Posted by : လက်တွဲဖော် Thursday, February 14, 2013

ချစ်သူများနေ့ (၀ါ) Valentine Day (ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ) (14.2.2013)

၁၄.၂.၂၀၁၃ ဟာ ချစ်သူများနေ့ ဖြစ်ပါတယ်။ ချစ်သူများနေ့ လို့ခေါ်တဲ့ Valentine Day ဆိုပြီးဖြစ်ပေါ်လာပုံကို ကျွန်တော်ပြောပြပါ့မယ် ဒါ့အပြင် ချစ်သူများနေ့မှာဘယ်လိုလက်ဆောင်တွေ ပေးရင်ကောင်းမလဲ နောက်တော့ ကို့ချစ်သူကို ဘယ်လိုပျော်ရွှင်မှုတွေ ပေးနိုင်မလဲဆိုတာ အကြံပြု ထားပါတယ်နော် ချစ်သူများနေ့ဆိုပြီး ချစ်သူဆိုတာ မိမိလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ လူတစ်ယောက် အတွက်ပဲမဖြစ်စေချင်ဘူး မိမိချစ်တဲ့လူ ဥပမာ သူငယ်ချင်း မိဘ ဆွေမျိုး ညီအကို မောင်နှမ တွေလည်းပါတာပေါ့
ဖြစ်ပေါ်လာပုံကို ဖတ်ပြီး ဘယ်ကနေဘယ်လို Valentine Day ဖြစ်လာလဲ ကို့ချစ်တဲ့သူတွေကို ပြောပြရင်း ပျော်ရွင်ဖွယ်ကောင်းတဲ့ လက်ဆောင်လေးနဲ့အတူ ကြည်နူးနိုင်ကြပါစေနော်...။
---------------------------------------------------------------
ချစ်သူများနေ့ လို့ခေါ်တဲ့ Valentine Day ဆိုပြီး ဖြစ်ပေါ်လာပုံကဒီလိုဗျ.............

အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ St.Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။
အဲ့ဒီ့အချိန်ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းမြတ်က ပြည်သူတွေကိုအတင်းအကျပ် သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့သည်။

C laudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။အဲဒီအချိန်မှာ ချစ်သူစုံတွဲ တတွဲက ဘုန်းတော်ကြီးကို အကူအညီလာ တောင်းခဲ့တယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုး တိတ်တိတ်လက်ထပ်ပေးလိုက်တယ်။ဒါကို တယောက်နား တယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။

အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုး အပြတ်ခြိမ်းလေပြီပေါ့။ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတတွဲကို လက်ဆက်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲ သွင်းထားလိုက်တယ်။ အချုပ်ထဲ ရောက်သွားတဲ့ အချိန်မှာလဲ မျက်စိမမြင်တဲ့ ထောင်မှူးရဲ့ သမီးကို ဆေးကုသ ပေးခဲ့တယ်။ Valentine ဟာ သူ့ထံ လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူတော်စင် Valentine က ပမထဆုံး ချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ Claudiusက ဒီသတင်းကို ကြားတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။ Valentine ကိုလူထုရဲ့ ရှေ့မှာ သေဒဏ်ပေးဖို့ အမိန့် ချခဲ့ပြန်တယ်။ သေဒဏ်ပေးမဲ့ မနက်မှာValentineဟာ ထောင်မှူးသမီးကို နုတ်ဆက်စာလေး တစောင်ရေးပေးခဲ့တယ်။ စာအောက်ဆုံးမှာ ရေးထားတာကတော့ From your Valentine တဲ့။

ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှုတွေ ခံပြီး ကွယ်လွန်သွားခဲ့ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။ အဲဒီနေ့က အေဒီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။ (တချို့ဆိုက်ဒ်က အေဒီ ၁၆၉တဲ့)။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊ ချစ်သူတွေကို ပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လ ဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့ စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့ ဘုရင်ကို တော်လှန်ခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။

--------------------------------------------------------------
ကဲခုလောက်ဆိုရင် ချစ်သူများနေ့က ဘာကြောင့်ဖြစ်တယ် ဆိုတာသိသွားလောက်ပြီပေါ့နော် ဒါဆိုရင် မိမိလည်းမိမိသူငယ်ချင်းတွေ မိမိချစ်ရတဲ့သူတွေကို ပန်းစည်းတွေ ချိုချဉ်တွေ ချောကလပ်တွေ စာလွှာလေးတွေနဲ့ လက်ဆောင်လေးတွေပို့ပေးလိုက်ကြဖို့ မမေ့လိုက်နဲ့ဦးနော် သြော် မေ့နေ့တာ ချစ်သူများနေ့မှာ ဘာလက်ဆောင် တွေဘယ်လိုပေးလို့ရလဲ အောက်ကလင့်လေးတွေမှာ ၀င်ကြည့်ရင်း ကြည်နူးစရာ လက်ဆောင်ဆန်းဆန်းလေးတွေ ပေးရင်း Valentine's Day မှာ ကိုချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်နိုင်ပါစေနော်

ချစ်သူများနေ့မှာ ဘာလက်ဆောင်တွေ ပေးရင် ကောင်းမလဲ
- http://www.wutyeefoodhouse.com/?p=5119
Valentine Day လက်ဆောင် ဟင်းလျာ
- http://www.wutyeefoodhouse.com/?p=757
ချစ်သူများနေ့အတွက် လက်ဆောင်
- http://www.missgreenlady.com/2011/02/blog-post_06.html
အာလူးပူတင်း (ချစ်သူအတွက် ဟင်းလက်ရာ)
- http://www.wutyeefoodhouse.com/?p=2739
ချစ်သူ့လက်ဆောင်
- http://www.heintinzaw.com/2010/02/blog-post_8990.html
ချစ်သူများနေ့အတွက် မုန့်လက်ဆောင်း
- http://www.wutyeefoodhouse.com/?p=1253

အလုပ်အရမ်းရှုပ်နေလို့ ဘာမှဝယ်ဖို့ စဉ်းစားချိန်တောင် မရခဲ့ရင် အလှပဆုံး နှင်းဆီနီတစ်ပွင့်ကို ဖဲပြားနီ နဲ့ ချည်ပြီး စိတ်ကောက်နေတဲ့ ချစ်သူကို ပေးမယ်ဆိုရင် သူမဆီက မိုနာလီဇာရှုံးတဲ့ အပြုံးတစ်ပွင့် ကို ဆွတ်ယူနိုင်ကောင်းပါရဲ့......
U Know This

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -