Posted by : လက်တွဲဖော် Monday, February 18, 2013

  1. အနေဝေးလို့ သွေးအေးတယ်တဲ့
    ဒါဆိုရင် အစကတည်းက အိမ်နားက လူကိုဘဲ ချစ်သူအဖြစ်ရွေးချယ်ထားပါလား

    အားငယ်နေတာတွေ့ လို့  အားပေးမိတယ်တဲ့
    ဒါဆိုရင် အစကတည်းက မင်းလုပ်ရပ်ကြောင့်အားငယ်နေတဲ့ ကိုယ့်ကို အရင် အားပေးထားပါလား

    အထီးကျန်နေတာတွေ့ လို့  သနားစိတ် ဝင်မိတယ်တဲ့
    ဒါဆိုရင် အစကတည်းက မင်းနှလုံးသားနဲ့  ဝေးရာကို အခုရောက်နေတဲ့ ကိုယ့်ကို အရင် သနားစိတ်ဝင်ထားပါလား

    ချစ်သူ
    လမ်းခွဲစကားပြောတယ်ဆိုတာ လွယ်လွယ်လေးပါ

    အကြောင်းပြချက်မျိုးစုံနဲ့ တော့ ကိုယ့်ကို လမ်းခွဲဖို့ လာမပြောပါနဲ့ 
    နှလုံးသားထဲ သော့ခတ်သိမ်းထားမယ့်မင်းပုံရိပ်လေးတွေကို ကိုယ်ကိုတိုင် အပြင်ကို မတွန်းပို့ ချင်လို့ ပါ~~~

    ( ဇင် နှင်း )

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -