မိန်းမများရှိသင့်သည် (သို့) ယောက်ျားလေးများ ရည်းစား၊ မိန်းမရှာသော်… ဤအင်္ဂါရပ်တွေရှိတဲ့ မိန်းမကို သာမန်ပုရိသ မပြောနဲ့ ဘုရားအလောင်းတောင် ရွေးတယ်။ယသော်ဓယာမှာ ထိုအင်္ဂါရပ်တွေရှိခဲ့တယ်။ ထိုအရာတွေကတော့ ၁.အဆင်းအရွယ် တင့်တယ်လှပခြင်း။ ၂.အလှဆုံးဖြစ်သော်လည်း ရုပ်အဆင်းအတွက် မာန်မာနမတက်ခြင်း။ ၃.ချစ်သူ၊ ယောက်ျား အပေါ်မှာ မိခင်အလား မေတ္တာစိတ်များဖြင့် လေးလေးစားစား ယုယတတ်ခြင်း။ ၄.စွန့်ကြဲပေးကမ်း လှူဒါန်းနေရသည်ကိုပင် အလွန်ပျော်စရာဟု မှတ်ထင်လေ့ရှိခြင်း။ ၅.သူတပါးကို မထီလေးစား မပြုသည့်အပြင် မာယာသာဋ္ဌေယျအမှုမှလည်း ကင်းရှင်းခြင်း။(မိမိမှာ ရှိသောအပြစ်ကို မရှိဟန်ဆောင်ခြင်းကို `မာယာ`ဟုခေါ်၍ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်ခြင်းကို `သာဋ္ဌေယျ`ဟုခေါ်သည်။) ၆.မာန်မာန မကြီးရသော်လည်း သူတပါး၏ အစေအပါးကဲ့သို့ အောက်ကျနောက်ကျလည်းမရှိရခြင်း။(အားလုံးအပေါ်၌ သဘောထားကြီးကြီးနှင့် ခန့်ခန့် နေတတ်ရမည်ဟုဆို) ၇.လောကီအာရုံ ကာမဂုဏ်၌ မက်မက်မောမောမရှိရခြင်း။ ၈.မိမိ၏ စီးပွားဥစ္စာ၊ မိမိ၏ ချစ်သူ၊ယောက်ျားနှင့်သာ တင်းတိမ်ရခြင်း။ ၉.ယောက်ျားတပါးနှင့်ဆိုလျှင် အိပ်မက်ကိုသော်မျှ မမက်မိအောင်စောင့်စည်းရခြင်း။ ၁၀.သစ္စာဂတိ ကောင်းစွာရှိ၍ တရားပြည့်ဝခြင်း။ ၁၁.ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးစောင့်စည်းလေ့ရှိရခြင်း။ ဒါတွေက ယောက်ျားလေးတွေ ကြင်ယာဖက်ရွေးတဲ့အခါ သုံးသင့်တဲ့ စံ နှင့် မိန်းကလေးများ လိုက်နာကျင့်ကြံသင့်တဲ့ အချက်တွေပါ…… (အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်
Post a Comment