Posted by : လက်တွဲဖော်
Wednesday, August 1, 2012
အတန်းပညာတော်တဲ့  ကလေးလေးကို သူ့ မေမေက မေးခွန်းတခုမေးတယ်။
သားကြီးလာရင်ဘာလုပ်မှာလဲတဲ့ 
စစ်ဗိုလ်ကြီးလား
ဆရာဝန်ကြီးလား
အင်္ဂျနီယာကြီးလားတဲ့ 
အဲမေးခွန်းကို ကလေးလေးကို မေးခံရချိန်မှာ ကလေးလေးက အတော်တန်ကြာအောင်နှုတ်ဆိတ်သွားတယ်။
ကလေး အမေကလည်း သိချင်ဇောနဲ့  သားရဲရဲဖြေ ၊သားစိတ်ထဲမှာ ရှိတဲ့  အတိုင်းဖြေလို့  ပြောလိုက်ချိန်မှာ ကလေးငယ်လေးက မျက်ရည်လေးကျပြီး ပြန်ဖြေတယ်....
တကယ်တော့  ကလေးငယ်လေးရဲ့ အဖြေက မိခင်မှန်းထားတဲ့  အရာတွေတစ်ခုမှမဟုတ်ခဲ့ ဘူး
မိခင်ကိုယ်တိုင်မျက်ရည်လေးကျပြီးတော့  ကလေးငယ်လေးကို ပွေ့ ဖက်ထားလိုက်တယ်
သြော် သားရယ်ဆိုပြီးတော့  သူ့ သားလေးကိုလည်း နမ်းရှုတ်လိုက်တယ်...
ကလေးငယ်လေးပြောလိုက်တာက
သားကြီးလာရင် မေမေ့ ကို တသက်လုံး စောင့် ရှောက်နိုင်တဲ့ သူဖြစ်အောင်ကြိုးစားမယ်...တဲ့ 
(ပုံရိပ်စစ်)
Post a Comment