Archive for 04/29/12

သူတို့က တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့ ညားခါစဇနီးမောင်နှံဖြစ်တယ်။ ဒါပေမဲ့ ကိစ္စအသေးအမွှားနဲ့ အမြဲလိုလို သူတို့ ငြင်းခုန်ရန်ဖြစ်တတ်တယ်။ တစ်ခါက ငြင်းခုန်တော့ ကောင်မလေးကပြောတယ်.. "ဒီတစ်ခါ ရန်တစ်ခါဖြစ်တိုင်း တစ်ဘက်သားရဲ့ အပြစ် အနာအဆာတွေကို စာရွက်တိုတစ်ခုမှာရေးပြီး ပုလင်းထဲ ထည့်ထားမယ်။ တစ်နှစ်ပြည့်တဲ့အချိန်ကျရင် ပုလင်းချင်းလဲကြမယ်"တဲ့။

အဲဒီလိုလည်း ပြောပြီးရော သူတို့တဖြေးဖြေး ငြင်းခုန်ရန်ဖြစ်မှုတွေ နည်းလာတယ်။ ပုလင်းအကြောင်းလည်း စကားမဟဖြစ်ကြတော့ဘူး။ နောက်နှစ်တော်တော်ကြာမှ
ကောင်လေးသိမ်းထားတဲ့ပုလင်းကို ကောင်မလေးက မတော်တဆသွားတွေ့တယ်။ ပုလင်းမှာ စာရွက်တိုတွေနဲ့ ပြည့်လို့ပေါ့။ ကောင်မလေးက သိလိုစိတ်နဲ့ စာရွက်တွေယူပြီး ဖတ်ကြည့်တော့ စာရွက်တိုတိုင်းမှာ "နင့်ကိုချစ်တယ်"လို့ ရေးထားတာကို တွေ့လိုက်တယ်။
.

လူတစ်ယောက်ကို ချစ်မိတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက မိုက်ရူးရဲဆန်ခြင...်းပါပဲ။

လမ်းခွဲတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက လမ်းခွဲပြီးလည်း လက်မလွတ်နိုင်ခြင်းပါပဲ။

အထီးကျန်တာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက ကိုယ့်ကိုယ်ကို အထီးကျန်ကျန်ထားခြင်းပါပဲ။

အသည်းကွဲတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက နလန်မထနိုင်ခြင်းပါပဲ။

ဖျားနာတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက ဘုံးဘုံးလဲခြင်းပါပဲ။

အလုပ်လက်မဲ့ဖြစ်တာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက အလုပ်ထွက်မရှာခြင်းပါပဲ။

ပိုက်ဆံမရှိတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက ကူညီထောက်ပံ့မယ့်သူကို စောင့်မျှော်နေခြင်းပါပဲ။

ရှုံးနိမ့်တာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက ရှုံးနိမ့်တဲ့နေရာကနေ ပြန်မထနိုင်ခြင်းပါပဲ။

မှားယွင်းတာ ကြောက်စရာမကောင်းပါဘူး
ကြောက်စရာကောင်းတာက အမှားကို ထပ်တလဲလဲလုပ်ခြင်းပါပဲ။
.
See More

ချစ်မိတာ

Posted by : လက်တွဲဖော် 0 Comments

http://forlovings.blogspot.com/ *ငါက နင်ပြုံးနေရင် ကျေနပ်သူ နင်ငိုနေရင် အနေခက်သူ နင့်ကိုမတွေ့ရရင် မနေတတ်သူ နင်လိုသမျှ ပေးဆပ်ချင်သူ နင်မှားသမျှလည်း မငြိုငြင်တတ်သူ

မငြိုငြင်တတ်သူ

Posted by : လက်တွဲဖော် 0 Comments

ကယ်မစုံတဲ့ လကွေးကွေးမှာ ဝိုးတဝါးလရောင်လေးကို ရီဝေစွာ စိုက်ကြည့်ရင်း မင်းပုံရိပ်လေးကို ငါ့မျက်လုံးထဲမှာ မြင်ရောင်လာခဲ့တယ် ချစ်သူပုံရိပ်အသွေးအသက်နဲ့ လဲရမယ်ဆိုလဲ လဲရဲပါတယ် မင်းဟာငါ့ဘဝရဲ့ဆာလောင်မူတွေကို ဖြေသိမ့်ပေးခဲ့တဲ့ အချစ်ဘုရင်မလေး ဖြစ်နေလို့ အထီးကျန်စွာနဲ့ ဘဝကို လျောက်လှမ်းနေရတဲ့ ငါဆီကိုဝင်လာခဲ့တဲ့မင်းကို အရမ်းချစ်တယ်...........

.ချစ်သူပုံရိပ်.

Posted by : လက်တွဲဖော် 0 Comments

ယောကျာ်းဆိုတာလေ ပန်ခြံတစ်ခုတွင် ကောင်လေးနဲ့ကောင်မလေးစကားပြောနေကြပါတယ် သမီးရည်းစားဆိုပါစို့ (၁)ကောင်လေး- ``ချစ်တယ်ကွာ အရမ်းကိုချစ်တယ်´´ (၂)ကောင်မလေး-``ဟွန်း ဒါပဲ့နော် မောင် အရင်ရည်းစားတွေကိုကော ချစ်မှာလား´´ (၃)ကောင်လေး-``အားးးးးလုံးဝပဲ့´´ (၄)ကောင်မလေး-``ကျွန်မကိုကော ချစ်လား´´ (၅)ကောင်လေး-``ထာဝရပါပဲ့ ကွာ´´ (၆)ကောင်မလေး-``ဒါဆို ကျွန်မ မကြိုက်တဲ့ ဆေးလိပ်နဲ့အရက်တွေကော ဖြတ်မှာလား´´ (၇)ကောင်လေး- ``အင်´´ (ဂ)ကောင်မလေး-``တကယ်လို့ ကျွန်မသေသွားရင်ရော´´ (၉)ကောင်လေး- ``အားး လွဲပါစေဖယ်ပါစေ ဒီလိုသာဆိုရင်ငါသေသွားတာမှကောင်မယ်´´ (၁၀)ကောင်မလေး-``ဒါဆိုကျွန်မတို့လက်ထပ်ကြရအောင်နော်´´ ဒီလိုနဲ့ကောင်လေးနဲ့ကောင်မလေးချစ်သူဘ၀မှ အနားယူကာ အိမ်ထောင်ရှင်ဘ၀သို့ကူးပြောင်းလိုက်ကြတယ်..။ အိမ်ထောင်သည်ဘ၀မှာ ကောင်လေးနဲ့ကောင်မလေးပြောတဲ့စကားကို ကောင်မလေးပြောတဲ့စကား (၁၀)ကောင်မလေးမှအပေါ်သို့ဖတ်တင်သွားပါ ယောကျာ်းဆိုတာ လာလဲဆိုတာသိလာရလိမ့်မယ် သြော် ပြောရဦးမယ်အဲလိုယောကျာ်း ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1159032&xgs=1&xg_source=msg_share_post#ixzz1tPnCumtd

ယောကျာ်းဆိုတာကလေ...

Posted by : လက်တွဲဖော် 0 Comments

သံယောဇဉ်ဆိုတာ ဘာလဲ? ငါစွန့် ခွာဖို့ အခါခါကြိုးစားတယ်.. ငါစွန့် ခွာမသွားဖို့ နင်အတန်တန်ဆွဲထားတယ်.. ဒါဟာ သံယောဇဉ်လား..? အချစ်လား ? အချစ်ဆိုတာဘာလဲ..? ရင်ဘတ်ထဲကလာတာလား..? နှတ်ဖျားသက်သက်ဘဲလား ? ချစ်စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ ခံစားမှုတွေပါလာလား.. ဟန်ဆောင်ခြင်းသက်သက်ပဲလားဆိုတာ. ဝေခွဲမရတဲ့ အဖြစ်.. တစ်ဦးစိတ်ကို တစ်ဦးနားလည်နေတဲ့  ဒို့ နှစ်ယောက်ရဲ့ အဖြစ်က သံယောဇဉ်လား ? အချစ်လား ?

သံယောဇဉ် လား ?အချစ် လား ?

Posted by : လက်တွဲဖော် 0 Comments

ယခုခေတ်မှာ အသည်းကွဲတဲ့ရောဂါတွေ တော်တော်များမယ်လို့ ထင်ပါတယ်.. ဘာလို့လဲဆိုတော့ အပြင်မှာ တွေ့ပြီး ချစ်ကြိုက်ကြသလို အွန်လိုင်းတွေပေါ်ကနေလည်း ချစ်ကြိုက်နေရတာကို တွေ့နေရပါတယ်.. အဲဒီတော့ အသည်းကွဲတဲ့အခါ ဘယ်လိုနေရမလဲ.. ဘယ်လိုနေရင် ရောဂါသက်သာမလဲ ဆိုတာကို အကြံပြုချင်ပါတယ်... အသည်းကွဲသောအခါ မလုပ်သင့်သောအရာ(၁၀)ချက် 1. အသည်းကွဲသောသီချင်းတွေနားမထောင်ပါနဲ့ 2.သူ့နဲ့ပတ်သတ်တဲ့အရာတွေခေါင်းထဲကိုရောက်လာတာနဲ့ ချက်ချင်းဖယ်ပစ်လိုက်ပါ 3. သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါသူ့အကြောင်းလုံးဝမပြောပါနဲ့ 4. သူနဲ့သွားခဲ့တဲ့နေရာတွေကိုအတတ်နိုင်ဆုံးသွားခြင်း ရှောင်ကြဉ်ပါ 5.သူ့ကိုရွှဲတဲ့စိတ်နဲ့နောက်တစ်ယောက်ထားမယ်ဆိုတာဘယ်တော့မှ မလုပ်ပါနဲ့ 6. မာနကိုအတတ်နိုင်ဆုံးလျော့ပါ 7. အတွဲတွေမြင်တိုင်းသူ့ကိုသတိရလိုက်တာဆိုပြီးလိုက်မငေးပါနဲ့ 8. အရက်သေစာ(လုံးဝ)မသောက်စားပါနဲ့ 9. အိမ်ပြန်မအိပ်တာ၊ပါတီသွားတာတွေမလုပ်ပါနဲ့ 10. သူ့ကိုမကျေနပ်မှု့ကြောင့်တစ်ဦး၊ တစ်ယောက်ကိုမှအငြိုးမထားပါနဲ့ အသည်းကွဲပြီးကိုယ့်ချစ်သူကိုမေ့နိုင်အောင်ကြိုးစားနည်း(၁၀)ချက် 1. ရုပ်ရှင်ဟာသကားကြည့်ပါ 2. သူငယ်ချင်းတွေနဲ့ အပြင်သွားလည်ပါ 3. Game များများဆော့ပါ 4. သူငယ်ချင်းတွေနဲ့ဖုန်းများများပြောပါ 5. ခရီးထွက်ပါ (0r) shoppingများများထွက်ပါ 6. မိသားစု နဲ့အမြဲအတူတူရှိနေပါ 7. ကိုယ်ဝါသနာပါရာအလုပ်တစ်ခုကိုအာရုံစိုက်လုပ်ပါ 8. ပျော်စရာတွေကိုပဲစဉ်းစားပါ 9. အစားများများစားပါ 10. ဘုရားတရားများများလုပ်ပါ...။ ဒါဆိုရင်တော့ အသည်းကွဲတဲ့ရောဂါ သက်သာနိုင်ပါလိမ့်မယ်.... အားလုံးပျော်ရွှင်နိုင်ကြပါစေ... Views: 117 ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1158302&xgs=1&xg_source=msg_share_post#ixzz1tPmGP3cQ

အသည်းကွဲတဲ့ရောဂါ ကုစားနည်းများ

Posted by : လက်တွဲဖော် 0 Comments

အချစ်ဒဿနများ၁။အချစ်သည် လူတိုင်၏ နှလုံးသားတွင်ရှိပါသည်။သိုသော်အချို့က အတု အယောင် အချစ်ကိုဖန်တီးပြီလိမ်ညာလှည့်စားရန် ကြိုးစားကြလေသည်။ထိုကဲသို့ ပြုလုပ်ခြင်းဖြင့် လှပသာယာသော အနာဂတ်ကို ဖန်တီးနိုင်မည်လား။၂။အချစ်သည် လူအချို့ကိုရူသွပ်စေ ပြီး အချို့ကို ညဏ်ပညာရှိစေပါတယ်။၃။သင့် ချစ်သူ နှင့် သင်အမြဲထာဝရလက်တွဲသွားမယ်ဆိုလျှင် သက်က သူထက်နဲနဲ ပို၍ချစ်နေရပေလိမ်မည်။၎။မိန်းမတွေက ယောကျာင်္းလေးအပေါ်အထင်အမြင်နဲ ချစ်ကြပြီး ယောကျာင်္းလေးတွေက မျက်စိမှိတ်ပြီးချစ်ကြတယ်။၅။ဘ၀တွင် မိမိချစ်သောသူအတွက်မိမိအချစ်ကိုဖော်မှုမရှိခဲလျှင် အလွန်ဝမ်းနည်စရာကောင်ပေလိမ်မည်။အချစ်ကိုမဖော်ပြနိုင်ခြင်းအထက် အချစ်ကိုဖော်ပြနိုင်သော်လဲ အချစ်ကိုမရနိုင်ခြင်းက ပို၍ကောင်းပါတယ်။၆။အချစ်ကသတ္တိမွေးဖွားပေးတယ်။အချစ်ကြောင့်လူတွေသူရဲကောင်းဖြစ်လာတယ်။အချစ်မရှိတဲ့ သူရဲကောင်းဆိုတာမရှိနိုင်ဘူး။၇။ကောင်ကင်၌ လွင့်မျောနေသောတိမ်တိုက်ကိုကြည်ရင်ဖြင့် အချစ်ရဲသဘောကိုသိနိုင်ပါတယ်။အချစ်ဆိုတာလွင့်မျောနေတဲတိမ်တိုက်တစ်ခုဖြစ်ပြီး ခွန်အားကောင်သောလေ၏စေနှင်းရာကို ရွေ့  လျားသွားလာနေရတယ်။၈။ဆားရေကိုလူတိုင်လိုလိုသောက်ဖူးကြတယ်။အချစ်ဆိုတာဆားရေးလိုပါပဲ။၉။အချစ်ဆိုတာ အပင်တစ်ပင်စိုက်ပျိုးခြင်းပါပဲ။မျိုးစေ့ကောင်းရင်အပင်သန်မယ်။မျိုးစေ့ညံရင် အပင်ညံမယ်လေ။၁၀။ယောကျာင်္းတစ်ယောက် က မိန်းမ တစ်ယောက် မုန်တယ်လိုပြောခဲ့ပါလိမ်မယ်။တကယ်မုန်းလိုပြောတာပါ။မိန်းမတစ်ယောက်မုန်းတယ်လိုပြောခဲရင်တော့ တကယ်ချစ်လို အရမ်းချစ်လို ဖြစ်ရင်ဖြစ် မဖြစ်ရင် ဟန်ဆောင်တာပဲဖြစ်ပါလိမ်မယ်။၁၁။အချစ်ဟာ သဘာဝက ဖန်တီးပေးတာပါ။အမုန်းဆိုတာ အချစ်ရဲပယောဂကြောင့်ဖြစ်ပေါ်လာတာပေါ့။ခံစားချက်ကြီးမားတဲ အချစ်ကတော နုနယ်တဲနှလုံးသားက ဖြစ်ပေါ် သန္ဓေတည်ပါတယ်။၁၂။ဘ၀မှာပျော်၇ွှင်ကြည်နူးဖွယ်အကောင်းဆုံးအချိန်ကတော့ ချစ်သူဆီက အကောင်းဆုံးတုန်ပြန်မှုကို၇တဲအချိန်ပေါ့။အဲဒီနောက်မှာကံကြမ္မာရဲ့ စီမံရာအတိုင်းအချစ်ခရီးလမ်းကိုဆက်လျှောက်ကြရပါတယ်။၁၃။အချစ်ကိုသိချင်ရင် နှလုံးသားကိုနားလည်ရမယ်။အဖိုးတန်းတဲအချစ်မျိုးကိုလိုချင်ရင်တောကြီးမားတဲ ရင်းနှီးမှုကိုပေးဆပ်ရလိမ်မယ်။၁၄။ အချစ်ကိုကြာကြာသိမ်းထားရလို့အချစ်ဝေဒနာရတာမ ဟုတ်ပါဘူး။အသဲကွဲတဲဝေဒနာခံစားမှုဆိုတာနုညံပျော့ပြောင်းလွန်းတဲ့နှလုံးသားကြောင့်သာ။၁ ၅။လူတိုင်းအခြားသူထံမှ စစ်မှန်သောအချစ်ကို ရယူလိုကြသည်။သို့သော် မိ မိထံမှ အချစ်စစ်ကို ပေးဖို့ ရန်ဝန်လေးနေတတ်ကြသည်။၁၆။မိန်းမတွေက အချစ်စစ်ကိုရှာဖွေပြီး ယောင်္ကျားတွေက အချစ်စစ်ရှိတယ်လို့ လုပ်ကြံပြောလေ့ရှိတယ်။၁၇။ အချစ်ဆိုတာ နှလုံးသားကို တစ်စစီ ဆုတ်ဖဲ့နင်းခြေပြစ်လိုက်ခြင်းပဲလို့  ကြေကွဲစွာနားလည်လိုက်ပါသည်။ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1157974&xgs=1&xg_source=msg_share_post#ixzz1tPk3HMW2

အချစ်ဒဿနများ

Posted by : လက်တွဲဖော် 0 Comments

 ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ချင်တယ်ဆိုရင် မသွားမလာအပ်တဲ့ မိန်းမ(၂၀) ကို ရှောင်ကြဉ်ရပ့ါမယ်။
(၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊

(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ၊
(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ
(၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ
၊(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မိန်းမ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်း မ၊
(၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
  • ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၁)မှ(၈)ထိ အချက်ဟာ မိန်းမနဲ့ယောက်ျား နှစ်ယောက်လုံး ဖောက်ပြန်ခဲ့လျှင် ယော်ကျားမှာပဲ အပြစ်ဖြစ်ပါတယ်။ မိန်းကလေးမှာတော့ အပြစ်မဖြစ် ပါဘူး။ ဒါပေမယ့် ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၉) မှ နံပါတ်(၂၀)အထိ မိန်းမ(၁၂)မျိုးမှာဆိုရင်တော့ မိန်းမရော ယောက်ျားရော အပြစ်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့... အကြင် မိန်းမဟာ လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသောကြောင့် ဖြစ်ပါတယ်။ ယောက်ျားများမှာမူ ထိုမိန်းမ(၂၀)တို့တွင် မည်သူနှင့်မဆို ဖောက်ပြန်ပါက ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ နောက်ထပ် ယောက်ျားများအတွက် ဖော်ပြထားတဲ့ မိန်းမအမျိုး(၂၀) အပါအ၀င် ကာမေသု မိစစ္ဆာစာရကံ ထိုက်သော အချက်လေးချက်ရှိပါတယ်..။ အဲ့ဒါတွေကတော့..(၁)အထက်မှာဖော်ပြသောမိန်းမအမျိုး(၂၀)တို့တွင်ပါဝင်ခြင်း၊(၂)ကျင့်ပြုမှီဝဲလိုစိတ်ရှိခြင်း၊(၃)ရနိုင်သောနည်းဖြင့်လုံ့လပြုခြင်း၊(၄)ပြုကျင့်ခြင်းကိုလည်း သာယာခြင်း တို့ဖြစ်ပါတယ်။
    ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန်သင့်သော လမ်းကြောင်းသုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာပြုလုပ်လျင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေကတော့ (၁)ကျင်ကြီးစွန့်ရာလမ်းကြောင်း၊(၂)ကျင်ငယ်စွန့်ရာလမ်းကြောင်း၊(၃)စကားပြောရာလမ်းကြောင်းတို့ဖြစ်ပါတယ်။
    နောက်ပြီး မိမိကာမပိုင်မိန်းမပင် ဖြစ်လင့်ကစား ကာမေသုမိစ္ဆာစာရကံ ထိုက်သော အချက်လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာသိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေကတော့ (၁)မိမိမိန်းမကိုယ်ဝန်အလွန်ရင့်သောအခါ၊(၂)မိဘဆရာလူအများတို့မြင်သဖြင့်မသင့်တော်သောနေရာ၊(၃)ကျင့်ရိုးမဟုတ်ခြင်းနှင့်လွဲမှားစွာပြုကျင့်ခြင်း၊(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။
    ကျနော် ဖော်ပြခဲ့တဲ့အထဲမှာ စကားလုံး ရိုင်းသွားလို့ ရှိရင်လည်း တောင်းပန်ပါတယ်။ ရှင်းရှင်းလင်းလင်း သိသွားဖို့အတွက် နားလည်လွယ်အောင်ပဲ အလွယ်သုံးလိုက်တာပါ။ ဘာလို့ဒီအကြောင်းကို ရှင်းအောင် ဖော်ပြရလဲဆိုတော့ ကျနော်တို့ လိုလူငယ်တွေ အများဆုံးထင်ထားကြတာက အခကြေးငွေပေးပြီး ကျူးလွန်လျှင် အပြစ်မရှိဘူး.. နောက်ပြီး ကိုယ့်ချစ်သူမိန်းကလေးနဲ့ နှစ်ဦးသဘောတူ ကျူးလွန်လျှင် အပြစ်မရှိဘူး လို့ထင်ထားကြတာတွေ များလို့ပါ။ တကယ်တမ်းက ကိုယ့်ကာမပိုင် မိန်းမမဟုတ်ပဲ တစ်ခြားတစ်ယောက်နဲ့ ဘယ်လိုပဲ ကျူးလွန်မိမိ ကာမေသုမိစ္ဆာစာရကံ ထိုက်ဖို့များပါတယ်။ ဒါ့ကြောင့် ကိုယ့်ကာမပိုင် မိန်းမမှတစ်ပါး အခြားသူကို ဘယ်လိုနည်းနဲ့မဆို မကျူးလွန်မိဖို့ စောင့်ထိန်းသင့်ပါတယ်။ စောင့်ထိန်းဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ ကာမေကျူးလွန်ခြင်းကို အလွဲသိကြပြီး အမှားတွေ ဆက်မှားနေမှာ ဆိုးတဲ့အတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ လူတိုင်း ကာမဖောက်ပြား ကျူးလွန်ခြင်းကို ရှောင်ကြဉ်နိုင်ကြပါစေ။
  • မိန်းမ(၂၀)

    Posted by : လက်တွဲဖော် 0 Comments

    သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ စကားပြောတဲ့အခါ... ၀တ္တရားကျေရုံ မပြောဘူး.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ တွေ့ဆုံတဲ့အခါ... ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင် ချမ်းတဲ့အခါ... ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်... သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ.... သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင် နေမကောင်းတဲ့အခါ... သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ... သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ စိတ်ဆိုးတဲ့အခါ.... သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ.... ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့... သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ကို နေ့တိုင်း သတိရနေတတ်တယ်.... စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်... ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သံသယ များတတ်တယ်... ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ.... သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ.... သင့်ကို ဂရုစိုက်ဆုံး သူပါပဲ.... သူက..... သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်... သင့်ရဲ့ သောကတွေကို အလေးထားတယ်... သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်... သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်... သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်... သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်... သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်... ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိ စေဖို့ပေါ့....

    အလေးအနက်

    Posted by : လက်တွဲဖော် 0 Comments

    တချို့မိန်းကလေးတွေက ချစ်သူရှာရင် ဒီလိုသတ်မှတ်ထားတတ်တယ်
    ကြင်နာရမယ်၊ တိုးတက်လိုစိတ်ရှိရမယ်၊ အာရုံစူးစိုက်မှုရှိရမယ်၊ ငွေကြေးရှိရမယ်.. တဲ့

    ဒီလိုကောင်းတဲ့ယောက်ျားမျိုးက လူတွေလုလို့ ကုန်ကုန်ပြီ။
    ဒီလောကမှာ အရာရာပြည့်စုံ ခြောက်ပစ်ကင်းတဲ့လူမျိုး
    သင...့်အရွေးကိုခံဖို့ စောင့်နေမှာ မဟုတ်ဘူး။

    ယောက်ျားဆိုတာ ကောင်းကွက်တစ်ကွက်နှစ်ကွက်ရှိတာနဲ့ မဆိုးဘူးလို့ ဆိုရမယ်
    ကြင်နာတတ်တဲ့ ယောက်ျားကို တိုးတက်လိုစိတ်ရှိအောင် သင်လှုံ့ဆော်တတ်ရတယ်

    တိုးတက်ကြိုးစားတဲ့ယောက်ျားကို အာရုံစူးစိုက်မှုရှိအောင် သင်ထိန်းသိမ်းတတ်ရတယ်

    အာရုံစူးစိုက်မှုရှိတဲ့ယောက်ျားကို ငွေကြေးချမ်းသာလာတဲ့ထိ
    သင်စောင့်နိုင်ရတယ်

    ပြီးပြည့်စုံတဲ့ ယောက်ျားဆိုတာ
    (၁) စောင့်ပြီးမှ ရလာတာ
    (၂) ထိန်းသိမ်းပြီးမှ ရလာတာ
    (၃) သည်းခံပြီးမှ ရလာတာဖြစ်တယ်။နှိုင်းနှိုင်းစနေ...

    ပြီးပြည့်စုံတဲ့ ယောက်ျားဆိုတာ။

    Posted by : လက်တွဲဖော် 0 Comments

    - Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -