Posted by : လက်တွဲဖော် Sunday, October 28, 2012


တချိန်တုန်းက တယောက်နဲ့တယောက် သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ် ။
မမျှော်လင့်ဘဲ တနေ့မှာ ကောင်မလေး သေဆုံးသွားခဲ့တယ် ။

အဲဒီအခါ ကောင်လေးက ယူကြုံးမရဖြစ်ပြီး အချိန်ရှိတိုင်း ကောင်မလေးကိုပဲ တမ်းတနေခဲ့တယ်။ ကောင်မလေးကိုလွမ်းတိုင်း နေ့တိုင်းနီးပါးကျနေရတဲ့
မျက်ရည်တွေခမ်းခြောက်ဖို့ သူ့ကိုယ်သူနှစ်သိမ့်ခဲ့သလို Joker တရုပ်အဖြစ်နဲ့လည်း အပူမျက်နှာကို ဟန်လုပ်ပြုံးပြရင်း လူတွေကိုပျော်ရွှင်အောင်လုပ်ပေးရင်းနဲ့ ဖြေသိမ

့်ခဲ့တယ်။
ဒါပေမယ့် မျက်ရည်တွေ ခြောက်ခမ်းသွားဖို့ကိုတော့ သူကိုယ်တိုင်အပြင် ဘယ်သူကမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ။

တနေ့ .. .. ..
ကောင်လေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတုန်း အိပ်မက်ထဲမှာ သူ့ချစ်သူကောင်မလေးကို နတ်ပြည်မှာ တွေ့ခဲ့တယ်။ နတ်သမီးပေါင်းမြောက်မြားစွာနဲ့အတူ သူသိပ်ချစ်ရတဲ့ တဦးတည်းသော ချစ်သူလေးပေါ့ ။

နတ်သမီးတိုင်းလိုလို ရွှေရောင်ပြိုးပျက်တဲ့အဝတ်အစားတွေ ဝတ်ဆင်ထားကြပြီး လက်ထဲမှာ အလင်းရောင်ရှိတဲ့ ဖယောင်းတိုင်တစ်တိုင်စီ ကိုင်ဆောင်ထားကြတယ် ။

အဲဒီမှာ သူ သတိထားမိလိုက်တာက သူ့ချစ်သူကောင်မလေးက ရွှေရောင်ပြိုးပြိုးပျက်ပျက်ဝတ်စုံလေးကိုတော့ ဝတ်ဆင်ထားပါရဲ့ ။ ဒါပေမယ့် သူမ လက်ထဲက ဖယောင်းတိုင်က အလင်းရောင်ကင်းမဲ့နေတယ် ။

သူ .. ကောင်မလေးကို မေးလိုက်တယ် ။
" သဲ .. သူများတွေရဲ့ ဖယောင်းတိုင်တွေအကုန်လုံး အလင်းရောင်ရှိပါလျက်နဲ့ သဲရဲ့ဖယောင်းတိုင်ကျတော့ ဘာလို့ အလင်းရောင်ကင်းမဲ့နေရတာလဲ " တဲ့ ။ ။

ကောင်လေးရဲ့ အမေးစကားကို ကောင်မလေး ပြန်ဖြေခဲ့တယ် ။
" ကို .. နင်က ငါ့ရဲ့အလင်းရောင်လေးလေ ။ နင်ငိုနေမှတော့ ငါ့ဖယောင်းတိုင်လေးလည်း ဘယ်အလင်းရောင်ရှိနိုင်ပါ့မလဲ ။ နင် မငိုပါနဲ့နော် ။ " တဲ့ ♥





{မယ်ပိုး}

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -