့.. ဘာပဲဖြစ်ဖြစ် ဟောဒီေ၇သောက်မြစ်လေးဆိုတဲ့နိုင်ငံချစ်စိတ်လေးမသေဆုံးသေ၇ွ့
ငါတို့သစ်ပင်လေးဝေနေဦးမယ်...

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -