Posted by : လက်တွဲဖော်
Friday, January 20, 2012
ဇနီးကောင်း၊ဇနီးမြတ်
မယားဝတ္တရားငါးပါးအိမ်တွင်းမှုလုပ်၊
သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊
လျော်အောင်ဖြန့်ချိ၊
ပျင်းရိမမူ ၀တ်ငါးဆူ
အိမ်သူကျင့်အပ်စွာ၊
ဇနီးကောင်း၊ဇနီးမြတ်ဖြစ်စေနိုင်မည့် ကြောင်းတရားလေးပါး
၁။ အကျင့်သီလဣနြေ္ဒရှိခြင်း
၂။ အမြော်အမြင် ဆင်ခြင်ဉာဏ်ရှိခြင်း
၃။ ယောက္ခမကို အိမ်ဦးနတ်ကဲ့သို့ ဆည်းကပ်ခြင်း
၎။ လင်ယောက်ျားကို ယုယမြတ်နိုးခြင်း
ဇနီးကောင်း၊ဇနီးမြတ်တို့လိုက်နာရန် ကျင့်ဝတ်ငါးဖြာ
၁။ မိမိလုပ်ရမည့်လုပ်ငန်းကိစ္စများတွင် လင်ယောက်ျားနှင့်တိုင်ပင်ပြီး သဘောတူမှလုပ်ခြင်း
၂။ လင်ယောက်ျားအိပ်မှ အိပ်ခြင်း
၃။ လင်ယောက်ျားအိပ်ရာမထခင် ဦးစွာထ၍ ပြုဖွယ်ဝတ္တရားများကို စီမံပြုလုပ်ထားခြင်း
၎။ လင်ယောက်ျား၏ မြတ်နိုးနှစ်သက်တတ်မှုကို မှတ်သားထားပြီး အလိုလိုက် အကြိုက်ဆောင်နေတတ်ခြင်း
မယားမြတ်ရှစ်ယောက်
၁။ လင်ယောက်ျားကို အစားအသောက်ကျွေးမွေးရာတွင် မိခင်ကဲ့သို့ ကျွေးမွေးသည့်မယား
၂။ လင်ယောက်ျားကို ကောင်းစွာ ပြုပြင်ပြင်ဆင်ပေးတတ်သည့် မယား
၃။ ပကတိအခါတွင် လင်ယောက်ျားကို မောင်လို၊အစ်ကိုလို ရှက်ကြောက်တတ်သောမယား
၎။ မေထုန်ကိစ္စတွင် လင်ယောက်ျား၏ မွေ့လျော်ဖွယ်ကို ပြုကျင့်တတ်သည့် မယား
၅။ လင်ယောက်ျားကို အရှင်သခင်လိုသဘောထား၍ မိမိကိုယ်ကို နှိမ့်ချစွာ ပြုမူဆက်ဆံတတ်သည့် မယား
၆။ မိမိကိုယ်မိမိ သပ်ရပ်လှပသန့်ရှင်းစွ နေထိုင်တတ်သည့် မယား
၇။ လင်ယောက်ျားအပေါ်တွင် သည်းခံစိတ်များစွာရှိသော မယား
၈။ လင်ယောက်ျားအခက်အခဲ ဒုက္ခရောက်နေချိန်တွင် တိုင်ပင်ဖော်ရသော မယား
မိန်းမများ၏ အပြစ်ခုနစ်ပါး
၁။ ဖောက်ပြန်သောအကျင့်ရှိခြင်း
၂။ မစူးစမ်း မဆင်ခြင် ပြုလုပ်တတ်ခြင်း
၃။ လိမ်လည်လှည့်ဖြားကောက်ကျစ်တတ်ခြင်း
၎။ ၀န်တိုမနာလိုစိတ်များခြင်း
၅။ တဏှာရာဂလောဘရမ္မက်ထူပြောခြင်း
၆။ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်လုပ်ရမည့် ကိစ္စများတွင် မလုပ်တတ်ခြင်း
၇။ သန့်ရှင်းစင်ကြယ်စွာ မနေတတ်ခြင်း
မိန်းမများဖောက်ပြန်ပျက်စီးနိုင်သော အကြောင်းတရားဆယ့်သုံးပါး
၁။ မိခင်နှင့်မကြီးပြင်းရဘဲ ဖခင်နှင့်သာ ကြီးပြင်းရခြင်း
၂။ ကိုယ်ပိုင်လွတ်လပ်ခွင့်ရနေခြင်း
၃။ ပျော်ပွဲ၊ကပွဲ၊အခမ်းအနားတိုင်းတွင် ပါဝင်နေတတ်ခြင်း
၎။ အိမ်တကာလျှောက်လည်နေတတ်ခြင်း
၅။ ယောက်ျားများနှင့်ဝိုင်းဖွဲ့ကာ အနေများခြင်း
၆။ တစ်မြို့နှင့်တစ်မြို့ကို တစ်ဦးတည်းသွားလာနေရခြင်း
၇။ အကျင့်စာရိတ္တမကောင်းသော မိန်းမများနှင့် တွဲဖက်အတူတကွ ပေါင်းသင်ခြင်း
၈။ မကြာခဏ စီးပွားပျက်နေခြင်း
၉။ မိမိလက်ထပ်ထားသော လင်ယောက်ျားက မိမိထက် အဆမတန် အသက်ကြီးနေခြင်း
၁၀။ မိမိလင်ယောက်ျားက တစ်ပါးသောမိန်းမနှင့် ပျော်ပါးနေခြင်း
၁၁။ လင်ယောက်ျားနှင့် အချိန်ကြာမြင့်စွာ ခွဲခွာနေရခြင်း
၁၂။ မိန်းမတန်မဲ့ ဘိန်း၊ဘင်း၊ကစော်၊လှော်စာ၊အရက် တစ်ခုခု စွဲနေခြင်း
၁၃။ တစ်ပါးသောယောက်ျားနှင့် ပျော်ပါးဆက်ဆံနေရသည်ပာု မကြာခဏအိပ်မက် မြင်မက်ခြင်း….

Post a Comment