Posted by : လက်တွဲဖော် Friday, January 20, 2012

ချစ်သူချော့နည်း
ကိုကိုငွေ စာရေးလေ ( ဟာနေပါအုံး မဒမ်ရဲ့ နားပါရစေအုံး) သူများတွေရေးပြီးတာ တစ်ပတ်လောက်ရှိပြီ ၊ အေးပါ ရေးပေးပ့ါမယ် အေးဆေးပေါ့ ၊ သူစတင် ဆော်သြနေတာ ၂၀ရက်နေ့ကတည်းက ၊ တကယ်တန်းပြောရရင်တော့ ဘယ်ကစပြီး ရေးရမှန်းကို မသိဘူး ၊ မိုးယံတို့ ကိုဇော်တို့ ရေးထားတာ သွားဖတ်တော့လဲ အော် ပျံလန်နေတာဘဲ ကောင်းတာကို ပြောပါတယ်၊ ကိုကိုငွေတို့က ဒါမျိုးသိပ်မစွမ်းလှဘူး ဒီကြားထဲ မဒမ်ငွေတို့က ဇွတ်ရေးခိုင်းနေသေးတယ်။
စာရေးတာဟာ စာဖတ်တာနဲ့မတူဘူးဗျ၊ စာဖတ်တာက စိတ်ပါပါ မပါပါဖတ်လို့ ဖြစ်တယ် စိတ်ပါတဲ့အလျှောက် ၊ နဲနဲမှတ်မှိတယ် များများမှတ်မှိတယ် အဲလိုကွာတာ၊ စာရေးတာကြ တော့ စိတ်ပါမှကို ရေးလို့ရတယ် ၊ စာရေးနေတုန်း စိတ်ခံစားမှု တခုခုဖြစ်နေရင် စာက အဲဒီခံစားမှု့ကြီးအတိုင်း စာကထွက်နေတယ်၊ စိတ်မပါဘဲနဲ့ရေးထားတဲ့ စာတွေကို ဘယ်လိုလူကရေးရေး သိသာလွန်းတယ်၊ ဒါကြောင့်စိတ်မပါလို့၊ မရေးဖြစ်ခဲ့တာပါ ဤသည်ကား စကားချီးတည်း။
ချော့တော့မယ်နော်ကြည့်ထား။
အုန်း အုန်း…. ၊ ပြင်းထန်သော လက်သီးဆုတ်နှင့် ကျောပြင် ထိခတ်မှိသောအသံ နှင့်တပြိုင်နက် ချစ်သူရဲ့ ပါးစပ်မှ အာမေဋိတ်သံလေး နှင့်အတူ ချစ်သူရဲ့မျက်နှာလေးလည်း သနားစဖွယ် ငြိုးငယ်စွာ ဖြစ်နေလေရဲ့၊ ကျွန်တော်လဲ ပြုလုပ်လိုက်မှိပြီးမှ စိတ်ထဲမကောင်းမှိတာ အမှန်ပါ၊ ဘယ်လိုတောင်းပန်ရမလဲ၊ ကျွန်တော့်ခေါင်းထဲမှာ ဒေါင်ချာဆိုင်းနေလေရဲ့ ၊ သူ ကျွန်တော့်ကို စိတ်နာသွားပြီလား။
မဒမ်…မဒမ်…မဒမ်…ကျွန်တော့် အသံကို သူမကြားတာလား၊ မကြားချင် ယောင်ဆောင် နေတာလားတော့ ကျွန်တော် မဝေခွဲတတ်၊ သူ့သူငယ်ချင်းတွေ ရှိတဲ့ တိုက်တန်းဘက်ကို သူထွက်ခွာသွားလေရဲ့၊ မိုးဖွဲလှတဲ့ စင်ကာပူရဲ့ Clementi -MRT နားက အမိုးအကာမဲ့ လမ်းတစ်ခု အလယ်မှာ ကျွန်တော်ဟာ ၁၀မိနစ်လောက် တွေဝေငေးမော တွေးတောမှိသွားတယ်။
နာရီတွေကိုသာ ပြန်ရွေ့လို့ရရင် လွန်ခဲ့တဲ့ နှစ်နာရီကို ကျွန်တော် ပြန်ရောက်သွားချင်ခဲ့တယ်၊ ဒီလိုအမှားမျိုး မကျူးလွန်ချင်လို့ပါ ၊ သူကစနေသမီး စိတ်ကြီးတယ်၊ ကျွန်တော်က စနေသား လက်သွက်တယ် ၊ နှစ်ယောက်ပေါင်းလိုက်ရင် တစ်ပတ်ကို စကားများတာ ၃ပွဲနဲ၅ပွဲကြားမှာ ဖြစ်တယ်၊ နစ်နစ်နာနာပြောတာ ဆိုတာ ဆဲတာ တုတ်တာ မပါ၊ နားလည်မှုတော့ရှိတယ်ဗျ။
ကျွန်တော်က ဒါစားဆိုရင် သူကဒီပြင်ဟာကို စားတယ်၊ ကျွန်တော်က ဒီဘက်သွားမလို့လို့ ပြော ရင်သူက ဟိုဘက်သွားမယ် လိုက်မလားလို့ အဘိယာစက ပြုတတ်တယ်၊ ဈေးသွားလို့ ကျွန်တော်က ပန်းသစ်တော်လေး ကောင်းလိုက်တာ၊ ၀ယ်ရအောင်ပါလို့ တိုက်တွန်းလိုက်တော့ သူက လိမ္မော်သီးတွေ ကောင်းသတဲ့၊ အဲလို တစ်ယောက်တစ်ပေါက်ဆိုပေမဲ့ စကားတော့ နဲနဲများကြတယ် ၊ စိတ်ကောက်စိတ်ဆိုး ပြန်ချော့ တည့်သွားရင် သူလဲသူ့အိမ်ပြန် ကျွန်တော်လဲ ကျွန်တော်အိမ်ပြန်လာ၊ ဒီလိုနဲ့ပြီးသွားခဲ့ကြတာပါ၊
အခုတခါတော့ ကျွန်တော်ဟာ စိတ်တိုပြီး သူ့ကိုလက်ပါမှိပြီ၊ ကျွန်တော်က လက်သွက်သလို သူကလဲနှုတ်သွက်သူပါ ဒါပေမဲ့အခုကိစ္စကို သူလုံးဝတစ်ခွန်းဆို တစ်ခွန်းမှမဟဘဲ သူ့သူငယ်ချင်းတွေ အိမ်ဘက်ကို ကျွန်တော့ကိုတောင် မခေါ်ဘဲနဲ့ ထွက်သွားပြီ ကျွန်တော် ဘာလုပ်ရမလဲ၊ သူ.့နောက်ကလိုက်သွားရမှာလား၊ ရပ်နေခဲ့ရမှာလား အိမ်ပြန်ရမှာလား၊ သူကိုချစ်တယ် သူ့ချစ်သလောက် ကျွန်တော်သူ့ကိုပြန်ချစ်နိုင်တယ် ၊ သူဂရုစိုက်သလောက် ကျွန်တော်သူ့ကို ဂရုစိုက်ခဲ့တယ်၊ ဒီကိစ္စတွေမှာ သူနဲ့ကျွန်တော်ဟာ သရေဘဲ ၊ ကျွန်တော်တွေးပြီး နောက်ကြောင်းပြန်လျှောက်လာခဲ့တယ်။
ဖြစ်ရတဲ့အကြောင်းရင်းက ဒီလိုဗျ ၊ သူ့သူငယ်ချင်းတစ်ယောက်က မန္တလေးကို ပြန်မလို့တဲ့ အဲဒါ မဒမ်ရဲ့ မေမေဆီကို မဒမ်က လူကြုံထည့်ပေးချင်တာ ၊ အဲဒါနဲ့ သူ့သူငယ်ချင်းရှိတဲ့ Clementi ကို သွားကြတာ၊ ထီးကနှစ်ယောက်လုံးမပါဘူး၊ အဲဒီသူငယ်ချင်းတွေအိမ်ကို ရောက်ဖို့က mrt စီးပြီး Clementi မှာဆင်းပြီး လမ်းလျှောက်ရသေးတယ်။
မိုးတွေကဖွဲဖွဲနဲ့ ကျွန်တော်က သူ့အိမ်ကိုပေးမဲ့အထုပ်ကို စွဲလာခဲ့တယ်၊ မဒမ် မိုးရွာနေပြီ ကိုကိုငွေ နေခဲ့ရမလားလို့ မေးလိုက်ပါတယ်၊ သူကစကား ပြန်မပြောနိုင်ပါ ၊ အထုပ်တွေ လက်ဆောင်တွေ ထည့်ပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာပြည်မှ မိဘ မောင်ဘွားများကိုဖုန်းနဲ့ လှမ်းပြောနေပါတယ်၊ ရထားပေါ်မှာကတည်းက အတန်တန်ပြောခဲ့ပါတယ် သူငယ်ချင်းတွေအိမ်ကိုရောက်မှ ထည့်ပေးလိုက်ပြီဆိုတာကို ဖုန်းဆက်ပြီးပြောပါ အဲသလိုကျွန်တော်က တိုက်တွန်းခဲ့သေးတယ်။
အခုမိုးရွာခါနီးနေပြီ ဘယ်လိုလုပ်ရမယ်ဆိုတာကို စကားပြန်မရဘူး ဖုန်းသာ သဲသဲမဲမဲ ဆက်နေတော့ ကျွန်တော်ကလဲ စိတ်ဆိုးပြီး ဟဲ့ ထီးပါလား မိုးရွာတော့မယ် ထီးကတစ်ချောင်းထဲဆိုရင် ကိုကိုငွေမလိုက်တော့ဘူး နှစ်ယောက်လုံး ရေဆိုကုန်လိမ့်မယ်၊ အဲလိုပြောနေတုန်း မဒမ်ငွေက ကျွန်တော်ကို သေသေချာချာကြည့်ပြီး တစ်ခွန်းပြောလိုက်ပါတယ်၊ အဲဒီစကားကြောင့် ကျွန်တော်ဟာ စိတ်တိုပြီး သူ့ကျောကုန်းကို အုံး အုံး ဆိုပြီး ခပ်ဖွဖွလေး နှစ်ချက် ဆင့်ထုလိုက်ပါတယ်။ သူပြောတဲ့ စကားက “မိုးကအခုရွာပလား” တဲ့၊ မိုးရွာမှ ပြောလို့ ဘာထူးမတုန်းဗျာ မရွာခင်ပြောမှ လုပ်သင့်တာ လုပ်ထားရမှာမဟုတ်ဘူးလား။ ဖြစ်ပုံကတော့ ဒီလိုဖြစ်သွားခဲ့တာပေါ့ဗျာ။
ဟာ ဒုက္ခဘဲ ကျွန်တော်ခုမှတွေးမှိသွားတယ်၊ ကျွန်တော့်ပိုက်ဆံအိတ်က မဒမ်နဲ့ပါသွားတယ် MRT ကဒ်ထဲမှာ ငွေကနှစ်ကျပ်လောက်ဘဲကျန်တော့ ဘယ်လိုလုပ်ပြီး MRT စီးရပါလိမ့်မလဲ၊ မဒမ် ကတော့ ဒီလမ်းက မုချ ပြန်လာမှာ ၊ မိုးတွေကလဲ ကျလာပြီ ကျွန်တော် MRT ဂိတ်ဝမှာ ဟိုလျှောက် ဒီလျှောက်နဲ့ အကြံထုတ်နေတုန်း ခပ်ဝေးဝေးက ဆောင့်ဆောင့်အောင့်အောင့်နဲ့ မဒမ်ငွေတစ်ယောက် ရောက်ချလာတာကို မြင်ပြီး ကျွန်တော်ခေါင်းထဲမှာ အကြံတစ်ခု ဖြတ်ခနဲ ပေါ်လာတယ်။
ကျွန်တော့် နှုတ်ဖျားက ကမ္ဘာပေါ်မှာ အသံတကာတို့ထက် ချိုမြိန်သော အသံဖြင့် “ဟလို မဒမ် ကိုကိုငွေကို စိတ်ဆိုးသွားလား ကိုကိုငွေက အချစ်စမ်းတာပါ၊ အခုမိုးရွာနေတာတောင် ထီးမပါဘဲနဲ့ မင်းကိုထိုင်စောင့်နေတာ ကြည့်လေ ဒီလောက်ဆိုရင် ကိုကိုငွေ မင်းအပေါ်ထားတဲ့ မေတ္တာ ကို ခန့်မှန်းလို့ ရလောက်ပါပြ”ီ “သွားပါ အခုမှ ထုတုန်းက ထုပြီး အပိုတွေ ပြောမနေနဲ့ ဒီကတသက်လုံး အဖေရိုက်တာတောင် မခံခဲ့ရဘူး အခုကျမှ အနှိပ်စက်ခံနေရတာ” “ အေးပါကွာ ကိုကိုငွေ မှားပါတယ်၊ နောက်မဖြစ်စေရပါဘူး ကတိပေးပါတယ’် “နောက်လဲ အမြဲတမ်း ဒီလိုဘဲလုပ်နေမှာဘဲ မဟုတ်လား ၊ တစ်သက်လုံးစိတ်ဆင်းရဲ မခံနိုင်ဘူးနော်၊ အမြဲဒီလိုလုပ်နေမှာလား၊” “ မလုပ်ပါဘူး အခုဟာက စိတ်တအားတိုသွားလို့ပါ၊ တောင်းပန်ပါတယ်နော် သိလား၊”
ကျွန်တော်ကလဲ သူကရီးစားဦးဆိုတော့ ချော့တတ်တဲ့အတွေ့အကြုံကမရှိ၊ ဘာစားအုံးမလ၊ဲ ဘာမှမစားဘူး၊ စိတ်ဆိုးသွားလား ၊ မဆိုးပါဘူး မျက်နှာ အနေအထားသည် ၊ ကောင်းကင်ယံတွင် မိုးသားတိမ်တိုက်တို့ လွမ်းမိုးအုံ့ဆိုင်းနေသကဲ့သို့ ၊ ကျွန်တော်ချစ်သူ မျက်နှာပြင်တွင် မျက်ရေကျရန် အဆင့်သင့်အနေထားဖြင့် လွှမ်းမိုးအုံ့ဆိုင်းနေလေ၏ ငါ့နှယ်နော် ရာဇ၀င်အိုး ဒုတ်နဲ့ထိုးမှိပြီ ၊ ဘယ်နှယ့်ချော့ရပါလိမ့် ၊ အကိုကွာ မင်းကိုဟင်းချက်ကျွှေးမယ် စားမယ်မလား၊ မစားဘူး၊ အင် ဒါဆိုရင် ဖျော်ရည်ကြိတ်တိုက်မယ်၊ မသောက်ဘူး ၊ အော ဘာ စားချင်တုန်း၊ မစားဘူး၊ ရော် ကျွန်တော်မေးနေတုန်း သူ့မျက်နှာပေါ်တွင် အုံ့ဆိုင်းနေသော မျက် ရည်စတို့သည် အတားအစီးမရှိ လူရှေ့မရှောင်သူရှေ့မရှောင် သည်းထန်စွာ မျက်ရည်မိုးတို့ ရွာသွန်းဖြိုး လေတော့သည်။
ဒီအသက်အရွယ်အထိ ဒီတခါဘဲ ဒီလိုအထုခံရဖူးတယ်၊ အဖေတောင်အဲလိုမထုဘူးဘူး သူ့နဲ့ ကျမှ အထုခံရတယ်၊ ဒါတောင် သမီးရီးစားရှိသေးတယ်၊ အိမ်ထောင်ကျရင် ဒုက္ခပေါ့၊ သူများအတွဲ တွေများ ကြင်နာလိုက်ကြတာ၊ ဒီမှာတော့ အနှိပ်စက်ခံနေရတယ်၊ ဒီပုံစံအတိုင်းဆိုရင်တော့ လက်မထပ်နိုင်ဘူး၊ စသဖြင့် စသဖြင့် ပွစိ ပွစိ ပွစိနဲ့ ဘာတွေပြောလို့ ပြောမှန်းမသိပါဘူး ၊ အဲလောက်နားပူမယ်မှန်းသိရင် ထုကိုမထုဘူး အခုတော့ ထုလဲထုပြီးပြီ ဆိုတော့ ချော့တော့ချော့ရမှာအမှန်ဘဲ။
ကိုကိုငွေကို ပြန်ရိုက်ပါ မဒမ်ငွေ စိတ်ရှိသလောက်ရိုက် ဟုတ်ပြီလား အဲလိုကြီး မျက်နှာစူပုပ်ပြီး မနေပါနဲ့ စိတ်ထဲမကောင်းလို့ပါ မဒမ်ငွေ ငိုရင် ကိုကိုငွေ ရင်ဘတ်နာတယ် စိတ်လဲတော်တော်လေးကို မကောင်းတာပါ ကဲ ထုလေ ရိုက်လေ ဆိုပြီး ကျနော်က သူ့လက်လေးကို ကိုင်ပြီး ကျနော့်ကျောပြင်ကို ထုခိုင်းပါတယ် မဒမ်ကတော့ မထုပါဘူး ကျနော် ဇွတ်အတင်း လက်ဆွဲပြီး ၅ ချက်လောက်ထုလိုက်ပါတယ် အဲင်္ဒီတော့မှ မဒမ်က တော်ပြီ လက်ကိုလွှတ် ပြန်မယ် လို့ပြောပါတယ် ကျနော့်အထင် မဒမ်ငွေ စိတ်နဲနဲတော့ ပြေသွားတယ် ထင်ပါတယ်။
ဒါပေမဲ့ မနက်ဖြန် သူ့အိမ်ကို အလည်သွားပြီး သူ့ကို ချက်ကျွေးရမယ် အရုပ်လေးတစ်ရုပ်လောက် လက်ဆောင်ဝယ်ပြီး ချော့ရအုန်းမယ် ဟူးးးးး ချစ်သူချော့ရတာလဲ မလွယ်ပါလား တကယ်ပါ ချော့နည်းရေးဆိုတော့လဲ ကျနော်က ပေါက်ပေါက်မြောက်မြောက် မချော့တတ်ပါဘူး ဒီအဖြစ်ကလေးက အခုဆို ကျနော်တို့ စကားပြောတိုင်း ခဏခဏ ပါနေတဲ့ အဖြစ်ကလေးပါ “ မိုးကရွာပြီလား၊ အုန်း အုန်း ဖြစ်ချင်တာလား “ ဆိုပြီး စိတ်ကောက်တော့မယ် ဆိုရင် အဲလို စကားလမ်းကြောင်းလွှဲပြီး ပြောဖြစ်နေပါတယ်။
မဒမ်ငွေရဲ့ ရာသီဥတုက နဲနဲကောင်းလာသလို ဖြစ်လာတော့ ကျွန်တော်လည်း ကိုယ့်ကိစ္စ ကိုယ်ဆက်လုပ်ရဦင်္းမည် ဖြစ်သဖြင့် ၊ ဟဲဟဲ ကို့ချစ်သူလေး မဒမ်ငွေ ကိုယ့်ကိုပိုက်ဆံအိတ်လေး တစ်ဆိတ်လောက် ပေးစမ်းပါ ၊`ဘာလုပ်မလို့လဲ ´ ငေါတူးတူးနှင့် ကျွန်တော့်ကိုမျက်စောင်းထိုးပြီး ကြည့်ခါမေးပါ၏၊ ဟဲဟဲ ကို MRT ကဒ်ဖြည့်မလို့ မနက်ဖြန်မင်းဆီလာရင် MRT ကဒ်ကမရှိတော့ဘူးလေ ဟဲဟဲ၊ အဲဒါကြောင့်ပါ။
`မှန်မှန်ပြော MRT ကဒ်ထဲငွေဖြည့်စရာမရှိလို့ ၊ ပိုက်ဆံအိတ်ကို စောင့်နေတာမဟုတ်လား´ အိုဘာစကားတွေလဲ်၊ မဟုတ်ရပါဘူး ကိုက မင်းတစ်ယောက်ထဲ ပြန်သွားရမှာ စိတ်မချလို့ စောင့်နေတာပါ၊ `ရော့ ပိုက်ဆံအိတ်´ ကျွန်တော် လက်အစုံဟာ လေ၏လျှင်မြန်မှုနှုန်းဖြင့် သွက်လက်စွာ မဒမ်ငွေလှမ်းပေးသော ပိုက်ဆံကိုယူပြီး MRT ကဒ်ကိုငွေဖြည့်လိုက်ပါ၏၊ ဒါဘဲနော် အိမ်အထိ လိုက်ပို့ပေးမယ် သိလား၊ မနက်ဖြန် စနေနေ့ဆိုတော့ ကိုကိုငွေလာမှ ထမင်းစားသိလား၊ ၀က်နံရိုးကြော် လုပ်ကျွေဲး့မယ်၊ pooh အရုပ်လေး ၀ယ်လာခဲ့မယ်၊ စောင့်နေနော်သိလား ၊ ကျွန်တော် တို့နှစ်ယောက် MRT ပေါ်သို့ တက်လိုက်ပါတယ်။
မဒမ်ငွေ အိမ်နားက MRTကို ရောက်တော့ မဒမ်က ကျွန်တော့ကြောကုန်းကို ဆင်းခါနီးတွင် အုန်းအုန်းဟု နှစ်ချက်ထုသွားပါ၏၊ ကျွန်တော် ဘာမှပြန်လုပ်ချိန် မရလိုက်ပါ၊ ကျွန်တော်ဆင်းပြီး သူ့ နောက် လိုက်မယ် လို့ ကြံခါရှိသေး ၊ MRT တံခါးက ပိတ်သွားလေ၏၊ အင်း အင်း အင်း…………ယောကျာင်္းလေးဖြစ်ရတာ မလွယ်ပါလားကွယ်တို့။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -