Archive for 10/20/12
စိတ်ချနေလိုက်ပါ ချစ်သူ
ငါနင့်ကိုအရောင်လွင့်ခြင်းကင်းတဲ့
ချစ်ခြင်းတွေနဲ့အတူတူ
စောင့်နေပါ့မယ်ဆိုတာ။
စိတ်ချနေလိုက်ပါ ချစ်သူ
နင်ကလွဲရင်
ငါ့ရင်ခုန်သံတွေ
တစ်ပါးသူလက်ထဲမရောက်စေရပါဘူးဆိုတာ။
စိတ်ချနေလိုက်ပါ ချစ်သူ
ငါဆိုတာ နင့်အတွက်ဖြစ်တည်
နင့်ကိုမျှော်လင့်ရင်း
နေ့ရက်တိုင်းကို အသက်ဆက်နေသူဆိုတာ
နင်သိပါစေတော့။
ကြယ်ကြွေချိန် ဆုတောင်းတိုင်းပြည့်တယ်ဆိုရင်....ချစ်သူရေ
ငါကတော့ ဆုတောင်းမိတယ်....ငါ့ကို ချစ်တဲ့
မင်းအချစိတွေ ကြယ်လိုမကြွေသွားပါစေနဲ့လို့လေ...
►