Posted by : လက်တွဲဖော်
Wednesday, August 1, 2012
အထီးကျန်ခြင်းဆိုတာ ရိုးရိုးရှင်းရှင်း ပြောရရင် အဖော်မဲ့ခြင်းပါ..
သင် အထီးကျန်တယ်လို့ ခံစားနေရပြီဆို တစ်ခြားသူကို အပြစ်မတင်ခင် သင့်ကိုယ်သင် ပြန်မေးသင့်ပါတယ်
၁။ သင်ဘက်ကစပြီး လူတွေပေါ် ရိုးရိုးသားသားခင်ခင်မင်မင် နေခဲ့ရဲ့လား...
၂။ သင့်ပေါ်ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူကို သင်သေချာခွဲခြား မသိခဲ့ပဲ ချဉ်းကပ်သူ မှားခဲ့လို့လား...
၃။ သင်အနေနဲ့ တစ်ဘက်လူတွေအပေါ် အမှားပြုခဲ့မိလား...
၎။ သင်ပေါ်စေတနာထားသူတွေပေါ် စေတနာကိုမျက်ကွယ်ပြုပြီး စော်ကားခဲ့ဖူးသလား...
၅။ သင် လူတွေနဲ့ဆက်ဆံရာမှာ ရိုးသားပွင့်လင်းခဲ့ရဲ့လား...
၆။ သင့်စိတ်ထားကရော တစ်ကိုယ်ကောင်းဆန်စိတ်နဲ့ သင့်ဘက်ကိုပဲ သင်ကြည့်ခဲ့လို့လား...
၇။ သင့်ပတ်ဝန်းကျင်ကလူတွေပေါ် အသုံးချရုံသက်သက်ပဲ သင်သဘောထားခဲ့သလား....
၈။ သင် ကျေးဇူးသိတတ်ခဲ့ရဲ့လား..
ဒါတွေထဲက အနည်းဆုံး နှစ်ချက်မျှ သင်ပြုခဲ့မိပြီဆိုလျှင်တော့ အထီးကျန်ခြင်းကို သင်ကိုယ်တိုင် ဖန်တီးခဲ့တာပဲ ဖြစ်ပါသည်။
မြတ်ဘုန်းရည်မွန်
Post a Comment