Posted by : လက်တွဲဖော် Monday, February 18, 2013

အချစ်ရဲ့ညှို့ဓာတ်ကို ဘယ်သူမှမလွန်ဆန်နိုင်ခဲ့ကြဘူး
အချစ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီး
တကယ်လို့ အချစ်ကို ဘဝထဲကသင်ယူစရာသင်ခန်းစာတစ်ခုလို့ မှတ်ယူခဲ့ရင်
ကံမကောင်းမှာကို သင်ကြောက်နေစရာမလိုတော့ပါဘူး
သင့်အချစ်ကို ပိုပြီးတော့တောင် ရင့်ကျက်စေနိုင်ဦးမှာ
အချစ်ဆိုတာ ဆူးပါတဲ့နှင်းဆီလိုပဲ သူ့အနားကပ်ချင်ရင် ဆူးစူးတဲ့ဒဏ်ကိုခံရဖို့ ပြင်ဆင်ထားသင့်တယ်
သင်သာဆန္ဒရှိခဲ့ရင် ဆူးစူးခံရတာကလဲ သင့်အတွက် ကြည်နူးခြင်းတစ်မျိုးဖြစ်ပါလိမ့်မယ်

အချစ်ဆိုတဲ့လမ်းပေါ်မှာ သင်ယူခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်
အချင်းချင်းနားလည်နိုင်တဲ့ သင်ယူခြင်း
အချင်းချင်းခွင့်လွှတ်သည်းခံနိုင်တဲ့ သင်ယူခြင်း
အချင်းချင်းအပေးအယူမျှတဲ့ သင်ယူခြင်း
အချင်းချင်းဖေးမအားပေးတဲ့ သင်ယူခြင်း
..................
မပြတ်သင်ယူနေမှ လိုရာခရီးဆီ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး အတူတကွလျှောက်လှမ်းနိုင်မှာဖြစ်တယ်
.

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -