Posted by : လက်တွဲဖော် Monday, October 8, 2012

တစ်ခါတစ်လေများ
ငါ နင့်ကို ဂရုမစိုက်မိရင် စိတ်မဆိုးပါနဲ့
ငါ့ရဲ့စိတ်ထဲမှာ အချိန်တိုင်း နင် ရှိနေပါတယ်

တစ်ခါတစ်လေများ
နင်မကြိုက်တာကို ငါလုပ်မိရင် စိတ်မဆိုးပါနဲ့
ငါတို့နှစ်ယောက်အတွက် ပိုအဆင်ပြေစေမယ့်အရာမို့ပါ

တစ်ခါတစ်လေများ
ငါ ဖုန်းမချချင်သေးဘဲ ဆက်ပြောနေမိရင် စိတ်မဆိုးပါနဲ့
အိပ်လိုက်ရမှာထက် နင်နဲ့စကားပြောရချိန်ကို ငါပိုမက်မောလို့ပါ

တစ်ခါတစ်လေများ
ငါ နင့်ကို သ၀န်တိုအောင် စနောက်မိရင် စိတ်မဆိုးပါနဲ့
ငါ့ကိုဘယ်လောက်ချစ်ကြောင်း ပြောလာမယ့် နင့်အသံကို ကြားချင်လို့ပါ

တစ်ခါတစ်လေများ
ငါ နင့်အနား ရှိမနေနိုင်ရင် စိတ်မဆိုးပါနဲ့
ငါတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် ငါကြိုးစားနေရလို့ပါ

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -