Posted by : လက်တွဲဖော်
Thursday, August 2, 2012
ကောင်မလေး နှစ်ယောက်စကားပြောနေတယ်။
ပထမ ကောင်မလေးက
`ယောကျာ်းတွေ ဆိုတာ ကြက်သွန်နီနဲ့တူတယ်။ ငါတို့တွေ သူတို့ကို အကြောင်း
သေချာစုံစမ်းကြည့်တဲ့အခါ ကြက်သွန်နီကို တလွာခြင်းခွာတာနဲ့တူတယ်။
ခွာရင်းနဲ့ မျက်ရည်ကျရတယ်။ နောက်မှသိလိုက်ရတယ်။ သူတို့မှာ နှလုံးသားမှမရှိဘဲ´
ဒုတိယ ကောင်မလေးက
` တကယ်တော့ နင်ထင်သလိုမဟုတ်ပါဘူး။ ငါတို့တွေက သူတို့ နှလုံးသားကို
တလွာခြင်းခွာနေတာပါ။ အစကတည်းက သူက နှလုံးသားတခုလုံး နင့်ကို ပုံအပ်ပြီးပြီပဲလေ။
နင်မှ သူ့ကိုမယုံတာ´
(သံသယ ဆိုတာကို မျက်လုံးထဲ ထည့်ထားတဲ့အခါမှ ခုလုခုလုနဲ့ အမြင်ဘယ်ကြည်တော့မလဲ)
Post a Comment