Posted by : လက်တွဲဖော် Thursday, January 24, 2013


သူငယ်ချင်းနှစ်ယောက် စကားထာဖွက်တမ်းဆော့နေရင်း ... ကောင်လေးမေးတာ ကောင်မလေးက မသိတော့ ...

ကောင်လေး ။ ။ ဒါလေးတောင် မသိဘူး ... တော်တော်ပိန်းတာပဲ ... နင့်ခေါင်းကို ထုချင်တယ် ..

ကောင်မလေး ။ ။ ထုရဲထုကြည့်ပါလား ... နင်တင်လက်ပါတာ မဟုတ်ဘူး .. ငါလည်း လက်ပါတယ် ... ဆယ်ချက်လောက် ပြန်ထုမယ် ဘာမှတ်လဲ ...

ကောင်လေး ။ ။ ကြောက်စရာကြီးပါလား ... ဒါနဲ့ နင့်ကျောမှာ ခြင်ကိုက်နေတယ် ... ငါရိုက်ပေးမယ်နော် :P

ကောင်မလေး ။ ။ ဒီအထာတွေရိုးနေပီ ... နင်တစ်ချက်ရိုက်၇င် ငါဆယ်ချက်လောက်ပြန်ရိုက်မှာ ... ဟွန်း

ကောင်လေး ။ ။ နင့်ခေါင်းကို ထုမယ်ဆိုတော့ ဆယ်ချက်ပြန်ထုမယ် ... နင့်ကိုရိုက်မယ်ဆိုတော့ ဆယ်ချက်ပြန်ရိုက်မယ် ... ဒါဆို ...

-
-
-
-
-
-
-
-
ငါ့ဘက်က နင့်ကိုချစ်တယ် ဆိုရင်ရော ?? ^_^


- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -