Posted by : လက်တွဲဖော် Friday, January 20, 2012

နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ မိန်းကလေးများ အမြင်မှာ နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ ၁. သဘောထား သေးသိမ်သော ယောင်္ကျားများ ၂. ခေတ်ရေစီးကြောင်းကို အလွန်အကျွံ လိုက်စားတတ်သော ယောင်္ကျားများ ၃. အားနွဲ့ဟန်၊ သိမ်မွေ့ဟန် ဆောင်တတ်သော ယောင်္ကျားများ ၄. ကတ်စီး အရမ်းနည်းတတ်သော ယောင်္ကျားများ ၅. သူတပါးအတွက် စဉ်းစားပေးလေ့ မရှိဘဲ ကိုယ့်အကြောင်းကိုဘဲ ကြည့်တတ်သော တကိုယ်ကောင်းဆန်သော ယောင်္ကျားများ ၆. ရည်းစားဘ၀မှာ ကိုယ့်ရဲ့ ချစ်သူကို event တစ်ခုတစ်လေတောင် လုပ်မပေးတတ်သော ယောင်္ကျားများ ၇. စကားအလွန်များသော ယောင်္ကျားများ ဂ. ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲပြီး မသုံးတတ် မစွဲတတ်သော ယောင်္ကျားများ ၉. သူငယ်ချင်းများကို ဆဲဆိုနေတတ်သော ယောင်္ကျားများ ၁၀. အပြောင်းအလဲ မြန်ဆန်သော ယောင်္ကျားများ ၁၁. နှာဘူးကျလွန်းပြီး အသားအရမ်းယူတတ်သော ယောင်္ကျားများ ဒီလို ယောင်္ကျားအမျိုးအစားများကိုတော့ မိန်းကလေးများက မနှစ်သက်ကြပါဘူးတဲ့။ ဒါဟာလည်း လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မိန်းကလေးအားလုံးဟာ ဒီလိုပါလို့တော့ ပြောလို့မရပါဘူး။ အရင်တစ်ခေါက် ရှောင်သင့်သောမိန်းမများ အကြောင်းရေးတုန်းက အစ်ကို တစ်ယောက်က မျှမျှတတ ရေးပါဆိုလို့ ခုတခါတော့ အားလုံးကို ၁၁ချက်စီ ဖော်ပြပေးလိုက်ပါတယ်။ ယောင်္ကျားသားများ အမြင်မှာ သိပ်နှစ်သက်ဖွယ် မကောင်းသောမိန်းမများ ၁. အရမ်းကို over ဖြစ်နေတတ်တဲ့ မိန်းကလေးများ ၂. မိတ်ကပ်ကို ပြစ်ထူနေအောင် လိမ်းတတ်သော မိန်းကလေးများ ၃. ဆေးလိပ်သောက်တတ်သောမိန်းကလေးများ ၄. သူများစကားကို နားထောင်လေ့ မရှိဘဲ သူပြောချင်တာကို စွတ်ပြောတတ်သော မိန်းကလေးများ ၅. သူ့ပိုက်ဆံအကုန်သက်သာအောင် အနားကို အတင်းကပ်နေတတ်သော မိန်းကလေးများ ၆. အစစ်အမှန်ဆိုတာကို သူ့ရဲ့ ကိုယ်မှာ ရှာလို့ မတွေ့နိုင်သော မိန်းကလေးများ ၇. အမြဲတမ်း အလွဲလွဲ အချော်ချော်များကိုဘဲ လုပ်နေတတ်သော မိန်းကလေးများ ၈. အဆဲအဆို သန်သော မိန်းကလေးများ ၉. လုံးဝကို ပြင်ပြင်ဆင်ဆင် မနေတတ်သော မိန်းကလေးများ ၁၀. သူဟာသာ တလောကလုံးမှာ အတော်ဆုံး၊ အတတ်ဆုံးဟု ထင်တတ်ကြသော မိန်းကလေးများ ၁၁. ယောင်္ကျားတစ်ယောက်ကို အရာဝထ္ထု တစ်ခုလို သဘောထားတတ်ကြသောမိန်းကလေးများ ဒီလို မိန်းကလေးမျာကိုတော့ အမျိုးသာများက သိပ်ပြီး မနှစ်သက်ကြပါဘူတဲ့။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မတူနိုင်တဲ့ အချက်တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ယေဘူယျ သဘောတရားကို ဖော်ပြထားတာမို့ တစ်ခေါက်လောက် လေ့လာတာလည်း မှားတယ် မဆိုနိုင်ပါဘူး။ ဒီစာကို ဖတ်မိတဲ့ အမျိုးသမီးများကတော့ ကိုယ်ဟာ ဒီ ၁၁မျိုးထဲမှာ မပါဘို့ ရှောင်သင့်တာ ရှောင်နိုင်တာပေါ့နော်။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -