Posted by : လက်တွဲဖော် Sunday, January 6, 2013


ကောင်လေး ။ ။ နင် နေရောကောင်းရဲ့လား ?

ကောင်မလေး ။ ။ သိပ်မကောင်းဘူး ...

ကောင်လေး ။ ။ ဘယ်လိုဖြစ်တာလဲ ... မနေ့ကမှ အကောင်းကြီးရှိသေးတယ်

ကောင်မလေး ။ ။ အင်း ... အအေးမိသွားတာ !

ကောင်လေး ။ ။ ဘာ! ဘယ်လိုဖြစ်တာလဲ??

ကောင်မလေး ။ ။ ရေခဲမုန့် သွားစားမိလိုက်လို့ ...

ကောင်လေး ။ ။ နင်ရူးနေလား??? အေးချမ်းနေတဲ့အချိန် အဲ့ရေခဲမုန့်တွေ မစားပါနဲ့! ဒီမိုးရာသီလေးတော့ နည်းနည်းသည်းခံပါလို့ ငါနင့်ကိုမပြောဘူးလား?? နင့်ကိုယ်နင် ဘာသားနဲ့ထုထားတယ် မှတ်နေလဲ?? နင့်မှာ ဦးနှောက် မရှိဘူးလား?? ကလေးလည်း မဟုတ်တော့ဘူး ... ကိုယ့်ကိုယ်ကို ဂ၇ုစိုက်မှပေါ့ ။

.... ကောင်မလေးလည်း ကောင်လေးကိုလှမ်းဖက်ပြီး အပြုံးလေးနဲ့ပြောလိုက်တယ် ..

ကောင်မလေး ။ ။ နင် အဲ့လို ငါ့အပေါ် စိတ်ပူပြီး ဆူတာလေးကို ခံချင်လို့ နင်မစားနဲ့လို့ တားထားတဲ့ ရေခဲမုန့်တွေကို စားတာ ... ကဲ သိပြီလား ??

ကောင်လေး ။ ။ အမ် ... အရူးမလေး ;-*



❤ ကောင်မလေးတွေဟာ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုကို ရဖို့အတွက် ပုံစံမျိုးစုံနဲ့ ကြိုးစားတတ်ကြတယ် ^_^ ❤


.ပိုးဟပ်ဖြူ.

< Heart Canteen >

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -