Archive for 02/13/13

ချစ်သူ စုံတွဲများ အချိန် ကြာမြင့်စွာ ရွှေလက်တွဲနိုင် မတွဲနိုင်ကို ဦးနှောက် စကင်ဖတ် ခြင်းဖြင့် ဖော်ထုတ်နိုင်
ချစ်သူ စုံတွဲများ အချိန် ကြာမြင့်စွာ ရွှေလက်တွဲနိုင် မတွဲနိုင်ကို ဦးနှောက် စကင်ဖတ် ခြင်းဖြင့် ဖော်ထုတ်နိုင် 

ဒိမ်း(ဇိုမီး)

ချစ်သူ စုံတွဲများ အချိန် ကြာမြင့်စွာ ရွှေလက်တွဲနိုင် မတွဲနိုင်ကို ဦးနှောက် ချစ်သူစုံတွဲ များအကြား၌ အချိန် ကြာမြင့်စွာ လက်တွဲနိုင်မည်၊ မတွဲနိုင်မည်ကို ကြိုတင် သိမြင်နိုင်ရန် ၄င်းတို့ ဦးနှောက်ကို စကင် ဖတ်ခြင်းဖြင့် ဖော်ထုတ်နိုင်ကြောင်း သုတေသီ များက ပြောကြားခဲ့ သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင်

Read More === >>> http://bit.ly/WozwGh
ချစ်သူ စုံတွဲများ အချိန် ကြာမြင့်စွာ ရွှေလက်တွဲနိုင် မတွဲနိုင်ကို ဦးနှောက် စကင်ဖတ် ခြင်းဖြင့် ဖော်ထုတ်နိုင်

ဒိမ်း(ဇိုမီး)

ချစ်သူ စုံတွဲများ အချိန် ကြာမြင့်စွာ ရွှေလက်တွဲနိုင် မတွဲနိုင်ကို ဦးနှောက် ချစ်သူစုံတွဲ များအကြား၌ အချိန် ကြာမြင့်စွာ လက်တွဲနိုင်မည်၊ မတွဲနိုင်မည်ကို ကြိုတင် သိမြင်နိုင်ရန် ၄င်းတို့ ဦးနှောက်ကို စကင် ဖတ်ခြင်းဖြင့် ဖော်ထုတ်နိုင်ကြောင်း သုတေသီ များက ပြောကြားခဲ့ သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင်

Read More === >>> http://bit.ly/WozwGh

ချစ်သူ စုံတွဲများ

Posted by : လက်တွဲဖော် 0 Comments
ဒီနေ့

ဖေဖော်ဝါရီ (၁၄)

ချစ်သူများနေ့ တဲ့လားကွယ်.....

ညီမလေးရေ..

ပျော်မွေ့နေပြီလား

ချောကလတ်တွေ ပန်းစည်းလေးတွေ

ပို့စကဒ်လေးတွေ..

အသွင်တူ အက်ျီလေးတွေနဲ့

ပန်းခင်းလမ်းကို လျှောက်လှမ်းနေပြီလား..

မျှော်တဲ့သူက မျှော်..

ပျော်တဲ့သူက ပျော်လို့

တချို့တချို့သူတွေများ

ဆန္ဒတွေ အတွက် သိက္ခာတွေကိုတောင် စည်းမစောင့်နိုင်ဘူး..

သူတို့အတွက်တော့

ဒီနေ့က အမှတ်တရတွေ များလွန်းတယ်..

မနေ့က ဖေဖော်ဝါရီ(၁၃)လေ

ထိန်လင်းဆိုတဲ့ သားကောင်းရတနာတပါး

စနေမနက် အာရုဏ်တက်ချိန်မှာ

နတ်မောက်လို့ အမည်တွင်တဲ့ မထင်မရှားမြို့လေးမှာ

မီးရှူးသန့်စင် ခဲ့တာပေါ့..

သူက

အမှန်တရားကို တန်ဖိုးထားသလို

မုသားဖြူဆိုတာကို မသုံးတတ်လောက်အောင်

ဖြောင့်မတ်ရိုးသားလွန်းတယ်..


သူ့မှာ သံမဏိလို မာကျောတဲ့ ဇွဲ လုံလ တွေရှိသလို

နုးညံ့စွာနဲ့ စာပေကိုချစ်မြတ်နိုးတဲ့ စိတ်ထားလဲရှိတယ်..

တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရှိတယ်..

မဖြစ်မနေလုပ်တတ်တဲ့ သတ္တိတွေလဲရှိတယ်


သူက

သူ့ကြင်ယာဖက်ကို ချစ်တယ်

သူ့ ရင်သွေးတွေကို ချစ်တယ်

သူ့ မိဘတွေကို ချစ်တယ်

ဒါတွေ အားလုံးထက် သူ့တိုင်းပြည်ကို သူပိုချစ်တယ်.

နောက်ဆုံး သူ့အသက်ကို စတေးခံပြီး

ငါတို့တတွေကို ပိုပြီးချစ်ပြသွားတယ်..

ဝမ်းနည်းဖို့ကောင်းလိုက်တာကွယ်

ရှာမှရှားတဲ့ အသက်ထက် တိုင်းပြည်ကိုပိုချစ်တဲ့

လူတယောက်ရဲ့ မွေးနေ့ကို

ညီမလေး မေ့နေပြီလား..

သူ့အတွက် ဘာတွေများ ဆုတောင်းပေးခဲ့ဖုးလဲ

တကယ်ပါ. ညီမလေးရယ်

တို့နဲ့ ဘာမှ မဆိုင်တဲ့

အီတလီ သူတော်စင်ကို ချီးမြောက်တဲ့အနေနဲ့

ဖြစ်ပေါ်လာတဲ့ ချစ်သူများနေ့ဆိုတာက

အဲဒီအရင်တနေ့

ငါတို့တိုင်းပြည် ငါတို့လူမျိုး

ငါတို့သာသနာ

ငါတို့တတွေကို လွတ်လပ်ခွင့်ရအောင်

လုပ်ပေးခဲ့တဲ့ဗိုလ်ချုပ်ရဲ့မွေးနေ့ထက်

ဘာလို့ ပိုပြီး အဓိပ္ပါယ်ရှိနေရမှာလဲ..

ဒီတနှစ်တော့ ရှိပါစေတော့ ညီမလေးရယ်...။

(လွမ်းဝေ)

Owaynews Journal

ဖေဖော်ဝါရီ (၁၄)

Posted by : လက်တွဲဖော် 0 Comments
အတူတူစကားတွေ ပြောနေချင်ပေမဲ့ ပြောခွင့်မရှိတော့ဘူး

တစ်ယောက်နဲ့ တစ်ယောက်စရင်းနောက်ရင်းကုန်ဆုံးသွားတဲ့ အချိန်တွေ
ပြန်မရနိုင်တော့ဘူး

တစ်ယောက်နဲ့ တစ်ယောက်ပေးဖူးတဲ့ နွေးထွေးမှုတွေပြန်မရတော့ဘူး

နင်နဲ့ အတူတူ လျှောက်လည်ချင်ပေမဲ့ ငါ့အတွက်မဖြစ်နိုင်တော့ဘူး

တစ်ချိန်ကပေးခဲ့ဖူးတဲ့ နင့်အချစ်တွေကိုငါပြန်တမ်းတနေမိပေမဲ့
ငါ့အတွက် ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူး

တစ်ချိန်တုန်းက ငါ့ကိုအရမ်းချစ်ခဲ့တဲ့ ချစ်သူရေ

မင်းရဲ့  ♥ ချစ်သူများနေ့  ♥ လေးပျော်ရွှင်စွာကုန်ဆုံးနိုင်ပါစေလို့ 
ငါဆုတောင်းနေပေးပါမယ်.......







khin myo aye

ပြန်မရနိုင်တော့ဘူး

Posted by : လက်တွဲဖော် 0 Comments

ချစ်သူများနေ့မှာ ဘာလို့ ချောကလက် ပေးကြတာလဲ? "


၁။ ဘာဖြစ်လို့ ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်ပေးကြသလဲ?
၂။ ဘာဖြစ်လို့ နှင်းဆီပန်းလက်ဆောင်ပေးရသလဲ?

အင်တာနက်ပေါ် အဖြေရှာကြည့်တဲ့အခါ..............

.♥.══.♥ ချိုမြမွှေးကြိုင်တဲ့ ချောကလက်ရဲ့ အဘိဓာန်ထဲမှာ "အချစ်"
ဆိုတဲ့ စကားလုံးက ထာဝစဉ်ပါနေခဲ့တယ်။ ဟိုးအရင်ကတည်းက
ချောကလက်နဲ့ နှင်းဆီပန်းဟာ ချစ်သူများနေ့မှာ မရှိမဖြစ်တဲ့
အချစ်အမှတ်တံဆိပ် ဖြစ်ခဲ့တယ်။

.♥.══.♥ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို ဘာဖြစ်လို့ ချောကလက်
လက်ဆောင်ပေးကြသလဲဆိုတော့.........

.♥.══.♥ချောကလက်က လူတွေရဲ့ နှလုံးသားထဲ ပျော်ရွှင်ခြင်းတွေကို
သယ်ဆောင်ပေးလာနိုင်တယ်လို့ ဆိုတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်မှာ ချောကလက်ထဲ အဓိကပါဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်တဲ့ "phenyl amide " က လူခန္ဓာထဲမှာရှိတဲ့ ဟိုမုန်းကို အပြောင်းအလဲဖြစ်စေပြီး လူတွေရဲ့နှလုံးခုန်နှုန်းကို ပိုမြန်စေတယ်၊ ခံစားချက်ကို ပိုပြင်းပြစေတယ်လို့ ဆိုတယ်။

သာမန်အားဖြင့် ချစ်သူများနေ့မှာ ချစ်သူနှစ်ဦးရဲ့ ခံစားချက်ကို အနီရောင်နှင်းဆီပန်းတစ်ပွင့်နဲ့ ခံစားပုံဖော်ကြတယ်။ ဖူးပွင့်စနှင်းဆီနီတစ်ပွင့်ဟာ ယောက်ျားလေးက ကိုယ့်ချစ်သူ မိန်းကလေးကိုပေးတဲ့ အကောင်းဆုံးလက်ဆောင်ဖြစ်တယ်။ မိန်းကလေးက ယောက်ျားလေးကို ကျေးဇူးတင်တဲ့အနေနဲ့ အသဲပုံချောကလက် ပြန်လက်ဆောင်ပေးကြတယ်..။

.♥.══.♥ ချောကလက်က လူကို ထူးခြားတဲ့ခံစားချက်တွေ ဖြစ်စေတယ်.....

.♥.══.♥"ရိုမန်တစ်ဆန်ခြင်း၊ နုပျိုခြင်း၊ ကျန်းမာခြင်း၊ ဂရုစိုက်ခြင်း၊
ချစ်ခင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ခွန်အားဖြစ်ခြင်း.." စတဲ့ ခံစားချက်ကို
ချိုမြမွှေးကြိုင်တဲ့ ချောကလက်ပေးနိုင်တယ်။ လူအများရဲ့နှလုံးသားထဲက
လှပတဲ့ အမှတ်တရတွေ၊ ပျော်ရွှင်ခြင်းတွေဟာ ချောကလက်ရဲ့
ချိုမြိန်မွှေးကြိုင်တဲ့ အရသာလိုပဲ ပြန်မြင်အောင်းမေ့စေတယ် ။
တမ်းတသတိရစေတယ်။

.♥.══.♥အချစ်ပင်လယ်ထဲ မျောနေသူတွေရဲ့ ရင်ထဲမှာ
ချောကလက်ဟာ မြဲမြဲတွဲထားတဲ့ လက်နဲ့တူနေခဲ့တယ်။ လူတွေဟာ
တစ်ဘက်မှာ ချောကလက်ရဲ့ ချိုမြိန်တဲ့အရသာကို ခံစားရင်း
အခြားတစ်ဘက်မှာ လူကိုရင်ခုန်လှုပ်ရှားစေတဲ့ အချစ်အကြောင်းတွေ
ကို ဖော်ညွန်းကြတယ်။

( ချစ်သူများနေ့မှာ ချစ်တဲ့သူတွေနဲ့ ပျော်ရွှင်ကြည်နုးနိုင်ကြပါစေး)

ref: (နိုင်းနှိုင်းစနေ......)

ချစ်သူများနေ့မှာ

Posted by : လက်တွဲဖော် 0 Comments
ကုန်လွန်သွားတဲ့အချိန်ကို ငါတို့တားထားလို့မရဘူး
ဒါပေမယ့် အဲဒီကာလရဲ့ အမှတ်တရနဲ့ ခံစားချက်ကိုတော့ ငါတို့ရင်ထဲသိမ်းထားလို့ရတယ်
တန်ဖိုးထားထိုက်တဲ့အချိန်တစ်ချိန်တိုင်းကို မှတ်တမ်းတင် သိမ်းဆည်းထားဖို့မမေ့ပါနဲ့
.

မှတ်တမ်းတင်

Posted by : လက်တွဲဖော် 0 Comments
တစ်ခါကပေါ့....
နင်ကငါ့၇ဲ့ကောင်းကင်တစ်ခုလို့
ငါပြောခဲ့ဖူးပါတယ်...............။
အဲဒါကအမှန်ပါပဲ
နင်ကငါ့အတွက်တော့..
ကောင်းကင်တစ်ခုလိုဝေးကွာလွန်းပါတယ်
...........။
ပြီးတော့
ကောင်းကင်တစ်ခုလိုမျိုး
ငါဘယ်လိုမှမလွတ်မြောက်နိုင်အောင်လဲ
လွှမ်းမိုးထားပါတယ်
နင့်ဆီမေ၇ာက်နိုင်တော့တာသေချာသလောက်ဆိုပေမဲ့
တစ်ခါတစ်လေတော့လည်း
မျှော်လင့်နေချင်တယ်.......
အားလုံးကိုစွန့်လွှတ်လိုက်၇င်တောင်တမ်းတခြင်းကိုတော့
ငါပိုင်တယ်မဟုတ်လား.........
ဒီလောက်လေးပါပဲ.............။

su myat

တစ်ခါကပေါ့....

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -