Posted by : လက်တွဲဖော် Thursday, January 24, 2013


စိတ်ညစ်တဲ့အခါ နားလည်မှုရှိတဲ့လူတွေအနားနေပါ
သူတို့က သင်စိတ်ညစ်တာကိုမဖြေရှင်းပေးနိုင်ရင်တောင်
စကားလုံးတွေနဲ့နွေးထွေးစေပါလိမ့်မယ်

နားလည်မှုမရှိတဲ့လူတွေကိုတော့ လုံးဝရှောင်ပါ
သူတို့တွေက သင်စိတ်ညစ်တာကိုနားလည်မပေးတဲ့အပြင်
"ဒီလောက်လေးနဲ့ သင်စိတ်ညစ်ရလားဆိုပြီး"
သင့်ကိုအပြစ်တင်ပါလိမ့်မယ်

တချို့လူတွေကသင့်စိတ်ညစ်စရာကိုမဖြေရှင်းပေးနိုင်ဘူး
ဒါပေမဲ့နွေးထွေးစွာနှစ်သိမ့်ပေးတတ်တယ်

တချို့လူတွေကကျတော့ ဖြေလည်းမဖြေရှင်းပေးနိုင်ဘူး
နွေးထွေးစွာမနှစ်သိမ့်ပေးတဲ့အပြင်
သင့်ကိုအပြစ်တင်ကဲ့ရဲ့တတ်ပါတယ်

သင့်အနားမှာရှိတဲ့လူတယောက်ရဲ့တန်ဖိုးဟာ
ပျော်ရွှင်စရာရှိတဲ့အချိန်သိပ်မသိသာဘူး
စိတ်ညစ်စရာရှိတဲ့အချိန်ကျမှ သိသာလာပါလိမ့်မယ်

(သူတို့ဟာသင့်ကို နွေးထွေးစွာနှစ်သိမ့်ပေးနိုင်တဲ့လူတယောက်လား ၊ အပြစ်တင်ကဲ့ရဲ့ချင်နေတဲ့လူတယောက်လားဆိုတာကိုပေါ့)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -