Posted by : လက်တွဲဖော်
Wednesday, August 1, 2012
သင် လူတစ်ယောက်ကို ဘာကြောင့်ချစ်မိလဲ??
ချောလှလို့လား ခန့်ညားလို့လား...
ပညာတော်လို့လား ဥစ္စာပြည့်စုံလို့လား...
စိတ်ထားကောင်းလို့လား ချစ်စရာကောင်းလို့လား....
ဂုဏ်ဒြပ်တွေကြောင့်လား သင့်တော်မယ်ထင်လို့လား...
ဒါတွေ တစ်ခုခုကြောင့် သင်ငြိတွယ်သွားတယ်ဆိုရင်
အချိန်ကြာကြာတွဲဖြစ်ရင်တောင် သံယောဇဉ်လောက်သာ ဖြစ်ပေါ်စေတာပါ..
တကယ့်အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မရှိပါဘူး...
ရှိခဲ့ရင်လည်း အချစ်စစ်မဟုတ်ဘူး...
မက်မောတွယ်တာမှု သက်သက်ပါ...
သင်လူတစ်ယောက်ကို မုန်းမိနေလား??
သင့်အပေါ် မကောင်းလို့လား သင့်ကို ဒုက္ခရောက်စေခဲ့လို့လား...
သင့်အကျိုးကို ဖျက်ဆီးလို့လား သင့်ပေါ် လိမ်လည်ခဲ့လို့လား...
ဒါတွေကြောင့် သင့်မှာ အမုန်းဖြစ်ပေါ်နိုင်သလို
မသိစိတ်က တခြားသူပေါ် မနာလိုဖြစ်ခြင်း အားကျခြင်းတွေကလည်း သိစိတ်မှာ အမုန်းကို ဖြစ်ပေါ်စေပါတယ်....
အမုန်းမှာတော့ အကြောင်းပြချက်ရှိကို ရှိပါတယ်...
မရှိခဲ့ရင် တကယ်မုန်းတာ မဟုတ်ဘူး...
စိတ်ထားသေးသိမ်မှု သက်သက်ပါ...
မြတ်ဘုန်းရည်မွန်
Post a Comment