Posted by : လက်တွဲဖော် Monday, October 8, 2012

အချစ်သည်တခါတလေ
ရှေးရေစက်နှင့်ဆိုင်၏

လူတယောက်ကိုသေချာမသိသေးခင်
သင်ချစ်မိသွားနိုင်ပါ၏

လူတယောက်ကိုသေချာမမြင်ဘူးသေးခင်
လည်း
သင်ချစ်မိသွားနိုင်ပါ၏

ရှေးရေစက်ဆိုသည်
သင်နှင့်သူအရင်ဘဝကအတူပြုခဲ့ဘူးသောကောင်းမှု..ကုသိုလ်တို့၏အကျိုးဆက်များကြောင့်ပြန်လည်ဆုံတွေ့ခြင်းပင်

အရင်ဘဝကကများများအတူလုပ်ခဲ့ဘူးလေလေ သူနှင့်သင်ဒီဘဝတွင်ရေစက်ပိုပါလေလေ
လူတယောက်ကိုတသက်လုံးပေါင်းသင်းချစ်ခင်သွားနိုင်ခြင်းသည်
အရင်ဘဝက အကျိုးဆက်တခုခုကြောင့်ဖြစ်နိုင်ပါသည်

တကယ်လို့သူနှင့်သင်မပေါင်းခဲ့ရလျှင်လည်း
သင်တို့နှစ်ယောက်ရေစက်ကုန်လို့လမ်းခွဲရခြင်းပင်

ထို့ကြောင်ရေစက်ကုန်လို့လမ်းခွဲရသည်ကို
ီအချိန်အကြာကြီးဝမ်းနည်းနေလို့မရပေ
သင့်ဘဝထဲသို့တသက်လုံးနေနိုင်မည့်သူလာပါလိမ့်မည်

တခါတလေ သင်ဘယ်လောက်ဟင့်အင်း..ဟင့်အင်း ငြင်းငြင်း
တချိုကအရာများသည် လက်ခံတတ်ဖို့လိုသည်
သဘာဝတရားကြီးကပေးသော..ကံတရားကဖန်တီးပေးလာသောအရာများသည် တခါတရံငြင်းဆန်ရခက်ပါသည် ။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -