စိတ်ဆိုးစိတ်ကောက်တတ်တဲ့မိန်းကလေးနဲ့ ချစ်သူဖြစ်နေသူများအတွက်ပါ…. သင့်ချစ်သူကသင့်ကိုခနခနစိတ်ကောင်ကတာ၊ စိတ်ဆိုးတာဟာသင့်ကိုချစ်လို့ ပါ။အပြစ်မမြင်ပါနဲ့ … စိတ်လုံးဝမဆိုးတတ်တဲ့မိန်းကလေးတစ်ယောက်ဟာရေနွေးဖြူတစ်ခွက်နဲ့  တူတယ်။ရေငတ်ပြေပေမဲ့အရသာမရှိဘူး… သင်နောက်ကျတဲ့အခါ…သူမစိတ်ကောက်တယ်… အကြေင်းကသင်လမ်းမှာမတော်တဆဖြစ်မှာကိုစိတ်ပူလို့ ပါ။ သင်ဆေးလိပ်သောက်တဲ့အခါ သင့်ကိုစိတ်ဆိုးတယ်… အကြောင်းကသင့်ရဲ့ ကျန်းမာရေးထိခိုက်မှာစိုးလို့ ပါ…။ သင်အရက်သောက်တဲ့အခါ…စိတ်ဆိုးတယ် အကြာင်းကသင်အရက်မူးတဲ့အခါသင့်ကိုဂရုစိုက်မဲ့ သူမရှိမှာစိတ်ပူလို့ ပါ…ပိုဆိုးတာကအရက် သောက်ရင်ဘေးဖြစ်မှာကိုပါ။သူမမျှော်လင့်တာက သင်နဲ့ အတူတူဆံဖြူသွားကျိုးတဲ့အထိလက်တွဲသွားချင်တယ်လေ…. သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ… သူမစိတ်ကောက်တယ်။အကြောင်းကသင့်ကိုဂရုစိုက်လို့ ပါ။မုန့် ကိုပဲဝေစားမယ် …သင့်ကိုတော့ဝေမစားနိုင်ဘူးဆိုတဲ့သဘောပါ။သူမရဲ့ မွေးနေ့  ကိုသင်မေ့တဲ့အခါသူမစိတ်ဆိုးလိမ့်မယ်။အကြောင်းကသင်ဟာသူမရဲ့ မျှော်လင့် ချက်ပါ။သူမရဲ့ မွေးနေ့ ကိုသင့်ကိုအမှတ်ရစေချင်တဲ့သဘောပါ….. မိန်းကလေးတွေဟာတရားဟောတဲ့သူလည်းဖြစ်တယ်။သူတို့  စိတ်ဆိုးတဲ့အခါသဘောတရားအမျိုးမျိုးကိုနားလည်ခွင့်ရရှိကြတယ်။မိန်းက လေးတွေဟာတိတ်ဆိတ်တဲ့သူလည်းဖြစ်နေတတ်ပြန်တယ်… ဒီအခါသူတို့ သဘောထားကိုနားလည်ဖို့ ခက်ပြန်ေ၇ာ…မိန်းကလေးတွေဟာ သူတို့ ရဲ့ ဘေးမှာရှိတဲ့ယောကျာ်းလေးဆီကတောင်းဆိုတယိ.. .မျှော်လင့်ချက်တွေရယူချင်တဲသဘောက…သူတို့ ဟာ မကြာခနဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ ပဲ..ဒါကြောင့်မိန်းကလေးတွေက ယောကျာ်လေးတွေကို အလွယ်တကူစိတ်ဆိုးစိတ်ကောက်တာဖြစ်တယ်.. .တကယ်လို့ သင့်မှာစိတ်ကောက်တတ်တဲ့ကောင်မလေးရှိရင် သင်ကောင်ကံကောင်းပြီ မှတ်ပေတော့…သင့်မှာစိတ်ဆိုးတတ်တဲိ့န်းကလေးတစ်ယောက်ကိုပိုင်ဆိုင်ထားရင်တော့ သူမကိုတန်ဖိုးထားပါတော့…အကြောင်းက စိတ် ဆိုးတတ်တဲ့မိန်းကလေးတွေကချစ်စရာအကောင်းဆုံးမို့ လို့ ပါ။တကယ်လို့ . .တစ်နေ့ ကျရင် သူမ သင့်အပေါ်စိတ်မဆိုးတော့ရင်…စိတ်မ ကောက်တော့ရင် ဘာဖြစ်နိုင်လာလဲ…. သင်ကထင်ရင်ထင်မယ် နားအေးသက်သာတာပေါ့…အခုမှအေးဆေးနေရတော့မယ်လို့  ထင်နိုင်ပါတယ်။တကယ်တော့ သင်တစ်ယောက်ထဲအမှောင်ခန်းလေးထဲမှာ စိတ်ကယောင်ချောက်ချားမှုနဲ့ အထီးကျန်စွာနာကျင်ခြင်းကိုတစ်ဦးတည်းခံစားရမှာဖြစ်ပါ တယ်။သင့်ကိုပူပန်စိုးရိမ်မှုတွေနဲ့ ပြောဆိုနေမဲ့သူမရှိတော့တဲ့အတွက် ကိုယ်ဘာသာလမ်းဆက်လျှောက်ရမှာဖြစ်တယ်…မှားယွင်းခြင်း တွေကြုံလဲသတိပေးတားမြစ်တဲ့လူမရှိတဲ့အတွက် မှားပြီးရင်းထပ်မှားဖွယ်ရာဖြစ်လာနိုင်တယ်… အဆုံးမှာမိမိကိုယ်ကိုယုံကြည်ခြင်းပျက်သုန်းလာပြီး….. အိပ်မရတဲ့ညတွေကိုဖြတ်သန်းရတော့ မှာဖြစ်တယ်။ ဒါကြောင့်မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်ပြီဆိုရင်… သူတို့ ရဲ့ သဘောထားကိုမြင်အောင်ကြည့်ပေးပါ..ကိုယ့်ကိုတစ်ကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာကိုယ်ကိုဘေးကျပ်နံကျပ်ဖြစ်အောင်ဘယ်တော့မှမလုပ်ပါဘူး။ သူ့ မှာအကြောင်းရင်းရှိပါတယ် သူရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်။ဒါဆိုရင်သင့်ရဲ့  ချစ်ခရီးလမ်းဟာကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့… ချစ်သောသူနဲ့ အဆင်ပြေကြပါစေ…..
Post a Comment