ချစ်သူရှိတဲ့ကောင်လေးတိုင်း ကိုယ့်ရဲ့ကောင်မလေးကိုယ့်ကို ပိုချစ်လာတာခံချင်ရင်
အောက်မှာပေးထားတဲ့ အချက်လေးအတိုင်း ဂရုတစိုက်နေထိုင်ပြုမူကြည့်ပါ။
ရည်းစားရှိတဲ့သူငယ်ချင်းကောင်မလေးတွေကိုသူတို့ရဲ့ချစ်သူကောင်လေးတွေရဲ့
ဘယ်လိုအပြုအမူကိုသဘောကျလဲလို့မေးပြီးဒီပို့စ်လေးကိုရေးထားတာဖြစ်လို့
တော်တော်များများသောကောင်မလေးတွေလိုချင်တဲ့အပြုအမူနဲ့တော့တိုက်ဆိုင်မယ်ထင်ပါတယ်။
- သူမက အရမ်းလှတယ် အရမ်းဆွဲဆောင်အားကောင်းတယ် ဆိုတာ မကြာခဏ ပြောပေးပါ။
- သူမရဲ နဖူးလေးကို မကြာခဏ ညင်ညင်သာသာ နမ်းပေးပါ။
- မနက်အိပ်ယာထချိန်တိုင်း သူမ လူကိုယ်တိုင်မပာုက်ရင်တောင် မက်ဆေ့ နဲ့ပဲဖြစ်ဖြစ် နှိုးပေးပါ။
- တခြား သူငယ်ချင်းကောင်မလေးတွေနဲ. အပြင်သွားမယ်ဆိုတိုင်း သူမကို အမြဲ ခေါ်သွားပါ။
- သူမ ဆံပင်လေးတွေကိုလဲ မကြာခဏ ခပ်ဖွဖွလေးသပ် ပေးပါ။
- မင်းအသံ ဘယ်လောက်ဆိုးဆိုး သူမကို မကြာခဏသီချင်းဆိုပြ ပါ။
- သူမကို မချီပြီးတော့ပဲဖြစ်ဖြစ် ပွေ့ဖက်ကလိထိုးပြီးတော့ပဲဖြစ်ဖြစ် မကြာခဏ ကစားပေးပါ။
- ရီစရာကောင်းတဲ့ ဟာသလေးတွေကို မကြာခဏ သူမကို ပြောပေးပါ။
- သူမကို ဘယ်လိုချစ်ကြောင်း ဖွဲ့နွဲ့ပြီး အမြဲပြော ပေးပါ။
- တစ်ခါတစ်ရံ သူမကို ကုန်းပိုးပြီးတော့ လမ်းလျှောက်ပါ။
- သူမ အထီးကျန်နေတဲ့ အချိန်ဆိုရင်လဲ သူငယ်ချင်းတစ်ယောက်လို အားပေးပါ။
- သူမရဲ့ မျက်လုံးလေးတွေကို မကြာခဏ ပြုံးပြီးစိုက်ကြည့်ပါ။
- သူမနဲ ကျမှ ဘယ်လိုချစ်တက်သွားတယ်ဆိုတာကို ကို မကြာခဏပြောပေးပါ။
Post a Comment