Posted by : လက်တွဲဖော် Thursday, February 28, 2013

❤ နင်ငါ့ကို ဥပေက္ခာပြုထားတဲ့ အချိန်တွေမှာ
တစ်ခြားတစ်ယောက်က ငါ့ကို နွေးထွေးကြင်နာစွာနဲ့ ဂရုစိုက်နေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို ပြဿနာတွေရှာပြီး စိတ်ဆင်းရဲအောင် လုပ်နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါရင်ဖွင့်သမျှကို နားထောင်ပြီး အားပေးနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်တခြားကိစ္စတွေနဲ့ရှုပ်ပြီး ငါ့ကိုမေ့နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါ့အတွက် အချိန်ပေးပြီး ငါ့အနားမှာရှိနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို ၀မ်းနည်းပြီး မျက်ရည်ကျအောင် လုပ်နေချိန်မှာ
တစ်ခြားတစ်ယောက်က ငါပြန်ပြုံးပျော်လာအောင် ကြိုးစားနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!

❤ နင်ငါ့ကို လိုအပ်နေသေးလားဆိုတာကို နင်ကိုယ်တိုင်တောင် သေချာမသိတဲ့ အချိန်မှာ
တစ်ခြားတစ်ယောက်က ငါ့ကိုနွေးထွေးစွာ ကြိုဆိုဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူ စောင့်ကြိုနေတယ်ဆိုတာ နင်မမေ့ပါနဲ့!!


★ Thu Thu Lay ★

( Heart Canteen

အေးချမ်းမွန်မှ Heart Canteen တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -