ဘာရယ်မှမဟုတ်ပါဘူး................ ငှက်တွေထပြန်သွားကြတယ်... ဘာရယ်မှမဟုတ်ပါဘူး..... လူတချို့နှုတ်ဆက်သွားကြတယ်... ဘာရယ်မှမဟုတ်ပါဘူး..... လူတချို့အသဲကွဲကြတယ်.... ဘာရယ်မှမဟုတ်ပါဘူး.... ငါလဲဒီကဗျာကိုရေးမိခဲ့တယ်.
I miss u!

ဘာရယ်မှမဟုတ်ပါဘူး....

Posted by : လက်တွဲဖော် 0 Comments
ချစ်သူ တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစား နားလည်ပေးရင်း ယုံကြည်ခွင့်လွတ်သည်းခံပေးရင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း သီးခြားကမ္ဘာထဲမှာ နေကြမယ်

သီးခြားကမ္ဘာထဲမှာ နေကြမယ်

Posted by : လက်တွဲဖော် 0 Comments

နင်ပြောဖူးတဲ့ အချစ်စစ်တစ်ခုကို ငါဖြည့်ဆည်းခဲ့တယ်နော်xxxx

အရာရာ နင့်အတွက်အမြဲအသင့် ရှိသူနော်XXXXXXX

နင်ဒါဆိုဒါ ငါ့ခေါင်းလေးငြိတ့်လို့  မင်းနဘေးနားမှာ....

ကျောက်ရုပ်လေးလို အမြဲ တမ်းရှိတာငါ

မနက်ခင်း အလင်းမှိန် နှင်းများကျချိန် ငါသတိရနေလို့ 

အရင်က ငါ့ပခုံးလေးဖက်ပြီး လမ်းလျှောက်ဖူးတယ်နော်

ပြန်လာမယ်ဆို ဟိုးအဝေးဆုံးကို ပြေးထွက်သွားခဲ့သူXXXX

အရိပ်သစ်တစ်ခုမှာ မင်းလေးနားခိုမလားး

ခေတ္တခဏတာ ငါ့အနားမင်းရှိခဲ့ပါတယ်

အငွေ့ အသက်လေးတွေ လတ်ဆတ်လို့ နေဆဲXXXXXXX

မုန်းမေ့မရပါ ရင်ထဲမင်းမှမင်းပါပဲ

ခွင့်လွတ်နားလည်ချစ်နေမယ် မင်းအတွက်

တကယ်ပါ အစားထိုးမရနိုင် မင်းကို ငါချစ်ခဲ့

ဒါတွေမင်းလေးသိစေဖို့  ဒါတွေမင်းလေးနားလည်ဖို့ 

အရာရာမင်းအတွက် ပေးဆပ်မယ့် ပါရမီဖြည့်ဖက်

ရင်မှာကြိတ်မှိတ် နင့်ကာဆို့  ကြေကွဲခြင်းမျက်ရည်

ငါ နင်မသိအောင်ငိုXXXXXXXXXX

(.........................................................ကြေကွဲခြင်းများနဲ့  ငါအိပ်မက်ထဲမှာငိုXXXXXXXXXXX)

 

( ခံစားချက်နဲ့ တိုက်ဆိုင်တဲ့သီချင်းလေးပါ)

 

 

မင်းလေးသိစေဖို့ 

Posted by : လက်တွဲဖော် 0 Comments
တိမ်ဖြူ တဖြေးဖြေးလွှင့်ပါးသွားတာကို
ကောင်းကင်ကြီး သတိမထားခဲ့မိဘူး။
ဒီရေ တဖြေးဖြေးထွက်ခွာသွားတာကို
သဲသောင်ပြင် သတိမထားခဲ့မိဘူး။
လရောင်တဖြေးဖြေး ကွယ်ပျောက်သွားတာကို
ညအမှောင် သတိမထားခဲ့မိဘူး။
...
အချစ် တဖြေးဖြေးလျော့ပါးလာတာကို
ငါတို့ သတိမထားခဲ့မိဘူး။
ဘာနေရာမှာ ဘာတွေမှားခဲ့တယ်ဆိုပြီး
အရာအားလုံးကို နှုတ်ဆိတ်တိတ်ဆိတ်စေခဲ့တယ်။

နင်က ပြောတယ်...
နင်ထွက်ခွာမသွားပါဘူးတဲ့
ဟုတ်ပါတယ်.. ငါ့ဘေးကနေ နင်ထွက်မသွားပါဘူး
"အချစ်"ကသာ ငါတို့ကို ခွဲထွက်သွားခဲ့တာပါ...
.
See More

ကောင်းကင်ကြီး သတိမထားခဲ့မိဘူး

Posted by : လက်တွဲဖော် 0 Comments
အချစ်က...
လျော့နည်းလာတာနဲ့ အသစ်ရှာ
စိတ်မောလာတာနဲ့ အသစ်ပြောင်းတာမျိုး မဟုတ်ဘူး။
စံစားဖို့ထက် အတူခံစားမျှဝေနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
ရှောင်ပြေးဖို့ထက် အတူသည်းခံ ခေါင်းခံနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
အချစ်ကိုတာဝန်ယူဖို့ထက် သင့်ကိုတာဝန်ယူနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
အချစ်ဆိုတာ တစ်ယောက်တည်းကိစ္စမဟုတ်ပါဘူး၊ နှစ်ယောက်အတူကြိုးစားတဲ့ ရလဒ်ဖြစ်တယ်။ နှစ်ယောက်အတူ ရုန်းကန်၊ နှစ်ယောက်အတူ ဖန်ဆင်းတာဖြစ်တယ်။
.

လျော့နည်းလာတာနဲ့ အသစ်ရှာ

Posted by : လက်တွဲဖော် 0 Comments
သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သူလိုချင်တာတွေ သိပ်မများဘူး
သူလိုချင်တာတွေက....

ကရော်ကပျက် အနမ်းမဟုတ်ဘူး
လေးနက်အလေးထားတဲ့ တည်ငြိမ်ခြင်းဖြစ်တယ်။
...
ဖုန်းတစ်ခါ ပြောရဖို့မဟုတ်ဘူး
သင့်အသံကို သူကြားချင်လို့ဖြစ်တယ်။

ဖြစ်ကတတ်ဆန်းပွေ့ဖက်တာ မဟုတ်ဘူး
စစ်မှန်တဲ့ နွေးထွေးမှုလေးရဖို့ဖြစ်တယ်။

(၁ဝဝ)ကရက် စိန်လက်စွပ်မဟုတ်ဘူး
ရိုးသားစစ်မှန်တဲ့ နှလုံးသားတစ်စုံပဲဖြစ်တယ်။

ခမ်းနားထည်ဝါတဲ့ တိုက်အိမ်ကြီးမဟုတ်ဘူး
သင်နဲ့အတူ ချမ်းမြေ့တဲ့မိသားစုလေး ပိုင်ဆိုင်ရဖို့ဖြစ်တယ်။

ငွေကြေးတွေဖြုန်းတီးပြီး ကမ္ဘာပတ်ဖို့မဟုတ်ဘူး
သင်နဲ့စက္ကန့်တိုင်း နေချင်တဲ့ဆန္ဒပဲဖြစ်တယ်။

လက်ထပ်စာချုပ်တစ်ခုကို ပိုင်ဆိုင်ရဖို့မဟုတ်ဘူး
သူ့ကို တစ်သက် သင်အဖော်ပြုဖို့ဖြစ်တယ်။

ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ဘူး
သူ့ကိုပဲ သင်ချစ်တဲ့ သက်သေဖြစ်တယ်။

တကယ်တော့ မိန်းကလေးတွေ လိုချင်တာ သိပ်မများပါဘူး
ဒါကို ယောက်ျားလေးတွေ နားလည်ပေးသင့်တယ်။
.
See More

သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက

Posted by : လက်တွဲဖော် 0 Comments
အွန်လိုင်းမှာချစ်ရုံနဲ့ ပဲ အချစ်စစ်မဟုတ်တော့ဖူးတဲ့လား..။ ပင်လယ်တွေခြားနေရုံနဲ့ ပဲ သံသယတွေများနေတော့မှာလား..။ ကိုင်တွယ် ထိတွေ့  နမ်းရှိုက်ခွင့်မရရုံနဲ့  မရှိဖူးလို့ ငြင်းနေတော့မှာလား..။ နှလုံးသားမှာအစဉ်အမြဲတည်ရှိနေမှာပါ။ ချစ်သူနဲ့ ရုပ်ရှင်အတူသွားမကြည့်နိုင်ပေမယ့် မော်နီတာပေါ်မှာမြင်နေရတဲ့ချစ်သူပုံရိပ်က ကမ္ဘာကျော်မင်းသမီးတွေထက် နှလုံးသားကိုနွေးထွေးစေတာ..။ ချစ်သူနဲ့ အတူ ဟိုဒီအတူမသွားနိုင်ပေမယ့် ချစ်သူဆုတောင်စကားတစ်ခွန်းနဲ့ တင် ပြီးပြည့်စုံစေတာ..။ အနားမှာအတူရှိနေနိုင်တဲ့ မင်းတို့ အချစ်ထက်တော့ မလျှော့နိုင်ပါဖူးနော်..။ မင်းသာကိုယ့်နေရာမှာဆို အနားမှာအဖော်မပြုနိုင်တဲ့ ချစ်သူကို ကိုယ့်လိုမြတ်မြတ်နိုးနိုးချစ်နိုင်ပါ့မလား..။

အွန်လိုင်းမှာချစ်ရုံနဲ့ ပဲ

Posted by : လက်တွဲဖော် 0 Comments
ချစ်သူနှစ်ဦး ခိုင်မြဲစွာလက်တွဲနိုင်ဖို့  ဘာတွေလိုအပ်မလဲ???? ၁။တစ်ဦးကိုတစ်ဦး မြတ်နိုးစွာ ချစ်ခင်ရမယ်။ ၂။နားလည်မှုရှိရမယ်။ ၃။ပြသာနာတစ်ခုကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ဆွေးနွေးညှိနှိုင်းယူနိုင်ရမယ်။ ၄။သစ္စာရှိရမယ်။ ၅နွေးထွေးတဲ့ ဂရုစိုက်မှုနဲ့  ကြင်နာယုယမှုအပြည့်ရှိရမယ်။ ၆။ချစ်သူရှေ့ မှာ မားမားမတ်မတ်ရပ်တည်ပေးနိုင်ရမယ်။ ၇။ဘ၀တစ်ခုကို တည်ဆောက်ဖို့ နှစ်ဦးလုံးတက်အားသရွေ့ ကြိုးစားဆောင်ရွက်ရမယ်။ —

ခိုင်မြဲစွာလက်တွဲနိုင်ဖို့ 

Posted by : လက်တွဲဖော် 0 Comments
နောက်ဘ၀မှာ ဘာဖြစ်ရမလဲဆိုတာကိုသာ ရွေးချယ်ခွင့်ရှိနိုင်ခဲ့မယ်ဆိုရင်
ငါဟာုကယ်တပွင့်ဖြစ်နိုင်ခွင့်ကိုသာ ဆုတောင်းမိမယ်..
ဒါဟာုကယ်ပွင့်တွေရဲ့ လင်းလက်တောက်ပမှုကို ငါမက်မောလို့ မဟုတ်ဘူး..
ကောင်းကင်ုကီးတခုလုံးကို ငါပိုင်ဆိုင်ထားနိုင်ဖို့ အတွက်လဲမဟ...ုတ်ဘူး..
အခြာုးကယ်ပွင့်တွေနဲ့ အတူ အလှခြင်းပြိုင်နိုင်ဖို့ အတွက်လဲ မဟုတ်ပါဘူး..

ငါချစ်တဲ့ နင့်ရဲ့ ဆုတောင်းတွေအားလုံးကို ငါုကားသိခွင့်ရနိုင်ဖို့ နဲ့ 
အဲဒီဆုတောင်းတွေအားလုံးကို ဖြည့်ဆည်းနိုင်ဖို့ အတွက်
ငါေုကွကျခွင့်ရချင်ရုံ တခုထဲအတွက်ပါပဲ....
See More

နောက်ဘ၀မှာ

Posted by : လက်တွဲဖော် 0 Comments
မိန်းကလေးတွေရဲ့ ဂုဏ်ယူစရာက...ကောင်လေးဘယ်နှယောက်ထားဖူးတယ်ဆိုတာမဟုတ်ဘူး...တကယ်တော့... သူမရဲ့ ချစ်သူက သူမအတွက် တခြားမိန်းကလေးတွေ အကုန်လုံးကို ငြင်းပယ်နိုင်စေတဲ့ အစွမ်းဖြစ်တယ်...
ယောကျာ်းလေးတွေရဲ့ ဂုဏ်ယူစရာက ... ကောင်မလေးဘယ်နှယောက်နဲ့တွဲဖူးတယ်ဆိုတာမဟုတ်ဘူး...တကယ်တော့.. သူ့ရဲ့ချစ်သူ ကောင်မလေးအတွက် တခြားမိန်းကလေးအားလုံးကို ငြင်းပယ်နိုင်တဲ့ သစ္စာရှိမှုဖြစ်တယ်...

မိန်းကလေးတွေရဲ့ ဂုဏ်ယူစရာက

Posted by : လက်တွဲဖော် 0 Comments
NEXT PREV HOME

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -