Posted by : လက်တွဲဖော် Sunday, October 28, 2012


ညီမလေးရေ ...

ကိုယ်မကြုံဖူးတဲ့ အတွေ့အထိတွေ အယုအယတွေကြောင့် တစ်သက်လုံး တန်ဖိုးရှိရှိ ထိန်းသိမ်းလာတဲ့ ညီမလေးရဲ့ အပျိုစင်ဘ၀ကို မဆုံးရှုံးစေနဲ့!!

ချစ်သူဆိုတာ ဆုံးရှုံးသွားရင် အစားပြန်ရနိုင်ပေမယ့် ညီမလေးရဲ့ အပျိုစင်ဘ၀ကတော့ ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်ဘူး ...


တစ်သက်လုံး ထိန်းသိမ်းလာခဲ့ပြီးမှ တဒင်္ဂလေးနဲ့ မဖျက်ဆီးလိုက်မိစေနဲ့!!

ညီမလေးရဲ့ အပျိုစင်ဘ၀လေး ပျက်စီးသွားတဲ့ နောက်ကွယ်မှာ မကောင်းတဲ့ အကျိုးဆက်တွေက ညီမလေးကို စောင့်ကြိုနေလိမ့်မယ် ...

✿ ညီမလေးရဲ့ ပတ်ဝန်းကျင်အလယ် လူ့အသိုင်းအ၀ိုင်းအလယ်မှာ အရင်လို စိတ်သန့်သန့်နဲ့ ခေါင်းမော့ပြီး နေနိုင်ဖို့ ခက်ခဲလိမ့်မယ် ...

✿ အရင်ကရှိတဲ့ self-confidence တွေ ပျောက်ဆုံးကုန်လိမ့်မယ် ...

✿ အရေးအကြီးဆုံးက မတော်တဆ ကိုယ်ဝန်တွေ ဘာတွေ ရှိလာခဲ့ရင် ညီမလေးအတွက် ဘ၀ပျက်မတတ်အခက်အခဲတွေနဲ့ ရင်ဆိုင်လာရလိမ့်မယ် ...

အဲ့ဒီအခါ ညီမလေးဒုက္ခရောက်မယ့်လမ်းရယ် အပြစ်မရှိတဲ့ လူသားတစ်ဦး ဒုက္ခရောက်ရမယ့် လမ်းရယ် ... ဒီနှစ်လမ်းပဲ ညီမလေးရွေးခွင့်ရှိတော့မယ် ...

ညီမလေး စိတ်ဆင်းရဲခံချင်မှာမဟုတ်သလို လူသတ်သမားလည်း ဖြစ်ချင်မှာ မဟုတ်ပါဘူး ...

ဒါကြောင့် ....

ကိုယ့်ကိုကိုယ် ထိန်းနိုင်အောင် ကြိုးစားပါ ညီမလေးရယ် ...

ဘာမဟုတ်တဲ့ ခံစားမှုတွေကြောင့် ညီမလေးရဲ့ ဘ၀မပျက်ပါစေနဲ့ ...

ညီမလေးရဲ့ မိဘတွေလည်း မျက်ရည်မကျရစေနဲ့ ...

ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်တဲ့ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတစ်ယောက် ဖြစ်ပါစေကွယ် ♥♥♥


( Facebook ပေါ်မှ ညီမငယ်များ အားလုံးအတွက်!! )

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -