စဉ်းစားမိတာတစ်ခုက ယောက်ျားလေးတွေက ယောက်ျားလေးသူငယ်ချင်းအိမ်မှာ ညအိပ်မယ်ဆိုရင် မိဘတွေက အလွယ်တကူခွင့်ပြုကြတယ်။ အဲဒီလိုပဲ မိန်းကလေးတွေကလဲ မိန်းကလေးသူငယ်ချင်းအိမ်မှာ အိပ်မယ်ဆိုရင် သိပ်မခက်ခဲဘူး။ ဒါပေမယ့် ယောက်ျားလေး တစ်ယောက်ကမိန်းကလေးအိမ်မှာဖြစ်ဖြစ်၊ မိန်းကလေးတစ်ယောက်က ယောက်ျားလေးအိမ်မှာဖြစ်ဖြစ် ညအိပ်မယ်ဆိုရင် နှစ်ဖက် မိဘတွေကရော၊ ပတ်ဝန်းကျင်ကပါ ဝိုင်းပြီးကဲ့ရဲ့ရှုတ်ချမှာ မလွဲဘူး။ တကယ်လို့ အဲဒီ ဆန့်ကျင်ဘက်လိင် ၂ဦးက တရားဝင်လက်ထပ်မယ်ဆိုရင်တော့ (မြန်မာကားများထဲကလို မိဘချင်းရန်စရှိတာကလွဲလို့) ခွင့်ပြုကြပြီး အဲဒီအခါကျရင် ညဖက်အိပ်တာက ဘယ်သူမှ ဘာမှ မပြောတော့ဘူး။ ဒါပေမယ့် လိင်တူချင်းသာ လက်ထပ်မယ်လို့ စကားဟလိုက်တာနဲ့ မိဘတွေကရော၊ ပတ်ဝန်းကျင်ကပါ အတင်းတုပ်မှာမလွဲပါဘူး။ အဲဒီတော့ ကောက်ချက်ဆွဲကြည့်ရင် လင်တူချင်းကြိုက်တာကို တရားမဝင်အားပေးပြီး၊ လိင်ကွဲချင်းကြိုက်တာကို တရားဝင်အားပေးတယ်လို့ယူဆလို့ရတယ်။ ဒီတော့ လူပျိုဘဝမှာ မိဘတွေက ဂေးဖြစ်အောင် ယောက်ျားလေး သူငယ်ချင်းအိမ်မှာအိပ်တာကို ဘာမှမပြောပဲ နေသလားလို့ သံသယဝင်မိတယ်.. :D
Post a Comment