Posted by : လက်တွဲဖော်
Thursday, February 14, 2013
ယောက်ကျားလေးတယောက် မိန်းခလေးတယောက်ကို
တန်ဖိုးထားမြတ်နိုးခြင်းဟာ
သူ့အချစ်ဘယ်လောက်ဖြူစင်လေးနက်ကြောင်းပြသနေတယ်
တချို့အရာတွေက စောင့်ထိန်းရခက်ခဲကောင်းခက်ခဲပါလိမ့်မယ်
သို့ပေမဲ့ သူ့ဘဝတခုလုံးနဲ့ ရင်းရတဲ့တန်ဖိုးတခုကိုတော့
ဘယ်လောက်ပဲခက်ခဲပါစေသင်စောင့်ထိန်းသင့်ပါတယ်
ကံကြမ္မာဆိုတာ ဝေးမယ်မဝေးဘူးမပြောနိုင်ပါဘူး
အကြောင်းတခုခုကြောင့် ကိုယ်သူ့အနားမှာမနေနိုင်ခဲ့ရင်
ကိုယ့်ရဲ့မဆင်ခြင်မှုကြောင့် သူတသက်လုံးနာကျင်စွန်းထင်းခဲ့ရရင်
သင်ပျော်ရွှင်နိုင်ပါ့မလား??
ယောက်ကျားလေးတယောက် သူ့ချစ်သူမိန်းခလေးကို
ဘယ်လောက်တန်ဖိုးထားချစ်မြတ်နိုးသလဲဆိုတာ
သူဘယ်လောက်ထိစောင့်စည်းထိန်းနိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ် ။ ။
ရိုးစင်းစွာ ပျော်စရာကောင်းသော ချစ်သူများနေ့ဖြစ်ကြပါစေ ။ ချစ်သူကို ချစ်သူများနေ့မှာအကောင်းဆုံးလက်ဆောင်က တသက်လုံးသစ္စာရှိပြီး အချိန်မတိုင်သေးခင်သူ့အပေါ်စောင့်စည်းထိန်းသိမ်းပေးခြင်းပါပဲ.
Happy valentine day to all couple and one sided love people too
ခင်မင်လျက်
ကောင်ကလေး
14-02-13

Post a Comment