Posted by : လက်တွဲဖော် Thursday, February 14, 2013

ကိုယ့်ချစ်သူ နဲ့  အချိန်ကြာကြာအချစ်တွေတည်မြဲနိုင်ဖို့ အတွက်
သူ အပေါ်မှာ နားလည်မှုလေးတွေပေးနိုင်ဖို့ လိုအပ်ပါတယ်...

ချစ်သူ ကိုယ့်အချစ်မှာ ပျော်ရွင်နိုင်ဖို့ အတွက်
သူ့ အပေါ်မှာ ဂရုစိုက်မှုလေးတွေလဲ ပေးနိုင်ဖို့ လိုအပ်ပါတယ်

ချစ်သူက ကိုယ့်ကို အချစ်တွေပိုလာဖို့ အတွက်သူ့ အပေါ်မှာ
ချိုသာတဲ့စကားလုံးလေးတွေနဲ့ ကလေးဆန်ဆန်နေပေး သင့်သလို

ချစ်သူ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ အားပေးနိုင်ဖို့ အတွက်
တစ်ခါတရံ မှာလူကြီးဆန်ဆန်နဲ့ အားပေး ပေးနိုင်ဖို့ လဲလိုအပ်ပါတယ်

တကယ်တော့ အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်
ဘယ်လိုပဲပါစပ်က ချစ်တယ် ချစ်တယ်ပြောနေယုံနဲ့ တော့
အချစ်ဆိုတာက မတည်မြဲနိုင်ပါဘူး....

တစ်ယောက် အပေါ် တစ်ယောက် လိုအပ်ချက်လေးတွေပါ
အပြန်အလှန် ဖြည့်ဆည်းပေးနိုင်ဖို့ လဲလိုအပ်ပါတယ်........







ချစ်သူတိုင်း ကိုယ့်ချစ်သူရဲ့  လိုအပ်ချက်လေးတွေကိုအပြန်အလှန်
ဖြည့်ဆည်းပေးရင်းနဲ့  အမြဲထာဝရ လက်တွဲသွားနိုင်ကျပါစေ....





khin myo aye

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -