Posted by : လက်တွဲဖော်
Wednesday, August 1, 2012
စကားများများပြောမိလို့ ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ကြုံတွေ့တော့မှ ဆိတ်ဆိတ်နေတတ်ခြင်းကို ငါရွေးချယ်တတ်ခဲ့တယ်....
သည်းမခံတတ်ခြင်းကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေကို
ကိုယ်တိုင်ရင်ဆိုင်ရတော့မှ သည်းခံတတ်ခြင်းကို ငါရှာဖွေခဲ့မိတယ်....
အကြင်နာကင်းမဲ့တဲ့ အပြုမူတွေကြောင့် ရရှိလာတဲ့အကျိုးဆက်တွေကို
ကိုယ်တိုင်ခံစားမိတော့မှ ကြင်နာတတ်ခြင်းရဲ့ အနှစ်အရသာကို ငါသိရှိခဲ့တယ်....
ကိုယ်ချင်းမစာတတ်ခဲ့ခြင်းမှ ရရှိလာတဲ့အကျိုးဆက်တွေကြောင့်
ကိုယ်တိုင်နာကျင်ဝမ်းနည်းရတဲ့အခါ ကိုယ်ချင်းစာတတ်ခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခဲ့တယ်....
ဘယ်အရာမဆို ကိုယ်တိုင်ကြုံတွေ့ခံစားရမှသာ အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်ကို ခွဲခြားသိမြင်နားလည်နိုင်ကြတယ်....
မြတ်ဘုန်းရည်မွန်
Post a Comment