Archive for 10/24/12


ငါ့ကို စွဲစွဲမြဲမြဲ တစ်သက်လုံးမှတ်ထားပါလို့ မတောင်းဆိုပါဘူး
နင့်ဘဝထဲ ငါရောက်ခဲ့တယ်ဆိုတာကိုပဲ မှတ်ထားပေးပါ

ပခုံးချင်းရှပ်တိုက်သွားတဲ့လူတိုင်း ရင်းနှီးခွင့်ရကြတာမဟုတ်ဘူး
ခင်မင်တဲ့လူတိုင်းလည်း လက်ချင်းတွဲထားနိုင်ကြတာမဟုတ်ဘူး

အနည်းဆုံးတော့ ဒီဘဝ အဲဒီနေရာလေးမှာ
ငါတို့ တွေ့ခဲ့ကြတယ်၊ ငါတို့ ရင်းနှီးခဲ့ကြတယ်

အပြောကျယ်တဲ့ဒီလောကကြီးထဲ နင်နဲ့သိခွင့်ရခဲ့တာ ဝမ်းသာတယ်
နင်နဲ့ချစ်ခွင့်ရခဲ့လို့ ကျေးဇူးတင်တယ်

မမေ့ပါနဲ့. . . နင့်ဘဝထဲ ငါရောက်ခဲ့ဖူးတယ်

မမေ့ပါနဲ့.

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -