Posted by : လက်တွဲဖော် Saturday, October 20, 2012


စိတ်ချနေလိုက်ပါ ချစ်သူ

ငါနင့်ကိုအရောင်လွင့်ခြင်းကင်းတဲ့

ချစ်ခြင်းတွေနဲ့အတူတူ


စောင့်နေပါ့မယ်ဆိုတာ။

စိတ်ချနေလိုက်ပါ ချစ်သူ

နင်ကလွဲရင်

ငါ့ရင်ခုန်သံတွေ

တစ်ပါးသူလက်ထဲမရောက်စေရပါဘူးဆိုတာ။

စိတ်ချနေလိုက်ပါ ချစ်သူ

ငါဆိုတာ နင့်အတွက်ဖြစ်တည်

နင့်ကိုမျှော်လင့်ရင်း

နေ့ရက်တိုင်းကို အသက်ဆက်နေသူဆိုတာ

နင်သိပါစေတော့။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -