Posted by : လက်တွဲဖော် Thursday, January 24, 2013

ဘဝမှာ တယောက်တည်းဖြစ်ပြီး
အထီးကျန်တာ ဝမ်းနည်းစရာပဲ

အဲဒါထက် နှစ်ယောက်ရှိပြီးအထီးကျန်တာ
ပိုဝမ်းနည်းစရာကောင်းတယ်

မိန်းမတယောက်ရဲ့အရည်အချင်းကိုရုပ်ရည်နဲ့မသတ်မှတ်ဘူး
သူဘယ်လောက်အလှပြင်နိုင်သလဲဆိုတာနဲ့မသတ်မှတ်ဘူး

မိန်းမတယောက်ရဲ့အရည်အချင်းဆိုတာ
သူ့အလှအပတရားကို သူဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်
သူ့သိက္ခာ သူ့တန်ဖိုးကိုသူဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်
သူ့ခြေထောက်ပေါ်သူဘယ်လောက်ရပ်တည်နိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်

အရည်အချင်းရှိတဲ့မိန်းမတယောက်ဆိုတာ
အချိန်မတိုင်သေးခင် သူရဲ့အလှအပတရားကိုအထိခိုက်မခံဘူး
သူ့ရဲ့တန်ဖိုးကို တစ်စုံတစ်ယောက်သောသူကြောင့်အပျက်မခံဘူး
ပြီးတော့သူဟာယောက်ကျားတစ်ယောက်ရှိမှ
ဘဝကိုကောင်းကောင်းရပ်တည်နိုင်တဲ့မိန်းမမျိုးမဟုတ်ဘူး

သင်ဟာရုပ်ဆင်းအင်္ဂါ သိပ်အချောစားကြီးမဟုတ်တဲ့မိန်းမတယောက်ဖြစ်ခဲ့ရင်
အားငယ်စရာမလိုဘူး
ဘာလို့လဲဆိုတော့ အရည်အချင်းရှိတဲ့မိန်းမတယောက်ဖြစ်နိုင်ဖို့
သင့်မှာတခြားကြိုးစားစရာအခွင့်အလမ်းတွေအများကြီးရှိနေလို့လေ~~~


ကောင်မလေးရဲ့ကောင်ကလေး

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -