၁) ကောင်မလေးတစ်ယောက်ကို ချစ်နေတယ်..ဒါပေမယ့် သူသိအောင်မပြောဘူး အဲ့ဒါဘာအချစ်လဲ = အုံ့ပုန်းအချစ် ၂) သူ့ကိုချစ်တယ်လို့ ပြောလိုက်တဲ့အခါ သူ့ဘက်က ချစ်တဲ့အမူအရာပြန်မပြဘူး..အဲ့ဒါကိုဘယ်လိုခေါ်မလဲ = မတုန်တက်သေးအချစ် ၃) သူ့ကိုချစ်တယ်လို့ပြောလိုက်တဲ့အခါ..သူ့ဘက်က ချစ်တဲ့အမူအရာတွေပြန်ပြနေတယ်..အဲ့ဒါကိုဘယ်လိုခေါ်မလဲ = ရေလာမြောင်းပေး ၄) သင့်ချစ်သူမှာ သင့်အပြင် နောက်ချစ်သူတစ်ယောက် ပါရှိရင် အဲ့ဒါကိုဘယ်လိုခေါ်မလဲ = ငါးရံနှစ်ကောင်ဖမ်း( သို့)လှေနံနှစ်ဖက်နင်းတဲ့အချစ် ၅) သင်ချစ်သူ(၂)ယောက်ကြားမှာ ဗျာများနေရတယ်ဆိုရင် ဘယ်လိုခေါ်နိုင်လဲ = မြေဇာပင် ၆) သင့်ရဲ့ရီးစား(၂)ယောက်စလုံးက သင့်ကိုစွန့်ခွာသွားခဲ့ရင် အဲ့ဒါကိုဘယ်လိုခေါ်မလဲ = မျောက်သစ်ကိုင်းလွတ် ၇) သင်က ချစ်သူတစ်ယောက်ကို အသဲအသန်လိုချင်နေတယ်ဆိုရင် အဲ့ဒီအခြေအနေကိုဘယ်လိုခေါ်မလဲ = အရူးမီးဝိုင်း(သို့) သေမင်းငင် (သို့) ငမ်းငမ်းတက်တဲ့အချစ် ၈) မိန်းမ(၂)ယောက်တစ်ပြိုင်တည်း ယူထားတဲ့ယောက်ကျားကို ဘယ်လိုအမည်ပေးမလဲ = နှစ်သီးစား ၉) အိမ်ထောင်အရမ်းပြုချင်နေတဲ့ လေးဆယ်ကျော် အပျိုကြီးတစ်ယောက်ကို ဘယ်လိုအမည်ပေးမလဲ = ၀င်ဒါမီယာ (၀င်လာတာနဲ့မိရာကိုဆွဲခြင်း) ၁၀) အရမ်းချမ်းသာတဲ့သူဌေးတစ်ယောက်ကို ရအောင်ယူနိုင်တဲ့ ခပ်ရှုပ်ရှုပ်မိန်းမတစ်ယောက်ကို = ပိုင်းလုံး ၁၁) အရက်သမားတစ်ယောက်ကို ယူလိုက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘွဲ့အမည် = ယစ်မျိုးကတော် ၁၂) မိန်းမတွေကို တစ်မြို့ပြီးတစ်မြို့ယူထားတဲ့ ခပ်ပွေပွေ ယောက်ကျားတစ်ယောက်ကို ဘယ်လိုအမည်ပေးမလဲ = တစ်ရွာတစ်ကျီဆောက် ၁၃) အိမ်ထောင်ကျပြီး ငါးနှစ်ကြာထိ သားသမီးမရသော လင်မယားကိုဘယ်ပုဒ်မနဲ့တရားစွဲနိုင်သလဲ = နိုင်ငံတော်အတွက် လိုအပ်သောထုတ်ကုန်ကို သတ်မှတ်ချိန်အတွင်း မထုတ်လုပ်ပေးနိုင်မှု ၁၄) အိမ်ထောင်ပြုဖို့ ကြောက်နေသော အပျိုကြီးကိုဘယ်ပုဒ်မနှင့် တရားစွဲနိုင်ပါသလဲ = အလုပ်ချိန်အတွင်းစက်ပစ္စည်းရပ်ဆိုင်းထားမှု ၁၅) အိမ်ထောင်ရှိသူ နှင့် ချစ်ကြိုက်နေသောသူတစ်ဦးအား မည်သည့်ပုဒ်မနှင့် တရားစွဲနိုင်ပါသလဲ = တားမြစ်နယ်မြေအတွင်း အမဲလိုက်မှု Read more: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A1012386&xgs=1&xg_source=msg_share_post#ixzz1nxOmT5bk
Post a Comment