Posted by : လက်တွဲဖော် Thursday, February 2, 2012

ကောင်လေးတွေ ဘာကြောင့် ကောင်မလေးတွေဆီက ချစ်အဖြေကို မျှော်လင့်တကြီး စောင့်စားခဲ့တယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေဟာ အမြင်ပိုင်းအရ မာကျောကြမ်းတမ်းပေမယ့် နူးညံ့တဲ့နှလုံးသားလေးတွေကို ပိုင်ဆိုင်ကြတယ် ဆိုတာ..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေ သူတို့ကောင်မလေးတွေ စိတ်ကောက်တဲ့အခါ မနေနိုင် မထိုင်နိုင် လိုက်ချော့ပြီး စိတ်ဆိုးပြေသွား တဲ့ ကောင်မလေးမျက်နှာကို တွေ့ရမှ ဘာလို့ အမောပြေသွားတယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ သူတို့ကောင်မလေးတွေအကြောင်းကို မပါမဖြစ် ပြောတတ် တယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေက တကယ်ချစ်မိပြီဆိုရင် သူချစ်တဲ့ကောင်မလေးအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်ပေးနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေက သူတို့ချစ်တဲ့ ကောင်မလေးတွေဆီက အချစ်ကိုရဖို့ဆိုရင် မာနတွေ ခ၀ါချပြီး ဒူးထောက် အညံ့ခံဖို့ဝန်မလေးဘူးဆိုတာ..... ကောင်မလေးတွေမသိဘူး....... လိုင်းကားတိုးစီးရင် ကိုယ့်ကောင်မလေးကို လူတိုးမခံရအောင်လို့ ကောင်လေးတွေက နာကျင်မှုကို ဟန်ဆောင် ပြုံးရင်း ကာကွယ်ပေးတတ်တာ..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေ ဘယ်လောက်အလုပ်များများ သူတို့ကောင်မလေးကို အချိန်တိုင်းသတိရနေတယ်... အချိန်တိုင်း လွမ်းနေတတ်တယ်ဆိုတာ... သူတို့ကောင်မလေးက သူတို့အတွက် အလှဆုံးနတ်သမီးတစ်ပါးလို့ အမြဲတမ်း ယုံကြည်ထားတယ်ဆိုတာ ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေ အိပ်ခါနီးအချိန်မှာ သူတို့ကောင်မလေးတွေအကြောင်း စဉ်းစားပြီးမှ အိပ်လို့ပျော်တယ်... အိပ်မက်ထဲအထိလဲ သူတို့ကောင်မလေးကို အပါခေါ်သွားတတ်တယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေက သူတို့ကောင်မလေးကို ဘာကြောင့်နမ်းတယ်ဆိုတာကို...... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေက အငတ်ခံပြီးရတဲ့ မုန့်ဖိုးတွေကို ကောင်မလေးတွေအတွက် လက်ဆောင်တွေ၊ ပန်းစည်းတွေ ၀ယ်ပေးရတယ်ဆိုတာ..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေက သူတို့ဘ၀မှာ ကောင်မလေးတွေရဲ့ အချစ်ဦး ဖြစ်ခွင့်မရရင်တောင်မှ ကောင်မလေးတွေရဲ့ နောက်ဆုံးအချစ် ဖြစ်ချင်တဲ့ စိတ်ထားလေတွေ ရှိတယ်ဆိုတာကို..... ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေက စိတ်ကူးဆန်းဆန်းလေးတွေနဲ့ သူတို့ကောင်မလေးကို ပျော်ရွှင်ကြည်နူးစေချင်တယ်ဆိုတာ... ဥပမာ...ကောင်မလေးကို သူကိုယ်တိုင်လုပ်ထားတဲ့ သီချင်းခွေတစ်ခွေ ပေးတာမျိုးပေါ့... ကောင်မလေးတွေမသိဘူး....... ကောင်မလေးတွေက ကောင်လေးတွေကို ထားခဲ့ပြီး နောက်ထပ်အသစ်တစ်ယောက်ကို ချစ်သွားတဲ့အခါ.. မျက်ရည်တွေနဲက အရက်ဆိုင်မှာ တခြားအရက်သမားကြီးတွေကို ကြေကြေကွဲကွဲ ရင်ဖွင့်ရင်း သူတို့ကိုထားခဲ့တဲ့ ချစ်သူကောင်မလေးကို တမ်းတရင်း ဘ၀ပျက်သွားတာမျိုးတွေ ရှိတယ်ဆိုတာ..... ကောင်မလေးတွေမသိပါဘူး....... ကောင်လေးတွေရဲ့အချစ်က ဂဏန်းဖိုကြီးတွေလိုပဲဆိုတာ (ဂဏန်းတွေမှာ သူတို့သဘာဝအရ အပေါ်အခွံမာကြီးတွေ ပျော့သွားတဲ့အချိန်ဆိုတာ ရှိတယ်လေ.. အဲဒီအချိန်ရောက်ရင် ဂဏန်းဖိုကြီးတွေဟာ ဂဏန်းမလေးတွေကို ထိခိုက်မှုမရှိအောင် အပေါ်ကအုပ်မိုးပြီး ကာကွယ်ထားလေ့ရှိတယ်... ဒါပေမယ့် ဂဏန်းမလေးတွေကတော့ ဂဏန်းဖိုကြီးတွေရဲ့ အခွံမာတွေ မရှိတော့တဲ့အချိန်ကြရင် ပြန်လည်စောင့်ရှောက်လေ့မရှိပဲနဲ့ ဂဏန်းဖိုကြီးတွေကို ညှပ်ပြီးစားသောက်လိုက်ကြတယ်လေ...)။ ကောင်မလေးတွေမသိဘူး....... ကောင်လေးတွေဟာ သူတို့ကောင်မလေးတွေကို အရမ်းချစ်လေ့ရှိတယ်ဆိုတာကိုပေါ့...... တကယ်တော့ ကောင်လေးတွေဟာ စွန့်လွှတ်မှုကို အခြေခံတဲ့အချစ်မျိုးကို ပိုင်ဆိုင်ထားကြတာပါ...

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -