Archive for 02/14/13
ချစ်သူများနေ့ (၀ါ) Valentine Day (ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ) (14.2.2013)
၁၄.၂.၂၀၁၃ ဟာ ချစ်သူများနေ့ ဖြစ်ပါတယ်။ ချစ်သူများနေ့ လို့ခေါ်တဲ့ Valentine Day ဆိုပြီးဖြစ်ပေါ်လာပုံကို ကျွန်တော်ပြောပြပါ့မယ် ဒါ့အပြင် ချစ်သူများနေ့မှာဘယ်လိုလက်ဆောင်တွေ ပေးရင်ကောင်းမလဲ နောက်တော့ ကို့ချစ်သူကို ဘယ်လိုပျော်ရွှင်မှုတွေ ပေးနိုင်မလဲဆိုတာ အကြံပြု ထားပါတယ်နော် ချစ်သူများနေ့ဆိုပြီး ချစ်သူဆိုတာ မိမိလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ လူတစ်ယောက် အတွက်ပဲမဖြစ်စေချင်ဘူး မိမိချစ်တဲ့လူ ဥပမာ သူငယ်ချင်း မိဘ ဆွေမျိုး ညီအကို မောင်နှမ တွေလည်းပါတာပေါ့
ဖြစ်ပေါ်လာပုံကို ဖတ်ပြီး ဘယ်ကနေဘယ်လို Valentine Day ဖြစ်လာလဲ ကို့ချစ်တဲ့သူတွေကို ပြောပြရင်း ပျော်ရွင်ဖွယ်ကောင်းတဲ့ လက်ဆောင်လေးနဲ့အတူ ကြည်နူးနိုင်ကြပါစေနော်...။
---------------------------------------------------------------
ချစ်သူများနေ့ လို့ခေါ်တဲ့ Valentine Day ဆိုပြီး ဖြစ်ပေါ်လာပုံကဒီလိုဗျ.............
အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ St.Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။
အဲ့ဒီ့အချိန်ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းမြတ်က ပြည်သူတွေကိုအတင်းအကျပ် သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့သည်။
C laudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။အဲဒီအချိန်မှာ ချစ်သူစုံတွဲ တတွဲက ဘုန်းတော်ကြီးကို အကူအညီလာ တောင်းခဲ့တယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုး တိတ်တိတ်လက်ထပ်ပေးလိုက်တယ်။ဒါကို တယောက်နား တယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။
အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုး အပြတ်ခြိမ်းလေပြီပေါ့။ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတတွဲကို လက်ဆက်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲ သွင်းထားလိုက်တယ်။ အချုပ်ထဲ ရောက်သွားတဲ့ အချိန်မှာလဲ မျက်စိမမြင်တဲ့ ထောင်မှူးရဲ့ သမီးကို ဆေးကုသ ပေးခဲ့တယ်။ Valentine ဟာ သူ့ထံ လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူတော်စင် Valentine က ပမထဆုံး ချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ Claudiusက ဒီသတင်းကို ကြားတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။ Valentine ကိုလူထုရဲ့ ရှေ့မှာ သေဒဏ်ပေးဖို့ အမိန့် ချခဲ့ပြန်တယ်။ သေဒဏ်ပေးမဲ့ မနက်မှာValentineဟာ ထောင်မှူးသမီးကို နုတ်ဆက်စာလေး တစောင်ရေးပေးခဲ့တယ်။ စာအောက်ဆုံးမှာ ရေးထားတာကတော့ From your Valentine တဲ့။
ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှုတွေ ခံပြီး ကွယ်လွန်သွားခဲ့ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။ အဲဒီနေ့က အေဒီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။ (တချို့ဆိုက်ဒ်က အေဒီ ၁၆၉တဲ့)။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။
နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။
ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊ ချစ်သူတွေကို ပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လ ဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့ စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့ ဘုရင်ကို တော်လှန်ခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။
--------------------------------------------------------------
ကဲခုလောက်ဆိုရင် ချစ်သူများနေ့က ဘာကြောင့်ဖြစ်တယ် ဆိုတာသိသွားလောက်ပြီပေါ့နော် ဒါဆိုရင် မိမိလည်းမိမိသူငယ်ချင်းတွေ မိမိချစ်ရတဲ့သူတွေကို ပန်းစည်းတွေ ချိုချဉ်တွေ ချောကလပ်တွေ စာလွှာလေးတွေနဲ့ လက်ဆောင်လေးတွေပို့ပေးလိုက်ကြဖို့ မမေ့လိုက်နဲ့ဦးနော် သြော် မေ့နေ့တာ ချစ်သူများနေ့မှာ ဘာလက်ဆောင် တွေဘယ်လိုပေးလို့ရလဲ အောက်ကလင့်လေးတွေမှာ ၀င်ကြည့်ရင်း ကြည်နူးစရာ လက်ဆောင်ဆန်းဆန်းလေးတွေ ပေးရင်း Valentine's Day မှာ ကိုချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်နိုင်ပါစေနော်
ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ
- http://www.wutyeefoodhouse.com/?p=5119
Valentine Day လက်ဆောင် ဟင်းလျာ
- http://www.wutyeefoodhouse.com/?p=757
ချစ်သူများနေ့အတွက် လက်ဆောင်
- http://www.missgreenlady.com/2011/02/blog-post_06.html
အာလူးပူတင်း (ချစ်သူအတွက် ဟင်းလက်ရာ)
- http://www.wutyeefoodhouse.com/?p=2739
ချစ်သူ့လက်ဆောင်
- http://www.heintinzaw.com/2010/02/blog-post_8990.html
ချစ်သူများနေ့အတွက် မုန့်လက်ဆောင်း
- http://www.wutyeefoodhouse.com/?p=1253
အလုပ်အရမ်းရှုပ်နေလို့ ဘာမှဝယ်ဖို့ စဉ်းစားချိန်တောင် မရခဲ့ရင် အလှပဆုံး နှင်းဆီနီတစ်ပွင့်ကို ဖဲပြားနီ နဲ့ ချည်ပြီး စိတ်ကောက်နေတဲ့ ချစ်သူကို ပေးမယ်ဆိုရင် သူမဆီက မိုနာလီဇာရှုံးတဲ့ အပြုံးတစ်ပွင့် ကို ဆွတ်ယူနိုင်ကောင်းပါရဲ့......
U Know This

(ဖေဖော်ဝါရီလ ၁၄ ရက်နေ့ )
ကိုယ့်ချစ်သူ နဲ့  အချိန်ကြာကြာအချစ်တွေတည်မြဲနိုင်ဖို့ အတွက်
သူ အပေါ်မှာ နားလည်မှုလေးတွေပေးနိုင်ဖို့ လိုအပ်ပါတယ်...
ချစ်သူ ကိုယ့်အချစ်မှာ ပျော်ရွင်နိုင်ဖို့ အတွက်
သူ့ အပေါ်မှာ ဂရုစိုက်မှုလေးတွေလဲ ပေးနိုင်ဖို့ လိုအပ်ပါတယ်
ချစ်သူက ကိုယ့်ကို အချစ်တွေပိုလာဖို့ အတွက်သူ့ အပေါ်မှာ
ချိုသာတဲ့စကားလုံးလေးတွေနဲ့ ကလေးဆန်ဆန်နေပေး သင့်သလို
ချစ်သူ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ အားပေးနိုင်ဖို့ အတွက်
တစ်ခါတရံ မှာလူကြီးဆန်ဆန်နဲ့ အားပေး ပေးနိုင်ဖို့ လဲလိုအပ်ပါတယ်
တကယ်တော့ အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လိုပဲပါစပ်က ချစ်တယ် ချစ်တယ်ပြောနေယုံနဲ့ တော့
အချစ်ဆိုတာက မတည်မြဲနိုင်ပါဘူး....
တစ်ယောက် အပေါ် တစ်ယောက် လိုအပ်ချက်လေးတွေပါ
အပြန်အလှန် ဖြည့်ဆည်းပေးနိုင်ဖို့ လဲလိုအပ်ပါတယ်........
ချစ်သူတိုင်း ကိုယ့်ချစ်သူရဲ့  လိုအပ်ချက်လေးတွေကိုအပြန်အလှန်
ဖြည့်ဆည်းပေးရင်းနဲ့  အမြဲထာဝရ လက်တွဲသွားနိုင်ကျပါစေ....
khin myo aye

ကိုယ့်ချစ်သူ နဲ့ 
တခါတလေဘယ်သူ့ကိုမှ
စကားမပြောချင်ဖြစ်တတ်တယ်
အမှန်ကသူတို့ကို စကားမပြောချင်တာမဟုတ်ပါဘူး
ကိုယ့်မှာ ဘယ်သူ့ကိုမှ
စကားမပြောနိုင်လောက်တဲ့စိတ်ညစ်စရာတွေ ရင်ထဲပြည့်နှက်နေလို့ပါပဲ
တခါတလေလူတယောက်က သင့်ကိုစကားမပြောနိုင်တိုင်း စကားမပြောချင်လို့လို့မထင်ပါနဲ့
သူ့မှာသင့်ကို စကားမပြောနိုင်လောက်တဲ့စိတ်ညစ်စရာတွေ ဘယ်လောက်တောင်ပြည့်နှက်နေလဲဆိုတာ သင်မှမသိနိုင်ပဲ
ခင်မင်လျက်
ကောင်ကလေး
13-02-13

ဘယ်သူ့ကိုမှ
ဘယ်လိုမိန်းကလေးမျိုးက ချစ်သူကောင်း၊ချစ်သူစစ်ဖြစ်နေသလဲ
*****************************************
(၁)တကယ်ချစ်တဲ့  မိန်းကလေးတစ်ယောက်ဆီမှာ….သူ ချစ်တဲ့  ယောက်ျားလေးအတွက် မာနတွေ၊သိက္ခာတွေ၊အတ္တတွေမရှိတော့ ဘူး။သူပျော်ဖို့ ၊သူဘာလိုအပ်လည်းဆိုတာတွေကို
တွေးပြီး သူပျော်ရင်ပြီးတာပဲဆိုတဲ့  ခံစားချက်လေးတွေနဲ့  အရာရာကို အရှုံးပေး…၊နားလည်းပေးချစ်နိုင်တဲ့သူပေါ့။ဒါကြောင့်လည်း တခါတလေမှာ….အမေတစ်ယောက်လို၊အမတစ်ယောက်လို တဗျစ်တောက်တောက်နိုင်တဲ့ စကားတွေပြောပြီး၊တခါတလေ ကျတော့  အပြစ်ရှိသူတစ်ယောက်လို ခေါင်းငုံ့ခံတက်ကြတယ်။မာနကိုအရောင်တင်တဲ့  မိန်းမတိုင်းအတွက် တကယ်မချစ်ရင် အနစ်နာခံဖို့ ဆိုတာအိမ်မက်ထဲမှာပဲရှိတော့ မှာပေါ့……..
(၂)တခါတလေ ချစ်သူကိုတွေ့ချင်စိတ်ကြောင့်သာမဟုတ်ရင်…ဂိမ်းဆိုင်လိုဖြစ်နေတဲ့ အင်တာနက်ဆိုင်
မျိုးကိုသူတို့ ယောင်လို့ တောင်ခြေချမှာမဟုတ်ဘူး…၊လိပ်လိုနှေးနေတဲ့ ကွန်နက်ရှင်ကြားမှာ ချစ်တဲ့ စိတ်သာမရှိရင် ကြာကြာထိုင်နိုင်မှာမဟုတ်ဘူး…၊အော်ခေါ်မကြားနိုင်တဲ့ ဖုန်းလိုင်းတွေကြားမှာ အိပ်ချင်စိတ်တွေကြီးစိုးနေသည့်တိုင် ညနက်ထိလည်း တကယ်မချစ်ရင်မျှော်လင့်ချက်တွေနဲ့စောင့်မျှော်နေကြမှာမဟုတ်ဘူး… သူတို့  သိပ်ချစ်နေလို့ သာအရာရာကို ဥပေက္ခာပြုနိုင်ကြတာမဟုတ်လား……….
(၃)ပိုချစ်တဲ့ မိန်းကလေးဆိုတာ သင့်အတွက်တော့  ဒုတိယမိခင်ပေါ့။မွေးနေ့ လိုနေ့ မျိုးမှာ နေပူကျဲတဲဘုရားပေါ်တက် ဆုတောင်းချင်တောင်းပေးနေလိမ့် မယ်။သင်အလုပ်အကိုင်တွေ အဆင်ပြေစေဖို့ ၊နေကောင်းကျန်းမာစေဖို့ ဘုရားစာကိုမချပဲ ဆုတောင်းပေးချင်ပေးနေလိမ့် မယ်။ဇောင်းတန်းက အလှူခံဖြတ်ပိုင်းလေးကို အမှတ်တရ သိမ်းထားချင်သိမ်းထားနေလိမ့် မယ်….။အမှတ်တရတွေအများကြီးကိုသိမ်းဆည်းတက်တဲ့  မိန်းမတွေအတွက် သင်လည်းသိမ်းဆည်းခံသူတစ်ယောက်ဖြစ်ခဲ့ရင် ဂုဏ်ယူဖို့ ကောင်းနေပါပြီ….။
(၄)ကိုယ်ရောစိတ်ပါချစ်နိုင်တဲ့ မိန်းကလေးမျိုးဆိုတာ သင့်အပူမီးတွေကိုပါ ကူးစက်ခံစားနေနိုင်သူပေါ့။အနည်းဆုံး ဘောလုံးပွဲရှုံးလို့  စကားတွေမာလာရင်တောင် ပြုံးပြုံးလေးနေနိုင်တက်သူပေါ့။တကယ်ချစ်တဲ့  မိန်းကလေးဆိုတာ သင့်အိမ်အပူမီးတွေ၊သင့်ရဲ့ကိုယ်ရေးကိုယ်တာတွေအတွက်ပါ ကိုယ်စိတ်နွမ်းနေသည့်တိုင် တဖွဖွမှာပေး၊လုပ်ပေးနေလိမ့် မယ်။တကယ်မချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ပါးစပ်ဖျားမှာ သင့်အကြောင်းထက် မနေ့ က တင်တဲ့ ရုပ်ရှင်ဇတ်ကားလောက်နေရာယူနိုင်မှာမဟုတ်ဘူးလေ…….။
(၅)သင်အရက်သောက်တက်ရင်၊ဆေးလိပ်သောက်တက်ရင် မသောက်ဖို့ ကို တင်းတင်းကြပ်ကြပ် တားမြစ်တာထက် ကျန်းမာရေးမကောင်းဖြစ်မှာပေါ့  ဥပမာပေးတားမြစ်နေလိမ့် မယ်။သင်စိတ်တိုင်းကျလွတ်လပ်စွာ နေထိုင်တာကို ချစ်တဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးနိုင်ချင်နိုင်လိမ့် မယ်။သေချာတာကတော့ သူတို့အပေါင်းအသင်းတွေကြားမှာ သင့်ကောင်းကြောင်းတွေပြောပြနေချင်တဲ့  မိန်းမလေးတွေဆိုတာကိုတော့ သတိပြုမိစေချင်တယ်။ဥပမာ မောင့်က ငါ့စကားဆိုနားထောင်တယ်ဆိုတာမျိုး၊ငါ့ကို လည်းသိပ်ချစ်တာ၊ဖုန်းလည်း မအားတဲ့ ကြားက ဆက်ရှာတယ် ဆိုတာမျိုးတွေပေါ့။
(၆)အစွန်းရောက်တယ်ဆိုတဲ့ခံစားချက်တွေကိုမွေးဖွားလေ့ရှိတာ တကယ်ချစ်တဲ့ မိန်းကလေးတွေဆီမှာပါ။သင်ကွယ်ရာမှာ ရှုပ်တာသိနေသည့်တိုင်အောင်၊အကောင့်တွေအများကြီးနဲ့ ကျူနေတာသိနေ သည့်တိုင်အောင်၊ဘောလုံးကန်တာတွေနဲ့  အကြောင်းပြချက်များစွာပေးပြီး တွေ့ချိန်နည်းပါးနေသည့်တိုင်အောင် တကယ်ချစ်တဲ့ မိန်းကလေးတွေရဲ့ ချစ်စိတ်နဲ့ နားလည်ပေးနိုင်စွမ်းဆိုတာ ၁နဲ့  ၁ ပေါင်းလို့  ၂ ရတာကိုတောင်သင်ကျက်တာခက်နေဦးမယ်။သူတို့ ဒီလောက်ထိကို လွယ်လွယ် ကူကူနားလည်ပေးနိုင်စွမ်းရှိကြပါတယ်။ဒါပေမဲ့  သိပ်ချစ်တာကိုတော့ ခုတုံးမလုပ်မိစေနဲ့ ပေါ့။အရမ်းချစ်ပြီးရင်တော့  သူတို့  ဆီမှာ အရမ်းနာကျည်းဖို့ ပဲကျန်တော့ တယ်လေ….။
(၇)နာကျင်စရာအပြုအမူတွေဘယ်လောက်ပြုခံရခံရ၊၀မ်းနည်းစရာစကားလုံးတွေဘယ်လောက်ပြောခံရခံရ၊နေ့ တိုင်းပဲ ငိုနေရငိုနေရ….တကယ်ချစ်တဲ့  မိန်းကလေးဆိုတာ သူတို့ချစ်တဲ့  ချစ်သူဆီက စကားလုံးလေးတလုံးကြားတာနဲ့  လွယ်လွယ်ကူကူ သင်ပုန်းချေနိုင်စွမ်းရှိသူတွေပါ….။ဒီတော့  စိတ်ဆိုးစိတ်ကောက်အောင်လုပ်ပြီးရင် ပြန်ချော့ ဖို့မမေ့ ပါနဲ့။ဝမ်းနည်းစရာအပြုအမူလုပ်ပြီးရင် ပျော်ရွှင်စေအောင်လုပ်ပေးဖို့ လည်းမမေ့ ပါနဲ့။တကယ်ချစ်တဲ့  မိန်းကလေးတွေဆိုတာ သင့်ကိုချစ်စိတ်တခုတည်းနဲ့  အရာရာအရှုံးပေးပြီးချစ်တဲ့ သူတွေပါ…။
အရာအားလုံးပြီးပြည့်စုံတယ်မဟုတ်တောင်….ဒီအချက်လေးတွေရှိနေရင် သင့်မှာ မြတ်နိုးစရာကောင်းတဲ့ ချစ်သူမိန်းကလေးရှိနေပါပြီ။အားနွဲ့သူဆိုတဲ့  ဂုဏ်ပုဒ်ကို သူတို့ နေရင်းထိုင်ရင်းရလာတာမဟုတ်ဘူးလေ။သူတို့မှာ ဘာဂုဏ်ဒြပ်တွေပိုင်ဆိုင်နိုင်နေပါစေ၊ဘယ်လောက်မျိုးကြီးဆွေကြီးထဲကဖြစ်နေပါစေ……
မိန်းမဟာ မိန်းမတစ်ယောက်ပါပဲ…. သူတို့ သိမ်ငယ်မှု့တွေကိုလစ်လျူမရှု့မိပါစေနဲ့ နော်…………
(ပုံရိပ်စစ်)
အေးချမ်းမွန်မှ ပုံရိပ်စစ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ချစ်သူကောင်း၊ချစ်သူစစ်ဖြစ်နေသလဲ
အရေခွံလဲတတ်တာ...မြွေပဲရှိတယ်ထင်ခဲ့တာ.မင်းလည်း..ရင်ခွင်လဲတတ်သားပဲ..မဆိုးဘူး..မင်းတော်တယ်.ဒါ ပေမယ့် ငါ့ကိုတော့..လာ..မညှို့ နဲ့ .. မင်း..သည်းခြေပါ..ပျက်သွားမယ်.. ★´¯` ♪♫•¨¸.•*~)̲̅ζ.ø̸.√̸.£
ငါ့ကို အမြဲ လို သည်းခံ နားလည်ပေးသူ ~
ပြသနာတိုင်းဟာသူ့ရဲ့အမှားလို့တွေ
းသူ ~
အဝေးမှာရောက်နေလည်းစိတ်သာချဘေးလူ စကားတွေနားမယောင်နဲ့ ငါတို့ဘယ်တော့မှမဝေးဘူးးးး
စွယ်တော်ပင်က ရွက်လေးလို နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆို တစ်နေ့တော့ ပေါင်းမယ် ငါတို့နှစ်ယောက်ရဲ့ နှလုံးသား နှစ်ခုလည်း တစ်ခုတည်းအဖြစ်သို့ ရောက်နိုင်ဖို့ ~~
ငါ့ကို အမြဲ လို သည်းခံ နားလည်ပေးသူ ~
ပြသနာတိုင်းဟာသူ့ရဲ့အမှားလို့တေ
းသူ ~
အဝေးမှာရောက်နေလည်းစိတ်သာချဘေးလ
စွယ်တော်ပင်က ရွက်လေးလို နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆို တစ်နေ့တော့ ပေါင်းမယ် ငါတို့နှစ်ယောက်ရဲ့ နှလုံးသား နှစ်ခုလည်း တစ်ခုတည်းအဖြစ်သို့ ရောက်နိုင်ဖို့ ~~
.မြွေ
ယောက်ကျားလေးတယောက် မိန်းခလေးတယောက်ကို
တန်ဖိုးထားမြတ်နိုးခြင်းဟာ
သူ့အချစ်ဘယ်လောက်ဖြူစင်လေးနက်ကြောင်းပြသနေတယ်
တချို့အရာတွေက စောင့်ထိန်းရခက်ခဲကောင်းခက်ခဲပါလိမ့်မယ်
သို့ပေမဲ့ သူ့ဘဝတခုလုံးနဲ့ ရင်းရတဲ့တန်ဖိုးတခုကိုတော့
ဘယ်လောက်ပဲခက်ခဲပါစေသင်စောင့်ထိန်းသင့်ပါတယ်
ကံကြမ္မာဆိုတာ ဝေးမယ်မဝေးဘူးမပြောနိုင်ပါဘူး
အကြောင်းတခုခုကြောင့် ကိုယ်သူ့အနားမှာမနေနိုင်ခဲ့ရင်
ကိုယ့်ရဲ့မဆင်ခြင်မှုကြောင့် သူတသက်လုံးနာကျင်စွန်းထင်းခဲ့ရရင်
သင်ပျော်ရွှင်နိုင်ပါ့မလား??
ယောက်ကျားလေးတယောက် သူ့ချစ်သူမိန်းခလေးကို
ဘယ်လောက်တန်ဖိုးထားချစ်မြတ်နိုးသလဲဆိုတာ
သူဘယ်လောက်ထိစောင့်စည်းထိန်းနိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ် ။ ။
ရိုးစင်းစွာ ပျော်စရာကောင်းသော ချစ်သူများနေ့ဖြစ်ကြပါစေ ။ ချစ်သူကို ချစ်သူများနေ့မှာအကောင်းဆုံးလက်ဆောင်က တသက်လုံးသစ္စာရှိပြီး အချိန်မတိုင်သေးခင်သူ့အပေါ်စောင့်စည်းထိန်းသိမ်းပေးခြင်းပါပဲ.
Happy valentine day to all couple and one sided love people too
ခင်မင်လျက်
ကောင်ကလေး
14-02-13